Sales Hotline : 09448001653       Download App



ငယ်ရွယ်စဉ်ကကျောင်းသားဘဝ သင်ကြားခဲ့သော ကျင့်ဝတ်များ

** Unicode **

ဘယ်ကျင့်ဝတ်တွေကို မှတ်မိသေးလဲ ???

** မြတ်ပညာ

ပညာပြည့်၀ နှလုံးလှသော်

ကိစ္စကြီးငယ် ဆောက်သဖွယ်လျှင်

ကျဉ်းကျယ် ထွင်းဖောက် ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏။

** မြတ်ဆရာ

ရှေးရှုမေတ္တာ၊ ကရုဏာနှင့်

နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း

ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍

ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ

ဆရာဟူလေ့ာ။

** မိဘကျင့်ဝတ်

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လက်

အတတ်သင်စေ၊ ပေးဝေနှီးရင်း

ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်

ဖခင်မယ်တို့တာ။

Hindi (3) ဟိျႏၤဴ စကားေျပာသင္တန္းနွင့္ ပတ္သက္ျပီး သင္တန္းရွာရန္ႏွိပ္ပါ။

** ဆရာကျင့်ဝတ်

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ

သိပ္ပမချန်၊ ဘေးရန်ဆီးကာ

သင့်ရာအပ်ဖို့၊ ဆရာတို့

ကျင့်ဖို့ ဝတ်ငါးဖြာ။

** သားသမီးကျင့်ဝတ်

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ

မွေခံထိုက်စေ၊ လှူမျှဝေ၍

စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်

ကျင့်ဖွယ်သားတို့တာ။

** တပည့်ကျင့်ဝတ်

ညီညာထကြွ၊ ဆုံးမနာယူ

လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး

သင်တွေးအံရွတ်၊ တပည့်ဝတ်

မချွတ်ငါးခုသာ။

Read More;>>>  ၂၀၂၀ျပည့္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ဘာသာရပ္ဆိုင္ရာ အေထာက္အကူျပဳေဆာင္းပါးမ်ား

** နာယကဂုဏ် ခြောက်ပါး

ထကြွ၊ နိုးကြား၊ သနား သည်းခံ

ဝေဖန်ထောက်ရှု၊ ဤခြောက်ခု

ကြီးသူကျင့်ဝတ်သာ။

(www.edge.com.mm)
 

** Zawgyi **

ဘယ္က်င့္၀တ္ေတြကို မွတ္မိေသးလဲ ???

** ျမတ္ပညာ

ပညာျပည့္၀ ႏွလုံးလွေသာ္

ကိစၥႀကီးငယ္ ေဆာက္သဖြယ္လွ်င္

က်ဥ္းက်ယ္ ထြင္းေဖာက္ ျဖတ္ေတာက္လိုရာ ၿပီးႏုိင္စြာ၏။

** ျမတ္ဆရာ

ေရွးရႈေမတၱာ၊ ကရုဏာႏွင့္

နာနာက်င္က်င္၊ အျပစ္ျမင္တုိင္း

၀မ္းတြင္မသို၊ ဟုတ္တုိင္းဆုိ၍

က်ိဳးလုိစိတ္က၊ ဆုံးမတတ္သူ

ဆရာဟူေလ့ာ။

** မိဘက်င့္၀တ္

မေကာင္းျမစ္တာ၊ ေကာင္းရာညႊန္လက္

အတတ္သင္ေစ၊ ေပးေ၀ႏွီးရင္း

ထိမ္းျမားျခင္းလွ်င္၊ ၀တ္ငါးအင္

ဖခင္မယ္တုိ႔တာ။

** ဆရာက်င့္၀တ္

အတတ္လည္းသင္၊ ပဲ့ျပင္ဆုံးမ

သိပၸမခ်န္၊ ေဘးရန္ဆီးကာ

သင့္ရာအပ္ဖို႔၊ ဆရာတို႔

က်င့္ဖို႔ ၀တ္ငါးျဖာ။

Hindi (3) ဟိျႏၤဴ စကားေျပာသင္တန္းနွင့္ ပတ္သက္ျပီး သင္တန္းရွာရန္ႏွိပ္ပါ။

** သားသမီးက်င့္၀တ္

ေကၽြးေမြးမပ်က္၊ ေဆာင္ရြက္စီမံ

ေမြခံထုိက္ေစ၊ လွဴမွ်ေ၀၍

ေစာင့္ေလမ်ိဳးႏြယ္၊ ၀တ္ငါးသြယ္

က်င့္ဖြယ္သားတုိ႔တာ။

** တပည့္က်င့္၀တ္

ညီညာထၾကြ၊ ဆုံးမနာယူ

လာမူႀကိဳဆီး၊ ထံနီးလုပ္ေကၽြး

သင္ေတြးအံရြတ္၊ တပည့္၀တ္

မခၽြတ္ငါးခုသာ။

Read More;>>>  ၂၀၂၀ျပည့္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ဘာသာရပ္ဆိုင္ရာ အေထာက္အကူျပဳေဆာင္းပါးမ်ား

** နာယကဂုဏ္ ေျခာက္ပါး

ထၾကြ၊ ႏိုးၾကား၊ သနား သည္းခံ

ေ၀ဖန္ေထာက္ရႈ၊ ဤေျခာက္ခု

ႀကီးသူက်င့္၀တ္သာ။

(www.edge.com.mm)
 

Latest Post Tips Tips Tips Read 1811 times