Sales Hotline : 09448001653       Download App



အီဂျစ် ပညာရေး အွန်လိုင်းဆောင်ရွက်မှုများ

 

အီဂျစ်နိုင်ငံ၏ ပညာရေးနှင့် နည်းပညာဆိုင်ရာ ပညာရေးး ဝန်ကြီး Tarek Shawky မှ နိုင်ငံတွင်းရှိ ကျောင်းများမှ ကျောင်းသားများအတွက် သင်ရိုးညွှန်းတမ်းများ နှင့် သင်ခန်းစာများကို ရုပ်မြင်သံကြား အစီအစဉ်များနှင့် အွန်လိုင်းများမှ တဆင့် ရှင်းလင်း သင်ကြားပြသသွားမည် ဟု ဆိုထားသည်။

ပြီးခဲ့သည့် စနေနေ့ တွင် ရုပ်မြင်သံကြား အင်တာဗျူး တစ်ခုတွင် ကျောင်းများအနေဖြင့် အတန်းတိုင်းမပါဝင်သည့် အပိုသင်တန်းများဖြစ်သည့် ကျောင်းသို့လာရန်မလိုသည့် လှုပ်ရှားမှု သင်ခန်းစာများနှင့် ဘာသာရပ်များကိုသာ သင်ကြားပေးသွားမည်ဟု ပြောကြားခဲ့ပါသည်။

ဝန်ကြီးသည် ယခုလို ပြောင်းလဲလိုက်သည့် အစီအစဉ် အသစ်သည် မူလတန်း မှ အလယ်တန်းကျောင်း၏တတိယနှစ်မှကျောင်းသားများ အထိ သက်ဆိုင်လိမ့်မည်ဟု မှတ်ချက် ပြုခဲ့သည်။

စာသင်နှစ် အသစ်တွင် ကျောင်းသားများကို စာမေးပွဲများ ဖြေဆိုခြင်း နှင့် သုတေသနစာတမ်းများကိုရေးသားစေခြင်းဖြင့် အကဲဖြတ်မည်ဟု ဝန်ကြီး Shawky မှ ဆိုထားပါသည်။

ဆက်လက်၍ ၎င်းမှ အလယ်တန်းကျောင်းများအတွက် သင်ရိုးညွှန်းတမ်းများကို ကျောင်းများ မစတင်မီ တစ်ပတ်အလိုတွင် အွန်လိုင်း ပလက်ဖောင်းသို့ ပြောင်းလဲသွားမည်ဟု ပြောကြားထားသည်။

ယခုလို ပြောင်းလဲဆောင်ရွက်လိုက်ခြင်းသည် ကျောင်းသားများအတွက် အိမ်တွင်ပိုမိုလွယ်ကူစွာ သင်ကြားနိုင်ရန်ကို တိကျ သေချာအောင် ဆောင်ရွက်ခြင်းသည် အစိုးရမှချမှတ်ထားသည့် (COVID-19) ၏ပြန့်ပွားမှုကိုတားဆီးရန် ကြိုတင်ကာကွယ်မှုများလုပ်ဆောင်ခြင်း၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ဝန်ကြီး Shawky သည် အစိုးရကျောင်း မှ ကျောင်းသားများအတွက် ကျောင်းစရိတ်ပေးချေရာတွင် နှစ်ခါပေးနိုင်ပြီး စာသင်နှစ် တစ်ဖြတ်အတွက် တစ်ခါပေးနိုင်သည်ဟု ဆိုထားသည်။

အထက်တန်းမှ ထွက်ခွာရန်ဖြေဆိုရသည့် သနာဝေးရ အမ်မာ (Thanaweyya Amma) ဟုခေါ်သည့် စာမေးပွဲများကို ဒစ်ဂျစ်တယ်နည်းသို့ ပြောင်းလဲမည်ဖြစ်ရာ ကျောင်းသားများသည် အီလက်ထရောနည်း ဖြင့်ဖြေဆိုနိုင်မည် ဖြစ်သည်။

ထိုနည်းလမ်းသည် ဝန်ကြီးဌာနမှ အချက်အလက်များပေါက်ကြားမှုနှင့် လိမ်လည်မှုမျာကို ကာကွယ်နိုင်ပြီး ကျောင်းသားများဖက်မှလည်း ထိုမတရားမှုများနှင့် ပတ်သက်၍ မကျေနပ်မှုများ လျော့နည်းလာမည် ဖြစ်သည်။

ထို့အပြင် ပညာရေး ဝန်ကြီးဌာန မှလည်း ကျောင်းသားများ အဆင့်ပိုမို တိုးတက်လာစေရန် အထက်ပါစာမေးပွဲ၏ အီလက်ထရောနစ် ဗားရှင်းတွင် အက်ဆးမေးခွန်းများကို ဖျက်သိမ်းခဲ့သည်။

ပညာရေးဝန်ကြီး ဌာနသည် ခြောက်နှစ် အတွင်း ပညာရေး ကဏ္ဍ တိုးမြှင့်ရန် အပြင် ရုပ်မြင်သံကြားပညာရေးလိုင်းများဖွံ့ဖြိုးတိုးတက်ရန်နှင့်အွန်လိုင်းပလက်ဖောင်းအသစ်များတည်ထောင်ရန်အတွက် EGP 500 ဘီလီယံ ခန့်ကို သုံးစွဲခဲ့သည်။

ဝန်ကြီး Shawky သည် ယခု တိုင်းပြည်၏ရုပ်မြင်သံကြားအခြေပြုပညာရေးလိုင်းများနှင့်အွန်လိုင်းပလက်ဖောင်းများကိုနိုင်ငံခြားကျောင်းသားများအတွက်လက်လှမ်းမီကြောင်းပြောကြားခဲ့သည်။

ထိုပြည်ပများ ကျောင်သားများသည် Thanaweyya Amma စာမေးပွဲကို တက်ဘလက်များဖြင့် ဖြေဆိုနိုင်ပြီး ထိုတက်ဘလက်များကို စောင့်ကြည့်လေ့လာရေး ကော်မတီက ထိန်းချုပ်ထားမည်ဖြစ်ကြောင်း သိရပါသည်။

By Myanmar Education Guide - EDGE

Ref: Daily News Egypt

Latest Post News Read 511 times