Sales Hotline : 09448001653       Download App



Design ပိုင်းဆိုင်ရာ Workshop ကို YIUS တွင်ပြုလုပ်ကျင်းပမည့်အစီအစဉ်

Design ပိုင်းဆိုင်ရာ Workshop ကို YIUS တွင်ပြုလုပ်ကျင်းပမည့်အစီအစဉ်

ထိုင်းနိုင်ငံ၏နံပတ် (၁) နည်းပညာတက္ကသိုလ် King Mongkut's University of Technology Thonburi, Bangkok မှ Architecture နှင့် Design ပိုင်းဆိုင်ရာ Workshop ကို YIUS တွင် ပြုလုပ်ကျင်းပသွားမည့် အစီအစဉ်ကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့တက်ရောက်နိုင်ပါသည်။

 

သတင်းကောင်းတစ်ခုအနေဖြင့် Bachelor Degree ဘွဲ့ကို တက်ရောက်လိုသူများအတွက် ပညာသင်ဆုပေးအပ်သွားမည့် အစီအစဉ်လည်းရှိပါသည်။

 

KMUTT သည် ထိုင်းနိုင်ငံ၏ သုတေသနပိုင်းဆိုင်ရာ ထိပ်တန်းတက္ကသိုလ် (၅) ကျောင်းစာရင်းဝင် တစ်ခုဖြစ်ပြီး သင်ကြားရေးပိုင်းတွင်လည်း ထိုင်းပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ထိပ်တန်းတက္ကသိုလ် (၁၀) ကျောင်း  စာရင်းဝင် တက္ကသိုလ်ဖြစ်ပါသည်။

 

KMUTT ၏ School of Architecture & Design သည် ထိုင်းနိုင်ငံတွင် Architecture နှင့် Design ဘာသာရပ်များကို ပထမဆုံး English ဘာသာစကားဖြင့် ၁၉၉၄ မှစ၍ စတင်သင်ကြားပေးခဲ့သော ကမ္ဘာကျော် တက္ကသိုလ်တစ်ခုဖြစ်ပါသည်။

 

ယခုအခါ KMUTT၏ School of Architecture & Design မှ YIUS Institute တွင် Architecture နှင့် Design ပိုင်းဆိုင်ရာ Workshop ကိုပြုလုပ်သွားပါမည်။

 

Workshop ကို အောက်ပါအတိုင်းစီစဉ်ပြုလုပ်သွားပါမည်။


**ကိုယ်ပိုင်ဒီဇိုင်းတွေကို အကောင်းဆုံးပြသနိုင်ဖို့ Portfolio ပြင်ဆင်နည်း
**Lecture နှင့်အတူ ဆွေးနွေးပေးမည့်အစီအစဉ်
**ပုံဆွဲနည်း အကြံပြုချက် နှင့်တကွ
**Group Project တွေကို အဓိကထားပြီး ပြောကြားပေးသွားပါမည်။

 

အချိန်။ မနက်၁၀နာရီမှနေ့လည်၂နာရီ
နေ့ရက်။(၂၁-၆-၂၀၁၉)
နေရာ။ YIUS Campus, MICT Park, အဆောင်၇, အခန်း၎,လှိုင်တက္ကသိုလ်နယ်မြေ,လှိုင်မြို့နယ်၊ ရန်ကုန်။

 

နာမည်စာရင်းပေးသွင်းလိုပါက ၀၉-၂၆၂၂၂၅၁၅၁ ကို ဆက်သွယ်နိုင်ပါသည်။

 

ထို့အပြင် ကမ္ဘာတစ်ဝှမ်းမှ နာမည်ကြီး တက္ကသိုလ်များတွင်လည်း Student Exchange Program ဖြင့် သွားရောက် လေ့လာနိုင်မည့် အစီအစဉ်တွေလည်းရှိတာကြောင့် လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးတစ်ခုဖြစ်ပါသည်။

 

Read More: (၁၀) တန်းအမှတ်စာရင်း ထုတ်ယူရန်လိုအပ်သည်များ နှင့်လိပ်စာအပြည့်အစုံ

 

KMUTT၏ School of Architecture & Design တွင် Bachelor Degree ဘွဲ့အနေဖြင့် အောက်ပါ ဘာသာရပ်များ တက်ရောက်နိုင်ပါသည်။
**Architecture
**Interior Design
**Communication Design
**Industrial Design စတဲ့ Bachelor Degree Program တွေကိုလည်း မိတ်ဆက်ပြောကြားပေးသွားပါမည်။


ဝင်ခွင့်သတ်မှတ်ချက်များနှင့်ကျောင်းပြီး လျှင် Professional Architecture ပညာရှင်ဒီဇိုင်းပညာရှင် အဖြစ်ရပ်တည်နိုင်ပုံနှင့် ကမ္ဘာအနှံ့မှဒီဇိုင်းပညာရှင်များနှင့် လက်တွဲပူးပေါင်းပြီး ပညာရှင်ဆန်ဆန် အသက်မွေးဝမ်းကျောင်းပြုနိုင်မည့် အားသာချက်များနှင့် ကျောင်းတက်လျှင် ကုန်ကျမည့် ကုန်ကျစရိတ်များကိုပါ ပူးတွဲပြီး ပြောသွားမည် ဖြစ်ပါသည်။

YIUS Campus – MICT Park, Building (7), Room (2, 4, 7), လှိုင်တက္ကသိုလ်နယ်မြေ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် – ၀၁-၆၅၂၃၁၁၊ ၀၉-၂၆၂၂၂၅၁၅၁


Email – [email protected]


Website – www.yius.com.mm


Source: YIUS Institute

 

News Read 1049 times