ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်မည့် နိုင်ငံရေးသိပ္ပံ ဒီပလိုမာသင်တန်း

ရန်ကုန်တက္ကသိုလ်တွင် Diploma in Political Science (DPS) နိုင်ငံရေးသိပ္ပံဒီပလိုမာသင်တန်းအား ၂၀၂၆ ခုနှစ်၊ ဇန်ဝါရီလ (၁၉) ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။

သင်တန်းလျှောက်ထားသူများသည် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများဖြစ်ရန် လိုအပ်သည်။

သင်တန်းကို ဇန်နဝါရီ (၅) ရက်မှ (၁၂) ရက်နေ့အထိ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာန၊ ဝေသာလီဆောင်၊ ဒဂုံလမ်း၊ ရန်ကုန်တက္ကသိုလ်တွင် တိုက်ရိုက် လျှောက်ထားရမည်။

သင်တန်းကို ၂၀၂၆ ခုနှစ် ဇန်ဝါရီလ (၁၉) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလ (၉) လ ကြာမြင့်ပါမည်။

သင်တန်းတက်ရောက်ရမည့် အချိန်မှာ တနင်္လာနေ့မှ သောကြာနေ့၊ နံနက် (၇) နာရီမှ (၉) နာရီအထိ တစ်ပတ်တွင် (၅) ရက် တက်ရောက်ရပါမည်။

နိုင်ငံရေးသိပ္ပံဆိုတာ နိုင်ငံရေး သဘောတရားများ၊ နိုင်ငံရေး အယူအဆများ၊ သမိုင်းကြောင်းများ၊ နိုင်ငံရေးဘောဂဗေဒ၊ နိုင်ငံရေးပါတီစနစ်နှင့် နိုင်ငံရေးပါတီများ၊ ဥပဒေရေးရာကိစ္စများ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ ရွေးကောက်ပွဲ၊ အချုပ်အခြာအာဏာ စသည်တို့နှင့်ဆိုင်သော အကြောင်းတရားများကို လေ့လာရမယ့်အပြင် အခြားနိုင်ငံများ၏ နိုင်ငံရေးကိုပါ သိရှိခွင့်ရမယ့် ပညာရပ်ဖြစ်သည်။

===============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 7670 times