Sales Hotline : 09448001653       Download App



အရေးပေါ်အာဏာ သုံးစွဲမှုအပေါ် ပညာရေးဝန်ထမ်းများ အငြင်းပွား

ဗြိတိန်နိုင်ငံတွင် ဝန်ကြီးများသည် Coronavirus အက်ဥပဒေအရ ကျောင်းသို့ ပြန်မတက်နိုင်သော ကျောင်းသားများ လက်ရှိသင်ကြားနေသော သင်ခန်းစာများနှင့် တူညီသော သင်ခန်းစာများ ပြန်ပေးနိုင်ရန် ကျောင်းများကို တောင်းဆိုရာတွင် ၎င်းတို့၏ အာဏာကို အသုံးပြုနေကြသည်။

ဆရာများသမဂ္ဂ မှ ထိုသို့ဆောင်ရွက်ခြင်းသည် သမဂ္ဂနှင့် အစိုးရကြား ဆက်ဆံရေး ပြတ်တောက်သွားနိုင်သည်ဟု ဒေါသတကြီးတုံ့ပြန်ခဲ့သည်။

ထိုသို့ အငြင်းပွားမှုအပြီးနောက်တွင် အင်္ဂလန် နိုင်ငံရှိ မူလတန်ကျောင်း ခြောက်ကျောင်းတွင် တစ်ကျောင်းသည် ကျောင်းကို ပိတ်ထားခဲ့သည်ဟု ဖော်ပြထားသည်။

အစိုးရအနေဖြင့်လည်း ကျောင်းသားများ အဝေးမှ သင်ကြားခြင်းသည် ကျောင်းသားများ၏ တရားဝင် အခွင့်အရေး ဖြစ်သည်ဟု ဆိုထားသည်။ ထိုသို့ အငြင်းပွားမှုများ ဖြစ်ရခြင်း မှာ အင်္ဂလန်နိုင်ငံ၏အရှေ့မြောက်နှင့်အနောက်မြောက်ဒေသများ၌ပိတ်ဆို့မှုများမှာ ပိုမိုတင်းကျပ်သောကြောင့်ဖြစ်သည်။

၀န်ကြီးဌာနများက ကျောင်းများကို နောက်ဆုံးအနေဖြင့် ဗိုင်းရပ်စ်ပျံ့နှံ့သည့်အခါ မှသာလျှင် ပိတ်ရလိမ့်မည်ဟု ပြောကြားခဲ့သည်။

ထိုအစား အချို့ အဖြစ်များသော နေရာများတွင် ကျောင်းများသည် နှစ်ပတ်ဖွင့် နှစ်ပတ်ပိတ် စနစ်ဖြင့် ရှေ့ဆက်လျက်ရှိသည်။

ပညာရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော လမ်းညွှန်ချက်များတွင် " ညွှန်ကြားချက်တွင် ဆိုလိုသည်မှာ ကျောင်းများသည် ကလေးများအား စာသင်ခန်းထဲ၌ ရှိစဉ်ကကဲ့သို့ပင် အိမ်၌ရှိသော ကလေးများကို ပညာရေး ပေအပ်းရန်တာဝန်ရှိသည်" ဟု ဖော်ပြထားပါသည်။

မပြတ်တောက်စေရ'

ထပ်မံ၍ ဖြည့်စွက်ပြောကြားသည်မှာ -“ လမ်းညွှန်ချက်သည် အကယ်၍ ကျောင်းသားများသည် အိမ်တွင် သီးခြားနေထိုင်ရန် လိုအပ်ပါက ၎င်းတို့၏ပညာရေး မပြတ်တောက်သည်မှာ ကျောင်းသားများနှင့်မိဘများအဖို့ စိတ်ချစေရမည်” ဟု ဖော်ပြထားပါသည်။

အချို့ အတည်ပြုထားပြီးသော ကိစ္စများတွင် ကျောင်းများသည် ကလေးငယ်အုပ်စုများကိုသီးခြားခွဲထားရန်လိုအပ်ပါက ခွဲထားရန် စသော လိုအပ်သည့် လမ်းညွှန်ချက်များကိုလိုက်နာကြသည်။

ယခုလို ပညာရေး အကျပ်အတည်း ဖြစ်နေသည့် အခြေအနေတွေမှာ ပညာရေးဆက်လက်ထောက်ပံ့ဖို့ဆိုတာလုံးဝမရှိမဖြစ်လိုအပ်ချက်တစ်ခု ဖြစ်နေပါသည်။

ထိုညွှန်ကြားချက်သည် အထက်ပါ လိုအပ်ချက်ကို ဖြည့်ဆည်းရန် ပိုသေချာစေပြီး ကလေးငယ်များ ရသင့်သည့် အရည်အသွေးမြင့် ပညာရေးကို ရရန် ပြတ်ပြတ်သားသား မျှော်လင့်ရပါသည်။

