Sales Hotline : 09448001653       Download App



အဆင့်မြင့်သံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၆) အတွက် သင်တန်းသားခေါ်ယူခြင်း

**Unicode**

အဆင့်မြင့်သံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၆) အတွက် လျှောက်လွှာများခေါ်ယူနေပြီဖြစ်ပါသည်။

သင်တန်းကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်ပြီး ဖေဖော်ဝါရီလ တတိယအပတ်တွင် စတင်ဖွင့်လှစ်သင်ကြားမှာဖြစ်ပါသည်။ သင်တန်းသို့ ပြည်တွင်း (သို့) ပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်တဲ့ အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း (Basic Diplomatic Skills-BDS) တက်ရောက်အောင်မြင်ပြီး (Certificate of Completion) ရရှိထားသူများလျှောက်ထားနိုင်မှာဖြစ်သည်။ 

လျှောက်ထားသူသည် အသက် (၃၀) မှ (၅၅) နှစ်အတွင်းရှိသူဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူ၊ သင်တန်းကာလတစ်လျှောက်လုံး သင်တန်းချိန်မပျက်မကွက် တက်ရောက်နိုင်သူများတက်ရောက်နိုင်မှာဖြစ်ပါသည်။ သင်တန်းတွင် အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်ကြီးများနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များက မျက်မှောက်ခေတ်နိုင်ငံတကာနှင့် မြန်မာရေးရာများ၊ နိုင်ငံ့မူဝါဒများ၊ မြန်မာ့နိုင်ငံခြားရေးရာကိစ္စရပ်များ၊ သံတမန်ရေးရာဘာသာရပ်များ၊ နိုင်ငံတကာဆက်ဆံရေးနှင့် စီးပွားရေးဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

သင်တန်းကာလအနေဖြင့် (၈) ပတ်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းချိန်သည် ညနေ (၅) နာရီမှ ည (၇) နာရီအထိဖြစ်ပါသည်။ သင်တန်းသား (၅၀) ဦးကိုသာ ကန့်သတ်လက်ခံသင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နိုင်ငံခြားရေးဝန်ကြီးဌာန ရန်ကုန် ဖုန်း - ၀၁-၂၂၁၅၃၁၊ ၀၁-၂၂၁၅၃၇၊ ၀၁-၂၂၂၀၂၈ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ 

Source: Internet Journal

 

**Zawgyi**

အဆင့္ျမင့္သံတမန္ေရးရာ ကြ်မ္းက်င္မႈသင္တန္း အမွတ္စဥ္ (၆) အတြက္ ေလွ်ာက္လႊာမ်ားေခၚယူေနၿပီျဖစ္ပါသည္။

သင္တန္းကို ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ႀကီးမွဴးဖြင့္လွစ္ၿပီး ေဖေဖာ္ဝါရီလ တတိယအပတ္တြင္ စတင္ဖြင့္လွစ္သင္ၾကားမွာျဖစ္ပါသည္။ သင္တန္းသို႔ ျပည္တြင္း (သို႔) ျပည္ပတကၠသိုလ္တစ္ခုခုမွ ဘဲြ႔ရရွိၿပီးသူမ်ား၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ဖြင့္လွစ္တဲ့ အေျခခံသံတမန္ေရးရာကြ်မ္းက်င္မႈသင္တန္း (Basic Diplomatic Skills-BDS) တက္ေရာက္ေအာင္ျမင္ၿပီး (Certificate of Completion) ရရွိထားသူမ်ားေလွ်ာက္ထားႏိုင္မွာျဖစ္သည္။ 

ေလွ်ာက္ထားသူသည္ အသက္ (၃၀) မွ (၅၅) ႏွစ္အတြင္းရွိသူျဖစ္ၿပီး က်န္းမာေရးေကာင္းမြန္သူ၊ သင္တန္းကာလတစ္ေလွ်ာက္လံုး သင္တန္းခ်ိန္မပ်က္မကြက္ တက္ေရာက္ႏိုင္သူမ်ားတက္ေရာက္ႏိုင္မွာျဖစ္ပါသည္။ သင္တန္းတြင္ အၿငိမ္းစားသံအမတ္ႀကီးမ်ား၊ ဝါရင့္သံတမန္ႀကီးမ်ားႏွင့္ ဘာသာရပ္ဆိုင္ရာ ကြ်မ္းက်င္သူပညာရွင္မ်ားက မ်က္ေမွာက္ေခတ္ႏို္င္ငံတကာႏွင့္ ျမန္မာေရးရာမ်ား၊ ႏို္င္ငံ့မူဝါဒမ်ား၊ ျမန္မာ့ႏိုင္ငံျခားေရးရာကိစၥရပ္မ်ား၊ သံတမန္ေရးရာဘာသာရပ္မ်ား၊ ႏိုင္ငံတကာဆက္ဆံေရးႏွင့္ စီးပြားေရးဘာသာရပ္မ်ားကို သင္ၾကားပို႔ခ်ေပးသြားမည္ျဖစ္သည္။

သင္တန္းကာလအေနျဖင့္ (၈) ပတ္ၾကာျမင့္မည္ျဖစ္ၿပီး သင္တန္းခ်ိန္သည္ ညေန (၅) နာရီမွ ည (၇) နာရီအထိျဖစ္ပါသည္။ သင္တန္းသား (၅၀) ဦးကိုသာ ကန္႔သတ္လက္ခံသင္ၾကားေပးသြားမည္ျဖစ္ၿပီး သင္တန္းတက္ေရာက္လိုသူေတြအေနနဲ႔ မဟာဗ်ဴဟာေလ့လာေရးႏွင့္ ေလ့က်င့္ေရးဦးစီးဌာန ႏိုင္ငံျခားေရးဝန္ႀကီးဌာန ရန္ကုန္ ဖုန္း - ၀၁-၂၂၁၅၃၁၊ ၀၁-၂၂၁၅၃၇၊ ၀၁-၂၂၂၀၂၈ သို႔ ဆက္သြယ္စံုစမ္းေမးျမန္းႏိုင္ပါသည္။ 

Source: Internet Journal

Latest Post News Read 2659 times