Sales Hotline : 09448001653       Download App



ကလေးစာပေပွဲတော် ရန်ကုန်တွင်ကျင်းပမည်

ကလေးစာပေပွဲတော် ရန်ကုန်တွင်ကျင်းပမည်

ပွဲတော်မှာ ကလေးတွေအတွက် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာပေဟောပြောပွဲ၊ စာပေဆွေးနွေးပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ဂိမ်းကစားပွဲ၊ ဂိမ်းကစားပွဲများတွင် Team Building လို့ခေါ်တဲ့ အဆောက်အအုံ ဆောက်လုပ်တဲ့ ကစား နည်း၊ Science Fair လို့ခေါ်တဲ့ သိပ္ပံနည်းပညာနဲ့ ပတ်သက်တဲ့ ကစားနည်း၊ အရုပ်ဆက်ကစားနည်း၊ စကားပုံဆက် ကစားနည်း၊ အိမ်ဆောက်လုပ်တမ်း ကစားနည်းစတဲ့ ကစားနည်းငါးမျိုး ထည့်သွင်းထားပါတယ်။

READ - ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့တွင် Present Around The World ပြိုင်ပွဲ ပြုလုပ်မည်

ဖျော်ဖြေရေးအစီအစဉ်တွေ အပြင် စာကြည့်တိုက်တွေနဲ့ ချိတ်ဆက်ထားတဲ့ ကလေးတွေ စိတ်ဝင်စားစေမယ့် အကြောင်းအရာ၊ စာအုပ်ခင်းကျင်း ပြသထားမှုအပြင် ကျောင်းစာကြည့်တိုက်ကိုလည်း ဖွင့်လှစ်ထားမှာ ဖြစ်သလို စာအုပ်ဈေးရောင်းပွဲတော်က စာအုပ်အရောင်း ဆိုင်တွေနဲ့လည်း ချိတ်ဆက်ထားမှာပါ။

ဒါ့အပြင် ကာတွန်းပညာရှင်တွေကလည်း ကယ်ရီကေချာလို့ခေါ်တဲ့ ကာတွန်းရုပ်ပြောင် ရေးဆွဲတာ၊ မျက်လှည့်ပွဲ၊ ရုပ်သေးပြပွဲတွေလည်း ထည့်သွင်းထားပါသေးတယ်။

ကလေးစာပေပွဲတော်များကို နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ အပါအဝင်မြို့ကြီးများ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးဖြစ်ရာ ယခု ရန်ကုန်မြို့ တွင်လည်း ၃ ရက်တိုင်တိုင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet journal

News Read 2190 times