Sales Hotline : 09448001653       Download App



ပညာရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ်ဆင်း ဆရာ/ဆရာမများကို ကျောင်းဖွင့်ချိန်မတိုင်မှီခန့်အပ်မည်

** Unicode **

၂၀၁၉ ခုနှစ်တွင် ကျောင်းပြီးထားသော ပညာရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်များမှ ဆရာ/ဆရာမများကို အခြေခံပညာကျောင်းများဖွင့်ချိန်မတိုင်မှီခန့်အပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။

အလားတူပညာရေးကောလိပ်မှ ဆရာ/ဆရာမများကိုလည်း မူလတန်းများမဖွင့်မီခန့်အပ်နိုင်ရန်စီစဉ်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အထက်တန်းပြပြောင်းရွှေ့ခြင်း၊ ရာထူးတိုးခြင်း၊ အလယ်တန်းပြပြောင်းရွှေ့ခြင်း၊ ရာထူးတိုးခြင်းများ ဆောင်ရွက်နေကြောင်း အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။

လိုအပ်ချက်ရှိနေသည့် နေရာများတွင် ဆရာ/ဆရာမများကို ခန့်အပ်ရန်အတွက် ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်ဆင်း များကို ဦးစားပေးခန့်ထားပြီး သာမန်အားဖြင့် ကျောင်းမဖွင့်ခင်မှာ ခန့်အပ်မှာ ဖြစ်ပါတယ်။

ဆရာ/ဆရာမများကို ခန့်ထားနိုင်ရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် နေရာနှင့် ဘတ်ဂျက်ရှိရမည်ဖြစ်ပြီး အမြန်ဆုံးခန့်အပ်နိုင်ပါက တစ်ဦးတစ်ယောက်အတွက်သာမက တိုင်းပြည်အတွက်ပါ အကျိုးရှိနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

High School အထက်တန်းကျောင်းများ (251) High School နှင့်ပတ်သက်ပြီး သင်တန်း (၂၅၁)ခု ရှာရန်နှိပ်ပါ။

၂၀၁၉ ခုနှစ်တွင် ကျောင်းပြီးထားသော ပညာရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်များမှ ဆရာ/ဆရာမ တစ်သောင်းကျော်ရှိကြောင်း ပညာရေးကောလိပ်ကျောင်းသား သမဂ္ဂများကိုယ်စားပြုကော်မတီထံမှသိရပါတယ်။

Credit: The Voice
 

** Zawgyi **







Credit: The Voice
 

News Tips Latest Post Read 10157 times