THE MYANMAR EDUCATION GUIDE

HOME >> >> News
News

ကျောင်းပြင်ပ ပညာရေးကို ရန်ကုန်တိုင်းရှိလိုအပ်သည့် မြို့နယ်များတွင် လာမည့်ပညာသင်နှစ်ဆက်လက်တိုးချဲ့

ကျောင်းပြင်ပ ပညာရေးကို ရန်ကုန်တိုင်းရှိလိုအပ်သည့် မြို့နယ်များတွင် လာမည့်ပညာသင်နှစ်ဆက်လက်တိုးချဲ့

လာမည့်ပညာသင်နှစ်တွင် ကျောင်းပြင်ပမူလတန်းပညာရေးကို ရန်ကုန်တိုင်းဒေသရှိလိုအပ်သည့် မြို့နယ်တို့တွင် ဆက်လက်တိုးချဲ့မည် မြန်မာနိုင်ငံတွင် ကျောင်းပြင်ပမူလတန်းပညာရေးကို ကျောင်းပြင်ပတစ်သက်တာ ပညာရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ လာမည့်ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ လိုအပ်သည့်မြို့နယ်တို့တွင် ဆက်လက်တိုးချဲ့သင်ကြားပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာန စီမံချက်မန်နေဂျာ ဦးထွန်းကြည်၏ ပြောကြားချက်အရသိရပါသည်။

 

ရန်ကုန်တိုင်းဒေသကြီးထဲမှာရှိတဲ့ မြို့နယ် (၁၄) မြို့နယ်မှာ ကျောင်းပြင်ပမူလတန်းပညာရေး ဆောင်ရွက်ပေးနေပါတယ်။

 

Computers & Accessories (402) ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများနှင့် ပတ်သက်ပြီး (402) ခုရှာရန်နှိပ်ပါ။

 

လာမယ့်နှစ်မှာ ဆက်လက်တိုးချဲ့မယ့် မြို့နယ်တွေကို စည်းရုံးပြီး လိုအပ်တဲ့မြို့နယ်တွေမှာ တိုးချဲ့မှာပါ။ ကျောင်းပြင်ပတစ်သက်တာပညာရေးဦးစီးဌာနက အမြဲတိုးချဲ့ပြီး ဆောင်ရွက်ပေးနေပါတယ်။

 

ကျောင်းပြင်ပမူလတန်းပညာရေးကနေ တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့ ကလေးတွေလည်းရှိပါတယ်။” ဟု ဦးထွန်းကြည်ကပြောသည်။

 

Computers & Accessories (402) ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများနှင့် ပတ်သက်ပြီး (402) ခုရှာရန်နှိပ်ပါ။

 

ကျောင်းပြင်ပမူလတန်းပညာရေးကို ယခုနှစ်တွင် (၈၉) မြို့နယ်တွင် ဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူပေါင်း (၇၃၀၀) ကျော်ရှိကာ အခြေစိုက်စခန်း (၄၁၄) ခုခန့်ရှိပါသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် သာကေတ၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ လှည်းကူး၊ ကြည့်မြင်တိုင်၊ တိုက်ကြီး၊ ဒဂုံ (တောင်ပိုင်း)၊ ဒလ၊ ကွမ်းခြံကုန်း၊ သန်လျင်၊ ကျောက်တန်း၊ ဒဂုံ (ဆိပ်ကမ်း) နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိသည်။

 

ကျောင်းပြင်ပမူလတန်းပညာရေးကို ၂၀၀၈-၂၀၀၉ ပညာသင်နှစ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အထိ ကလေးပေါင်း (၈၄၃၈၇) ဦး သင်ယူပြီး (၂၆၅၂၆) ဦး ပြီးမြောက်ခဲ့ကြောင်းသိရသည်။

 

Read More:>>> ဆယ်တန်းအောင်မြင်ပြီးသူများ လေယာဉ်မောင်/မယ် သင်တန်းလျှောက်ထားနိုင်ပြီ

 

ထို့ပြင်ကျောင်းပြင်ပအလယ်တန်းပညာရေးကို (၂၀၁၆) ခုနှစ်မှ (၂၀၁၉) ခုနှစ်အထိ ပညာသင်နှစ် () နှစ်စမ်းသပ်ဆောင်ရွက်မှုအစီအစဉ်တွင် ကလေး (၂၀၀) ကျော် စတင်သင်ယူခွင့်ရပြီး ၄င်းတို့အနက် (၁၇၆) ဦးအခြေခံအလယ်တန်းပညာရေး ပြီးမြောက်ခဲ့ကာ ၄င်းတို့အနက်မှ (၁၁၃) ဦးသည် အခြေခံပညာအထက်တန်းကျောင်းများနှင့် သက်မွေးပညာသင်ကျောင်းများသို့ တက်ရောက်ခွင့်ရရှိကြောင်းသိရပါသည်။

 

Source: မြ၀တီ

 

News Read 1073 times