Sales Hotline : 09448001653       Download App



မင်းတပ်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (၂၅) ကျောင်းအနက် တစ်ကျောင်းသာ ဖွင့်လှစ်နိုင်

မင်းတပ်မြို့ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း စတင်ဖွင့်လှစ်ခြင်းကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားခြင်း ရှိ/မရှိ ခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးနှင့်အဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျောင်းစစ်ဆေးချက် (၈၈) ချက်နှင့်အညီ အ.ထ.က ကျောင်းများသို့ ကွင်းဆင်းစစ်ဆေးမှုအခြေအနေကို ခရိုင်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းနိုင် က " အထက်တန်းကျောင်းတွေ အနေနဲ့တော့ ပြင်ဆင်ထားမှုတွေရှိပါတယ်၊ ကျွန်တော်တို့ ကွင်းဆင်း စစ်ဆေးပြီး အဆင့် (A)၊ (B)၊ (C) ဆိုပြီး သတ်မှတ်တယ်၊ (A) အဆင့်မရသေးတဲ့ ကျောင်းတွေကို ထပ်ပြီးပြင်ဆင်ထားဖို့ မှာထားတယ်၊ တစ်ပတ်တစ်ခါ ကွင်းဆင်းစစ်ဆေးပေးမှာ ဖြစ်ပါတယ်၊ ကိုယ်ပိုင်အထက်တန်းကျောင်းတွေ အနေနဲ့တော့ (A) အဆင့်နဲ့ ဖွင့်လှစ်ခွင့်ရတာ Grace ကိုယ်ပိုင် အထက်တန်းကျောင်း တစ်ကျောင်းပဲရှိပါသေးတယ်" ဟုပြောကြားသည်။

မင်းတပ်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၁၄) ကျောင်းနှင့် အထက်တန်း ကျောင်းခွဲ (၁၁) ကျောင်းရှိသည့်အနက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်း သာ (A) အဆင့် သတ်မှတ်ချက်ပြည့်မီ၍ ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ စာသင်ခန်းပေါင်း (၂၀) တွင် ကျောင်းသား၊ ကျောင်းသူ (၃၆၇) ဦး တက်ရောက် သင်ကြားလျက် ရှိကြောင်း သိရသည်။
 

MOI Webportal Myanmar

Latest Post News Read 3961 times