Sales Hotline : 09448001653       Download App



COVID-19 ကြောင့် ပညာရေး အရည်အသွေး နိမ့်ကျလာမည်ကို စိုးရိမ်နေ

အထက်တန်းကျောင်း ဆရာမ တစ်ဦး ဖြစ်သည့် Kelly Main သည် COVID-19 ကူးစက်ရောဂါကာလအတွင်း ယခုဆောင်း ဦး ရာသီ၌စာသင်ခန်းသို့ပြန်လာရခြင်းလောက်ပင်ပန်းတာမျိုး သူမ၏ စာသင်နှစ် ၂၇ နှစ်အတွင်း တစ်ခါမှ မကြုံဖူးဘူးဟု ပြောကြားထားသည်။

Waterloo မြို့ရှိ  Grades 10 နှင့်  Grades 12 ကို သင်ကြားပေးနေရသည့် သူမအဖို့ အခန်းတွင်းသာမက အွန်လိုင်းတွင်ပါ တစ်ပြိုင်နက် သင်ခန်းစာများကို သင်ကြားပို့ချနေရပါသည်။ 

နိုင်ငံတစ်ဝှမ်းရှိ အခြားကျောင်းများကဲ့သို့ Waterloo ဒေသရှိ ကျောင်းအဖွဲ့အစည်းသည်လည်း COVID-19 ဖြစ်ပွားမှုကိုရှောင်ရှားရန်အတွက် လူထူထပ်မှုကို လျော့ချနိုင်ရန်အတွက် ကျောင်းသားများ အလှည့်ကျတက်သည့် စနစ်ကို ကျင့်သုံးလျက်ရှိသည်။

သူမက အခန်းတစ်ခန်းတွင် ကျောင်းသား ၃၀ ရှိလျှင် ၁၅ ယောက်ကို ကျောင်းသို့ လာရောက် သင်ကြားစေပြီး ကျန်သည့် ၁၅ ယောက်ကို အိမ်တွင် အွန်လိုင်းဖြင့် တစ်ပြိုင်နက် သင်ကြားပေးနိုင်ရန် မျှော်လင့် နေပါသည်။ 
ထိုသို့ ကျောင်းသား အလှည့်အပြောင်းကို ငါးရက်တစ်ကြိမ်ပြောင်းလေ့ ရှိသည်။

“အခန်းတွင် သင်ကြားချိန်တွင်တောင် စာမျက်နှာ တစ်မျက်နှာ ဖြစ်ဖို့ မသေချာတာ အွန်လိုင်းဖြင့် သင်ပါက ပိုဆိုးသည်” ဟု သူမ ဆိုပါသည်။

Ontario History and Social Science မှ ဆရာများအစည်းအရုံး ဥက္ကဌ ဖြစ်သူ Rachel Collishaw က လက်ရှိတွင် ဆရာများသည် ၎င်းတို့၏ စိတ်ကျန်းမာရေူထက် စာလျှင် ကျောင်းသားများ ဘေးကင်းလုံခြုံရေးကို သာ ဦးစားပေးနေကြတာတွေ့ရပါသည် ဟု ဆိုထားသည်။ 

ထိုအရာသည် အချိန်ကြာလာလျှင် ဆရာများအတွက် ရေရှည် စိတ်ဖိစီးမှုများ ဖြစ်လာနိုင်သည်ဟု ဆိုထားသည်။

ဆရာများသည် ရောဂါကူးစက်ခံရပြီး နေမကောင်း ဖြစ်လာမည်နှင့် ပတ်သက်ပြီး စိတ်ဖိစီးလျက်ရှိသည်။ ထို့နောက် လက်ရှိ ကျင့်သုံးနေသည့် စနစ်ကို အကျွမ်းတဝင် မဖြစ်ကြသေးဘူး ဟု Collishaw ကဆိုထားသည်။

မကြာသေးမီက ပြုလုပ်ထားသည့် ကနေဒါလေ့လာရေး အဖွဲ့မှ ကနေဒါနိုင်ငံရှိ အထက်တန်းကျောင်း ဆရာများ ကို မေးမြန်းထားသော စစ်တမ်းများအရ  ၇၈ ရာခိုင်နှုန်းသည် COVID-19 ရောဂါ ကူးစက်ခံရမည်ကို ကြောက်ရွံ့နေကြသည်ဟု ဖော်ပြထားသည်။

၄၀ ရာခိုင်နှုန်းကသာ ၄င်းတို့ကိုယ်ပိုင်စာသင်ခန်းများအတွင်းလုံခြုံရေးစည်းမျဉ်းများကိုထိန်းသိမ်းထားမည်ဟုယုံကြည်ကြောင်းပြောကြားခဲ့သည်။

“ဆရာအများစုမှာ ‌ရှေ့တန်းတွင် ပါဝင်လျက်ရှိပြီး ကူးစက်ရောဂါ၏ဆိုးကျိုးများနှင့် ပတ်သက်၍ သူတို့ရင်ဆိုင်နေရသောစိန်ခေါ်မှုများကိုကိုင်တွယ်ရာတွင်ဆရာများအနေဖြင့်ပိုမိုအထောက်အပံ့လိုအပ်သည်”ဟု 
ကနေဒါလေ့လာရေးအဖွဲ့၏ ဥက္ကဌ Jack Jedwab မှ ပြောကြားထားသည်။

မျက်နှာဖုံးများ တပ်ဆင်ခြင်း၊ မျက်မှန်ကာတပ်ဆင်ခြင်းနှင့်တစ်နေ့လျှင်အကြိမ်များစွာဆေးကြောသန့်စင်ခြင်းကို လုပ်ဆောင်ရသည့် အပြင် ကျောင်းသားများအနေဖြင့်လည်းထိုအတိုင်းအတာများကိုလိုက်နာရန်သေချာအောင် စစ်ဆေးရခြင်းမှာလည်း သူမ၏အလုပ်၏တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်ဟု Kelly Main က ဆိုထားသည်။

အသက် ၅၃ နှစ်အရွယ်ရှိသည့် Kelly Mainသည် မကြာသေးမီရက်သတ္တပတ်များအတွင်းသူမကျောင်းသူ၊ ကျောင်းသားများအတွအဆိုင်းမန့်များနှင့် ဗီဒီယိုရိုက်ကူးခြင်းများကို ညသန်းခေါင်အထိပြုလုပ်ခဲ့သည်။

ဆက်လက်၍ အခြားဆရာမများမှာ ပို၍ ငယ်ရွယ်သော ကလေးများကို သင်ကြားနေရသောကြောင့် သူမထက် ပိုခက်ခဲဲ့သည့် အခြေအနေနှင့် ရင်ဆိုင်လျက် ရှိသည်ဟု ဖော်ပြထားသည်။ 

By Myanmar Education Guide - EDGE

Ref: cp24.com
 

Latest Post News Read 719 times