Sales Hotline : 09448001653       Download App



မြန်မာနိုင်ငံ အင်္ဂလိပ်စာ ကျွမ်းကျင်မှု အဆင့် ၉၃ နေရာတွင်ရှိ

မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးဆိုင်ရာ အင်္ဂလိပ်စာ ကျွမ်းကျင်တတ်မြောက်မှုအညွန်းကိန်းအရ အာရှနိုင်ငံ ၂၄ နိုင်ငံထဲမှာ အဆင့် ၂၂ နေရာမှာ ရှိတယ်လို့ နိုင်ငံတကာ ပညာရေး သုတေသနအဖွဲ့တဖွဲ့ Education First (EF)  အဖွဲ့က 2020 English Proficiency Index အညွှန်းကိန်းမှာ ဖော်ပြထားတာပါ။ 

 မြန်မာနိုင်ငံဟာ 
- ၂၀၁၈ ခုနှစ် နိုင်ငံပေါင်း ၈၈ နိုင်ငံထဲမှာ အဆင့် ၈၂
- ၂၀၁၉ ခုနှစ် နိုင်ငံပေါင်း ၁၀၀ ထဲမှာ အဆင့်  ၈၆
- ၂၀၂၀ ခုနှစ် နိုင်ငံပေါင်း ၁၀၀ ထဲမှာ အဆင့် ၉၃  နေရာမှာ ရှိနေပါတယ်။

No description available.

2020 English Proficiency Index အညွှန်းကိန်းမှာ အင်္ဂလိပ်စာ ကျွမ်းကျင်မှုအဆင့်ကို အလွန်မြင့်၊ မြင့်၊ ပျမ်းမျှ၊ နိမ့်၊ အလွန်နိမ့်ဟူ၍ အုပ်စု ၅ စုခွဲပြီး ရမှတ်ညွှန်းကိန်းတွေအလိုက် ဖော်ပြထားပါတယ်။

No description available.

စစ်တမ်းအရ 2020 English Proficiency Index တွင် မြန်မာနိုင်ငံသည် ကျောင်းနေအရွယ် ပျမ်းမျှသက်တမ်း  ၅ နှစ်နဲ့ လူဦးရေ ၅၆ ဒသမ ၅၉ သန်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

By Myanmar Education Guide -EDGE

Ref: EF English Proficiency Index

Latest Post News Read 735 times