ပြည်တက္ကသိုလ်က ကွန်ပျူတာဒီပလိုမာသင်တန်း (Diploma in Computer Studies - DCS) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၆) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်သဖြင့် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်သည်။
သင်တန်းကို အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည် -
သင်တန်းကာလမှာ (၉) လ ဖြစ်ပြီး သင်တန်းဝင်ခွင့်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၁၅) ရက်နေ့မှ (၂၉) ရက်နေ့အထိ လျှောက်ထားနိုင်သည်။
ဝင်ခွင့်အတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၅) ရက်နေ့၊ နံနက် (၉) နာရီတွင် ပြည်တက္ကသိုလ်၊ Theatre ခန်းမမှာ လူတွေ့နှုတ်မေး ဖြေဆိုရမည်ဖြစ်သည်။
ဝင်ခွင့်ရရှိသူများစာရင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၅) ရက်နေ့ ညနေပိုင်းတွင် ကြေညာပေးမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၆) ရက်နေ့တွင် သင်တန်း စတင် တက်ရောက်ရပါမည်။
သင်တန်းနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ပြည်တက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာန၊ ဖုန်း-၀၉-၄၀၁၅၆၂၅၇၄၊ ၀၉-၇၉၁၈၉၃၄၀၇ နှင့် ၀၉-၂၅၆၁၁၅၄၅၅ တို့ကို ဆက်သွယ်စုံစမ်းနိုင်သည်။
=====================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။