Sales Hotline : 09448001653   Find A Tutor     Download App



အိမ်မက် မက်ဖို့ကို မကြောက်ပါနဲ့

အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့ရှိ Chan ပြည်သူ့ကျန်းမာရေးကျောင်း၏ Harvard T.H ၏ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် အင်ဒိုးနီးရှားနိုင်ငံမှ ကျောင်းသူ တစ်ဦးဖြစ်သည့် Nadhira Nuraini Afifah သည် အဖွင့်မိန့်ခွန်းကို ပြောကြားခဲ့ပါသည်။

ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး နှင့် လူဦးရေ ဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် မဟာဘွဲ့ ရရှိခဲ့သည် အသက် ၂၅ အရွယ်ရှိ သူမသည် မေလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သည့် အွန်လိုင်း ဘွဲ့နှင်းသဘင်အခမ်းအနားတွင် သူမတင်ပြခဲ့သည့် မိန့်ခွန်းကို ဖတ်ပြရန် ရွေးချယ်ခြင်းခံခဲ့ရပါသည်။

မိန့်ခွန်းအတွက် ကျောင်းမှ မည်သည့် ခေါင်းစဉ်ကိုမှ တိတိကျကျ ဖော်မပြထားသောကြောင့် သူမ အနေဖြင့် သူမ၏ လူမျိုးခြား ကျောင်းသားသဘာဝ အတွေ့အကြုံကို ပြောရန် ဆုံးဖြတ်ခဲ့သည်။

Harvard မှ ထောက်ပံ့ထားသည့် ကျောင်းဝင်းအတွင်းရှိ musholla ဟုခေါ်သည့် ဆုတောင်းသည့် အခန်းငယ်နှင့် ဘာသာရပ်ပေါင်းစုံ ဆုတောင်း နိုင်သည့် နေရာကို မတွေ့မချင်း သူမအနေဖြင့် မည်သို့ ရုန်းကန်ခဲ့ရသည် ဆိုသည့် အကြောင်းကို Nadhira မှ The Jakarta Post ကို ပြောထားပါသည်။

သူမ၏ မိန်ခွန်းတွင် ပြည်သူ့ ကျန်းမာရေး ကဏ္ဍတွင် အလုပ်လုပ်ခြင်းသည် သန်းပေါင်းများစွာသော လူတို့၏ အသက်ကို ကယ်တင်နိုင်ပြီး အနာဂတ်တွင် သားစဉ်မြေးဆက်များ၏ အသက်ရှည်မှုနှင့် ကျန်းမာရေးဆိုင်ရာတိုးတက်မှုများကို အားပေးကူညီနိုင်မည်ဟု သူမကဆိုပါသည်။

“အကျပ်အတည်းကာလများတွင် ကျွန်မတို့သည် မည်မျှ အခွင့်အရေးရရှိပါစေ၊ မည်သည့်နေရာမှလာသည်ဖြစ်ပါစေ တစ်ဦးနှင့် တစ်ဦး ကျော်လွှားနိင်အောင် ကူညီပေးခြင်း စသည့်တို့ကိုလည်း အတွေ့အကြုံများကိုလည်း တွေ့နိုင်ပါသည်” ဟု သူမ၏ မိန့်ခွန်းတွင် ဖော်ပြထားသည်။

သူမ၏ မိန့်ခွန်းတွင် Nadhira သည် ပြည်သူ့ကျန်းမာရေး ကဏ္ဍ၏ အရေးပါမှုကို မီးမောင်း ထိုးပြခဲ့ပြီး ယခုလို အခက်အခဲအချိန်တွင် အတူတူကျော်ဖြတ်နိုင်ရန်အတွက် မတူညီမှုများကို ဘေးဖယ်ထားရန်မှာ အလွန်အ‌ရေးကြီးကြောင်းကို အလေးထားပြောကြားခဲ့သည်။

Nadhira သည် အခြားသော အင်ဒိုနီးရှားလူငယ်များ အထူးသဖြင့် သူမနှင့် အသက်အရွယ်တူသူများသည်လည်း မိမိတို့၏ အိမ်မက်ကို အကောင်အထည်ဖော်သင့်ကြောင်းကို

“အိမ်မက် မက်ဖို့ကို မကြောက်ပါနဲ့၊ မိမိပညာရေး အမြင့်ရောက်နိုင်ဖို့ တတ်နိုင်သလောက် ဆက်လက်လေ့လာကြပါ” ဟု အားပေးစကားပြောကြားခဲ့သည်။

သူမသည် သူမ၏ တက္ကသိုလ် ရွေးချယ်ခဲ့ပုံများနှင့် မည်သို့ ဆောင်ရွက်ခဲ့သည်ဆိုသည့် အကြောင်းအရာများကို သူမ၏ ကိုယ်ပိုင် YouTube ရုပ်သံလိုင်းဖြစ်သည့် Nadhira Nuraini Afifa တွင် တင်ခဲ့ပါသည်။

သူမ၏ vlog တွင် သူမသည် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် မိန့်ခွန်းပြောရန် ရွေးချယ်ခံရသည့် တစ်ဦးတည်းသော ကျောင်းသားမဟုတ်ကြောင်းကိုလည်းပြောကြားခဲ့သည်။

Harvard ဥပဒေ ကျောင်းဆင်းပွဲ ဘွဲ့နှင်းသဘင် အခမ်းအနားတွင်လည်း Andhika အမည်ရှိသည့် ကျောင်းသားသည်လည်း မိန့်ခွန်းပြောရန်ရွေးချယ်ခြင်း ခံရသူ တစ်ဦးဖြစ်ပါသည်။

By Myanmar Education Guide - EDGE

Ref: Asiaone 

Latest Post News Read 711 times