သို့သော် NAHT ကျောင်းအုပ်ဆရာများသမဂ္ဂအထွေထွေအတွင်းရေးမှူး Paul Whiteman ကမူ ဥပဒေအရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာများကို သုံးဖို့ မလိုအပ်ကြောင်းပြောကြားခဲ့သည်။

အကြီးအကဲများအနေဖြင့်အခြေအနေများလိုအပ်ပါက အစိုးရနှင့် အဝေးမှ သင်ကြားသော ပညာရေးအတွက်မိဘ၏မျှော်လင့်ချက်များနှင့်ကိုက်ညီစေရန်နှင့်မိဘများမျှော်လင့်ထားသည့်အတိုင်းပြည့်မီစေရန်အတွက်လုပ်ဆောင်မှုများပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

'အရေးပေါ်အင်အား

Paul Whiteman မှ ဆက်ပြောသည်မှာ ယခုအချိန်တွင် အစိုးရရဲ့အရေးယူဆောင်ရွက်မှုကိုထောက်ခံမှုအပေါ်လုံးလုံးအာရုံစိုက်သင့်သည် ဟု ပြောထားသည်။

စနစ်တစ်ခုတွင် ခါးသီးသော အတွေ့အကြုံများသည် အနိမ့်ဆုံးစံနှုန်း များကို လိုက်နာရန် အတွက် အားနည်းလှသော နည်းလမ်း တစ်ခု ဖြစ်သည်ဟု လည်း ဆိုထားသည်။

ကျောင်းများအားအရေးယူရန်အတင်းအကျပ်ခိုင်းစေရန်အရေးပေါ်အာဏာလိုအပ်သည်ဟုယုံကြည်ရန်အကြောင်းပြချက်လုံးဝမရှိ‌ပေ။

အစိုးရအနေဖြင့် တရား၀င်လုပ်ပိုင်ခွင့်များကိုရယူခြင်းသည် ကျောင်းမှခေါင်းဆောင်များ ကို တိုင်းပြည်ရှိလူငယ်များ၏အကျိုးစီးပွားကိုဆောင်ရွက်ရန် အတွက် မယုံကြည်ကြောင်း မိဘများအားရှင်းလင်းပြတ်သားစွာ သတင်းပေးပို့လိုက်ခြင်း ဖြစ်သည်။

ကလေးများပညာရေးအတွက်လပေါင်းများစွာအလုပ်များနေခဲ့ရခြင်း ဖြစ်ပြီး ကျောင်းဆရာဆရာမများသမဂ္ဂမှ DfEအရာရှိများကို ထိုကဲ့သို့သောအရေးပေါ်အခွင့်အာဏာများကိုအသုံးမပြုရန်ပြင်းပြင်းထန်ထန်အကြံပေးခဲ့သည်။

အမျိုးသားပညာရေးသမဂ္ဂ၏အထွေထွေအတွင်းရေးမှူး Mary Bousted က“ ကျောင်းများရှိဝန်ထမ်းများသည်ကျောင်းသားများအတွက်အတတ်နိုင်ဆုံးကြိုးစားကြပြီးရောဂါကူးစက်မှုသည်သူတို့၏အခန်းကဏ္ဍကို ပို၍ အရေးကြီးစေသည်။” ဟု ဆိုထားသည်။

ဥပဒေအရလိုအပ်ချက်သည် အဝေးမှ သင်ကြားရသော ပညာရေးကို စီးပွားရေးအတွက် မဟုတ်ဘဲ အဝေးမှနေ၍ အစိုးရ၏ပံ့ပိုးမှုဖြင့် ကျောထောက်နောက်ခံပြုပေးရမည်ဖြစ်သည်။

လမ်းညွှန်နှင့်အတူကြေငြာခဲ့သည့် ထောက်ပံ့ရေး ပတ်ကေ့တွင် လက်တော့ပ် အလုံး တစ်သိန်း ပါရှိသည်ဟု Mary Bousted က အတည်ပြုထားသည်။

ကျောင်းများသည်ပိတ်ထားချိန်တစ်လျှောက်လုံးအွန်လိုင်းသင်ယူမှုအတွက်မှန်ကန်သောပံ့ပိုးမှုရရှိရန်အော်ဟစ်တောင်းဆိုနေကြသည်။

အထူးသဖြင့်အိမ်တွင်မှန်ကန်သောအိုင်တီသို့မဟုတ်ဝိုင်ဖိုင်ကိရိယာများမရှိသောလူငယ်များအတွက်သင်ယူခြင်း၏ဆက်လက်ဖြစ်ပွားမှုနှင့်ညီမျှမှုကိုသေချာစေရန်ဖြစ်သည်။

ဒါကို အစိုးရမှလည်း ကူညီ နိုင်ရန်ကြိုးစားနေသည်။ GCSEs နှင့် A-level များသည်ရှေ့ဆက်မသွားနိုင်ပါကအစိုးရအနေဖြင့် back-up အစီအစဉ်တစ်ခုပြုလုပ်ရန်ဖိအားပေးမှုများလည်း ရှိနေပြန်သေးသည်။

By Myanmar Education Guide - EDGE

BBC News

Latest Post News Read 948 times