Sales Hotline : 09448001653       Download App



DBE LMS အပလီကေးရှင်းကို မိမိရဲ့ဖုန်းတွင် Install လုပ်နည်း

DBE LMS အပလီကေးရှင်းကို Install လုပ်ရန်

လိုအပ်ချက်
မိမိရဲ့ဖုန်းက အနည်းဆုံး Android Version 5 ရှိရပါမယ်။

Play Store ကိုသွားပါ။
DBE LMS ကို Download လုပ်ဖို့  Play Store (https://bit.ly/3916DeI) ကိုသွားပါ။ 
ပြီးရင် မိမိဖုန်းမှာ Install လုပ်ပါ။

ကိုယ်တိုင်လေ့လာသင်ယူခြင်းတွင် မှတ်ပုံတင် ( Registration ) လုပ်ရန်။ 
ပထမဆုံး အသုံးပြုသူတွေအနေနဲ့ မှတ်ပုံတင်ရန်အတွက် အချက်အလက်များကို မှန်ကန်စွာ ဖြည့်သွင်းပါ။
- မှတ်ပုံတင်အမှတ်နဲ့ မွေးသက္ကရာဇ်ကို တိတျစွာ ဖြည့်သွင်းပါ။
- အချက်အလက်များ အားလုံး ဖြည့်သွင်းပြီးလျှင် Submit ကိုနှိပ်ပါ။
- စာရင်းသွင်းမှုအောင်မြင်လျှင် အောင်မြင်ကြောင်း စာပေါ်လာပါမည်၊ မပေါ်လာပါက အနီရောင် ပြထားသည့် အချက်အလက်များကို ပြန်ဖြည့်ပါ။

ကိုယ်တိုင်လေ့လာသင်ယူခြင်းမှာ Login ဝင်မယ်။
- Login ဝင်ဖို့က စာရင်းသွင်းခဲ့တဲ့ မှတ်ပုံတင်အမှတ်နဲ့ မွေးသက္ကရာဇ်ကို မှန်ကန်စွာ ပြန်ဖြည့်ပါ။
- မွေးသက္ကရာဇ် ဖြည့်သွင်းရာမှာ နှစ်အလိုက်၊ လအလိုက်၊ နေ့အလိုက် ရွှေ့ပြီး ရွေးချယ်လို့ရပါတယ်။ 
- ပြီးရင် ဖုန်းနံပတ် ဖြည့်သွင်းပြီး Login ဝင်ပါ။ 
- အချက်အလက်များပြင်ဆင်လိုရင် Edit နှိပ်ပြီး ပြင်ဆင်နိုင်ပါတယ်။

ကိုယ်တိုင်လေ့လာသင်ယူခြင်းထဲမှာ ဘယ်လိုလေ့လာကြမလဲ။
- Login ဝင်ရောက်ပြီးပါက Home Menu အောက်မှာ သက်ဆိုင်ရာ အတန်းနဲ့ ဘာသာရပ်တွေ တွေ့ရပါမယ်။
- မိမိလေ့လာချင်တဲ့ ဘာသာရပ်အလိုက် Enroll me ကိုနှိပ်ပြီး  အခန်းတစ်ခန်းခြင်းစီ လေ့လာနိုင်ပါတယ်။
- Dashboard ထဲကို ဝင်ရောက်ပြီး လက်ရှိသင်ယူနေတဲ့ ဘာသာရပ်နဲ့ ပြီးစီးမှုကို ကြည့်နိုင်ပါတယ်။
- My Course မှာလည်း မိမိ သင်ယူနေတဲ့ ဘာသာရပ်တွေကို ကြည့်ရှုနိုင်ပါတယ်။
ဒါအပြင် သက်ဆိုင်ရာ အတန်းအလိုက်၊ ဘာသာရပ်အလိုက် ကျောင်းသားကိုင်၊ ဆရာကိုင်နှင့် သင်ကြားရေး အရင်း အမြစ်များကိုလည်း စနစ်တကျ ပြင်ဆင်ပေးထားပါတယ်။

အဆင်မပြေမှုများရှိပါက

MDEP Phone No -  09790777126
Website >>>> mdep.moe.edu.mm ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ဆက်စပ်ဖတ်ရှုရန် >>>> Click Here <<<<

Myanmar Digital Education Platform

Latest Post Read 1915 times