Sales Hotline : 09448001653       Download App



Crown Education မှ ပြုလုပ်ကျင်းပမည့် "New Normal in Higher Education” အွန်လိုင်းပညာရေးဆွေးနွေးပွဲ

မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းမှာ Covid-19 ရဲ့ ရိုက်ခတ်မှုဒဏ်တွေကို ရင်ဆိုင်လာရတာ အခုဆိုရင် အချိန်အတိုင်းအတာတစ်ခု ရောက်ရှိလာခဲ့ပြီဖြစ်သလို စိန်ခေါ်မှုတွေကိုလည်း အခက်အခဲကြားထဲကနေ အခွင့်အလမ်းတွေအဖြစ် ပြောင်းယူနေကြရပါတယ်။ နိုင်ငံတစ်ခုချင်းစီရဲ့ စီးပွားရေး နှောင့်နှေးမှုတွေ၊ နှေးကွေးမှုတွေ မရှိဖို့လိုသလို ပညာရေးကဏ္ဍဟာလည်း နောက်ကျကျန်နေခဲ့လို့မဖြစ်ပါဘူး။
.
နိုင်ငံတကာမှာတော့ “New Normal”ကာလအတွင်း ပညာရေးဆိုင်ရာ စိန်ခေါ်မှုတွေကို အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲနေသလို မြန်မာနိုင်ငံမှာလည်း “New Normal” ကာလအတွင်း မြန်မာဆယ်တန်းအောင်မြင်ထားတဲ့ ကျောင်းသူ/သားတွေ၊ iGCSE ကျောင်းသူ၊ကျောင်းသားတွေအတွက် ပညာရေးဆိုင်ရာ အခွင့်အလမ်းတွေအကြာင်း အခုလာမယ့် အောက်တိုဘာလ (၂၄)ရက်နေ့မှာ “New Normal in Higher Education” ခေါင်းစဉ်ဖြင့် အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့် ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
.
“New Normal in Higher Education” အွန်လိုင်းဆွေးနွေးပွဲအတွင်း -

  •  နိုင်ငံခြားမှာ ပညာသင်တဲ့အခါ ကုန်ကျစရိတ်သက်သာအောင် ဘယ်လိုလုပ်မလဲ...
  •  ဘယ်လို Career နဲ့ Subject တွေ ပြောင်းသွားနိုင်လဲ...
  •  New Normal ကြောင့် နိုင်ငံတကာတက္ကသိုလ်တွေရဲ့ ဝင်ခွင့်မှာ ဘယ်လိုအပြောင်းအလဲဖြစ်လာနိုင်လဲ...
  •  IELTS/ TOEFL လိုဦးမှာလား... SAT/ ACT မလိုတော့ဘူးလား...
  •  iGCSE ပြီးရင် တက္ကသိုလ်တက်ဖို့ GCE ‘A’ ပြင်စရာမလိုဘူးဆိုတာအမှန်လား...
  • ဆယ်တန်း-iGCSE ကျောင်းသူ/သားတွေအနေနဲ့ New Normal ကာလမှာ ရွေးချယ်သင်ယူသင့်တဲ့ နိုင်ငံ-တက္ကသိုလ်-ဘာသာရပ်တွေကို တိတိကျကျ ရွေးချယ်နိုင်ပြီလား...
  • မြန်မာဆယ်တန်းအောင် ကျောင်းသူ/ကျောင်းသားများ အမှတ်မသိရပေမယ့် နိုင်ငံတကာကျောင်းများအတွက် စတင်ပြင်ဆင်ထားလို့ရတဲ့ Foundation Program..

စတဲ့ အကြောင်းအရာတွေကို CROWN Educationရဲ့ Education Counselorတွေနဲ့အတူ ဆရာဦးအောင်ကျော်ဆန်းမှ အွန်လိုင်းကနေ ဆွေးနွေးရှင်းပြပေးမှာဖြစ်ပါတယ်။


အောက်တိုဘာလ (၂၄)ရက်နေ့ Online Sharing Session အတွက်

အောက်ပါလင့်ခ်မှတဆင့် Formဖြည့်ကာ တက်ရောက်နိုင်ပါသည်။

>>> Click Here <<<

Date – 24.October.2020 (SATURDAY)

Time – 10:00 A.M to 12:00 P.M

Place – Zoom 

Source: CROWN Education 

Latest Post News Read 412 times