Sales Hotline : 09448001653   Find A Tutor     Download App



အမေရိကန် ထိပ်တန်းတက္ကသိုလ်များအကြောင်း တစ်ဦးချင်းဆွေးနွေးပွဲ ပြုလုပ်မည်

အမေရိကန် ထိပ်တန်းတက္ကသိုလ်များအကြောင်း တစ်ဦးချင်းဆွေးနွေးပွဲ ပြုလုပ်မည်

IGCSE နဲ့ အခြေခံပညာ အထက်တန်းအောင်မြင်ပြီး သူတွေအတွက် အမေရိကန်ထိပ်တန်းတက္ကသိုလ် (၁၀၀) သို့ တက်ရောက်နိုင်ရန် Kings Education USA မှ တစ်ဦးချင်း ဆွေးနွေးပေးမယ်လို့ သိရပါတယ်။

 

ဆွေးနွေးပွဲကို ဇူလိုင် ၁၀ ရက်၊ နံနက် ၁၀ နာရီ မှ နေ့လယ် ၁၂ နာရီ အထိ AT&S ( Overseas Education Services) ရုံးခန်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။

 

Kings Education ရဲ့ Liberal Arts ကောလိပ်များမှ အမေရိကန်ထိပ်တန်း တက္ကသိုလ်များသို့ တက်ရောက်နိုင်ရန် အမေရိကန်ပညာရေး စနစ်(Credit Transfer) အကြောင်းနဲ့ ကျောင်းဝင်ခွင့်ဆိုင်ရာ တစ်ဦးချင်းဆွေးနွေးပွဲကို Kings Education ရဲ့ Regional Manager ဖြစ်သူ Mr.Phuong Tran က ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

 

ဒါ့အပြင် International School တွေမှာ တက်ရောက်နေတဲ့ ကျောင်းသားများ၊ အခြေခံပညာအထက်တန်းနဲ့ IGCSE အောင်မြင်ပြီးတဲ့ ကျောင်းသားများ အတွက် အမေရိကန်ထိပ်တန်း (၁၀၀) စာရင်းဝင် တက္ကသိုလ်တွေနဲ့ IVY League တက္ကသိုလ်တွေကို ကျောင်းဝင်ခွင့်ရရှိနိုင်ဖို့ လိုအပ်ချက်များကိုလည်း အသေးစိတ် ဆွေးနွေး ရှင်းပြပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

Read More: TTI ၏ ကုန်သွယ်မှုဆိုင်ရာ သင်တန်းများ

 

ပွဲတက်ရောက်လိုသူတွေ အနေနဲ့ AT&S (နိုင်ငံတကာပညာရေး ဝန်ဆောင်မှုကုမ္မဏီ)၊ အဆောင်()၊ အခန်း()၊ မြန်မာ အင်ဖိုတက်(ခ်)၊ လှိုင်တက္ကသိုလ်နယ်မြေ ဖုန်း – ၀၁-၆၅၂၃၂၀ ၊ ၀၉-၇၉၉ ၅၉ ၅၉ ၄၉ ၊သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

Source: Internet Journal

News Read 848 times