Sales Hotline : 09448001653       Download App



ကိုရိုနာဗိုင်းရပ်ရောဂါ ဖြစ်နေချိန်အတွင်း မြန်မာနိုင်ငံမှ ပညာရေး အခြေအနေ

ကိုရိုနာဗိုင်းရပ်အား မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့သည်မှာ ယခုအချိန်တွင် ခြောက်လခန့်ကြာမြင့်ခဲ့ပြီရှိရာ ပြည်သူပြည်သားများ၏ ပညာရေး၊ စီးပွါးရေး၊ ကျန်းမာရေးများကို ရှုထောင့် မျိူးစုံမှ သက်ရောက်လျက်ရှိပါသည်။ ပညာရေး အနေဖြင့် ကျောင်းသားများသာ မက ဆရာ/ဆရာမများနှင့် မိဘများကိုပါ ပြောင်းလဲမှုကြီးမားစေပါသည်။ မြန်မာနိုင်ငံ၏ ပုံမှန်ကျောင်းဖွင့်သည့်  ရက်သတ္တပတ်မှာ မေလတွင် ဖြစ်သော်လည်း ယခုတိုင် ကျောင်းအချို့ကို ပြန်လည်ဖွင့်နိုင်ခြင်း မရှိသေးပါ။


ပညာရေးဝန်ကြီးဌာနမှလည်း ကျောင်းသားများ ပညာရေးနှောင့်နှေးမှုမရှိစေရန် အကောင်းဆုံးနည်းလမ်းများဖြင့် ဖြေရှင်းလျက်ရှိရာ ယခုအချိန်တွင် မြန်မာ့ပညာရေးရုပ်သံလိုင်း Education Channel ကိုလည်း ထုတ်လွှင့်နေပြီ ဖြစ်ပါသည်။ ထို့အပြင် မြဝတီအသံလွှင့်ဌာနမှလည်း MWD Education Channelတွင်လည်း ဘာသာရပ်ဆိုင်ရာ အလိုက်ကျောင်းသင်ခန်းစာများကို ရိုက်ကူးတင်ဆက်နေပြီဖြစ်ပါသည်။ 


အစိုးရမဟုတ်သော ပြင်ပကျောင်းများတွင်လည်း ဗီဒီယိုရုပ်သံကို အသုံးပြုသော သင်ကြားရေး အထောက်အကူပြု နည်းပညာကိုအသုံးပြု သင်ကြားလျက်ရှိပါသည်။ Zoom/ Google Classroom အစရှိသော ဆော့ဖ်ဝဲများ အသုံးပြုလျက် ကလေးများ၏ ပညာရေးကို ရှေ့ဆက်လျက် ရှိပါသည်။


ထိုသို့သင်ကြားကြရာတွင် ဘာသာစကားအခက်အခဲ၊ နည်းပညာဆိုင်ရာ အခက်အခဲ၊ စက်ကိရိယာ မလုံလောက်မှုစသည့် အခက်အခဲများကိုလည်း ကြုံတွေ့နေရပါသည်။ အချို့သော မြို့ပေါ်နေ ကလေးများအတွက် စိုးရိမ်စရာအကြောင်းမရှိသော်လည်း အလှမ်းဝေးသော နယ်ခံကလေးများအတွက် လျှပ်စစ်မီးအလုံအလောက်မရရှိခြင်း၊ အင်တာနက်အလွယ်တကူမချိတ်ဆက်နိုင်ခြင်း အစရှိသည့် မှက်ချက်ပြုစရာများ ရှိလို့နေပါသည်။


မိဘများအနေဖြင့်လည်း ထိုသို့ သင်ကြားရာတွင် မိမိတို့၏ ကလေးများနှင့်အတူ နည်းပညာအသစ်များကို ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်လိုက်လံသင်ယူသင့်သည်ဟုလည်းထင်မြင်မိပါသည်။ သို့မှသာ နည်းပညာကွာဟချက်များ မရှိနိုင်ဘဲ မိမိကလေးနှင့် မိမိကြား ရင်းနှီးမှူကို ပိုမိုတည်ဆောက်နိုင်မည် ဖြစ်ပါသည်။ ရူပ်သံလိုင်းများ၊ သတင်းစာများ၊ ရေဒီယို လိုင်းများတွင် အထက်ပါ ဆော့ဖ်ဝဲများ အသုံးပြုပုံ၊ ပြုနည်းများကို အလျင်းသင့်သလို မကြာခဏ ထုတ်လွှင့်ပေးမည်ဆိုပါက ပိုမိုကောင်းမွန်သောနည်းလမ်း တစ်ခုဟု ယူဆရပါသည်။ ဆရာ/ဆရာမများအားလည်း ရက်တိုသင်တန်းများအဖြစ် ဖွင့်လှစ်သင်ကြားပေးမည် ဆိုလျှင် တစ်ဖက်ဖက်မှ လက်ရှိပညာရေး အခြေအနေကို အထောက်အကူ ပြုစေလာမည်ဟု ယုံကြည်မိပါသည်။ 

By Myanmar Education Guide - EDGE
 

Latest Post News Read 2150 times