Sales Hotline : 09448001653       Download App



အဝေးသင်များ ကျောင်းအပ်လက်ခံခြင်း နှင့် စာစဉ်လက်ခံခြင်းများ ရပ်တံ့ထားရ

အဝေးသင် သင်တန်းများကို ပုံမှန်စာသင်နှစ်များတွင် ပထမနှစ်ကျောင်းသားများကို မတ်လကုန်နောက်ဆုံး၊ ဒုတိယနှစ်နှင့် အထက် ကျောင်းသားများကို မေလကုန် နောက်ဆုံး ထား၍ ကျောင်းအပ်လက်ခံလေ့ ရှိသည်။ သို့ သော် ၂၀၂၀ စာသင်နှစ် အတွက် အဝေးသင် သင်တန်းများသာမက ကျန်ရှိသည့် တက္ကသိုလ်အားလုံးကို ဆက်လက် ပိတ်ထားရန် ညွှန်ကြားထားပြီး ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်>>> တက္ကသိုလ်များ ဆက်လက်ပိတ်ထားရန် ညွန်ကြား

ပထမနှစ်ဝက်စာစဉ်နောက်ဆုံးတင်ရမည့်ရက်ကို ပထမနှစ်သင်တန်းများအတွက် မေလ ၃၁ ရက်၊ ဒုတိယနှစ်ဝက်စာစဉ်နောက် ဆုံးတင်ရမည့်ရက်ကို ဇူလိုင် ၃၁ ရက်ဟု မူလက သတ်မှတ်ခဲ့သည်။ ဒုတိယနှစ်နှင့်အထက် သင်တန်း များအတွက် ပထမနှစ်ဝက်စာစဉ် များကို ဇွန်လ ၃၀ ရက်၊ ဒုတိယ နှစ်ဝက်စာစဉ်များကို သြဂုတ် ၃၁ ရက် နောက်ဆုံးတင်သွင်းရမည် ဟု မူလက ကြေညာထားခဲ့ပြီး ဖြစ်သည်။

ထို့အပြင် အဝေးသင်သင်တန်းများ ကျောင်းဝင်မှတ်ပုံတင်ခြင်း၊ စာစဉ်ထုတ်ယူခြင်း၊ စာစဉ်တင်သွင်း ခြင်း၊ မေဂျာပြောင်း လျှောက်ထား ခြင်း၊  ကျောင်းပြောင်းလျှောက် ထားခြင်း၊ အမှတ်စာရင်းထုတ်ယူခြင်း၊ ဘွဲ့ထောက်ခံစာ (ယာယီ) ထုတ်ယူခြင်းတို့ကို COVID-19 ကြောင့် မတ်လ ၂၄ ရက် ကစကာ ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ 
အဝေးသင်သင်တန်း ပထမနှစ်ကျရှုံးကျောင်းသားများ၊ ဒုတိယနှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများသည် နောက်ဆုံး ကျောင်းအပ်နှံရက်မတိုင်မီCOVID-19 ကြောင့် တက္ကသိုလ်အား လုံးပိတ်လိုက်ရသဖြင့် ကျောင်း အပ်နှံရန် ကျန်ရှိနေမည်ဖြစ်သည်။ 

အဆင့်မြင့်ပညာ ဦးစီးဌာနမှလည်း အင်တာနက်ရပြီး အွန်လိုင်း စနစ်ရှိသည့် တက္ကသိုလ်များအနေဖြင့် အွန်လိုင်းမှ ကျောင်းအပ်လက်ခံခြင်း၊ လူ ကိုယ်တိုင် ကျောင်းအပ်နှံမည်ဆို ပါက Social Distancing(ခပ်ခွာ ခွာနေထိုင်ခြင်း)အတွက် ခုံနံပါတ်များ အုပ်စု ခွဲကာ ကျောင်းအပ်လက်ခံခြင်းမျိုး ဆောင်ရွက်ရန် စီစဉ်နေကြောင်းလည်းသိရသည်။ 

မြန်မာနိုင်ငံတွင် နေ့သင်တန်း တက်ရောက်နေသည့် ကျောင်း သား၊ ကျောင်းသူသုံးသိန်းခွဲကျော် ရှိပြီး အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူခြောက် သိန်းခန့်ရှိကြောင်း သိရသည်။

Source: 7 Day News 
By Myanmar Education Guide - EDGE

Latest Post News Read 616 times