Sales Hotline : 09448001653       Download App



လုပ်ငန်းခွင်ကြို ဆရာအတတ်ပညာဒီပလိုမာသင်တန်း (DTEd) သင်ရိုးမာတိကာများတည်းဖြတ်ရန် 

လုပ်ငန်းခွင်ကြို ဆရာအတတ်ပညာဒီပလိုမာသင်တန်း (DTEd) (၂၃/၁၈) ဒုတိယနှစ်၊ ဒုတိယနှစ်ဝက် သင်ရိုးနှင့် (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ် ပထမနှစ်(ဒုတိယနှစ်ဝက်) သင်ရိုးတို့ကို online အသုံးပြု၍ သင်ကြားပို့ချနိုင်ရေးအတွက် သင်ရိုးမာတိကာ (Syllabus) များအား တည်းဖြတ်ရန်ကိစ္စနှင့် ပတ်သက်၍ ပညာ‌ရေး ဝန်ကြီးဌာနမှ ညွှန်ကြားချက် တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။

အထက်အကြောင်းအရာပါ ကိစ္စနှင့်စပ်လျဉ်း၍ အဆင့်မြင့်ပညာဦးစီးဌာန (ဆရာအတတ်) အနေဖြင့် Covid-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ် နေစဉ်ကာလအတွင်း လုပ်ငန်းခွင်ကြို ဆရာ အတတ်ပညာဒီပလိုမာသင်တန်း (DTEd) (၂၃/၁၈) ဒုတိယနှစ် (ဒုတိယနှစ်ဝက်) သင်ရိုးနှင့် (၄) နှစ်သင် ပညာရေးဒီဂရီကောလိပ် ပထမနှစ် (ဒုတိယနှစ်ဝက်) သင်ရိုးတို့ကို Online အသုံးပြု၍ Learning Management System ဖြင့် ပို့ချသင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

အထက်ရည်ညွှန်းပါစာအရ ဘာသာရပ်အလိုက် သင်ရိုးမာတိကာများကို ဘာသာရပ်ဆိုင်ရာ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိကများက ဦးဆောင်၍ သင်ရိုးတည်းဖြတ်ခြင်း၊ သင်ခန်းစာ ချုံ့ခြင်း တို့ကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြပါရန်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ် ဘာသာရပ်အဖွဲ့ (Board of study- Bos) သို့ တင်ပြအတည်ပြုချက်ရယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရန် အကြောင်းကြားခဲ့ပြီး ဖြစ်ပါသည်။ )

သို့ဖြစ်ပါ၍ Learning Management System ဖြင့် သင်ကြားပို့ချနိုင်ရန် ပညာရေးဒီဂရီကောလိပ်များမှ ဤဦးစီးဌာနသို့ ပေးပို့လာသည့် ဒုတိယနှစ်ဝက် (၄)လစာ သင်ခန်းစာများကို (၂)လစာအဖြစ် ချုံ့ပြီးသော သင်ရိုးမာတိကာ (Syllabl) များအား ပူးတွဲပါ ကျောင်းအလိုက် Focal Person များက ဦးဆောင်၍ တည်းဖြတ်နိုင်ရန်နှင့် အဆိုပါ တည်းဖြတ်ပြီးစီးသည့် သင်ခန်းစာများကို ရန်ကုန်ပညာရေးတက္ကသိုလ် ဘာသာရပ်အဖွဲ့ (Board of Study- BoS) သို့ တင်ပြအတည်ပြုချက် ရယူနိုင်ရေးအတွက် ရန်ကင်းပညာရေးဒီဂရီကောလိပ်၊ ကျောင်းအုပ်ကြီး၊ ဦးအောင်မြတ်စိုး (yankinedc pedu.mm, [email protected]) သို့ (၁၂-၁-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်း အရောက်ပေးပို့ကြရန် အကြောင်းကြားပါသည်။ 


By Myanmar Education Guide (EDGE) 

 

Latest Post News Government School Read 903 times