Sales Hotline : 09448001653    



အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင်ကော်မတီဖွဲ့စည်း

အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ၊ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော Zoom Meeting အစည်းအဝေးဆုံးဖြတ်ချက်အရ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ သုတေသနနှင့် ပြန်ကြားရေးလုပ်ငန်းများ၊ သမဂ္ဂ၏ရုံးလုပ်ငန်းများ လွယ်ကူမြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ သုတေသနနှင့်ပြန်ကြားရေး လုပ်ငန်းဆိုင်ရာ ကော်မတီကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်။

၁။ ဦးထူးမင်းသော်              အဖွဲ့ခေါင်းဆောင်
၂။ ဦးဇာဏီထိုက်                ဒု-အဖွဲ့ခေါင်းဆောင်
၃။ ဦးအောင်မြင့်ထွန်း          ဒု-အဖွဲ့ခေါင်းဆောင်
၄။ ဦးစည်သူအောင်             ရုံးအဖွဲ့မှူး
၅။ ဦးရန်နိုင်စိုး                   အဖွဲ့ဝင်
၆။ ဦးမင်းမောင်စိုး              အဖွဲ့ဝင်
၇။ ဦးသန်းဖြိုးအောင်          အဖွဲ့ဝင်
၈။ ဦးဝင်းမိုးအောင်             အဖွဲ့ဝင်
၉။ ဦးအောင်မျိုးမြင့်            အဖွဲ့ဝင်
၁၀။ ဦးကျော်မင်းထက်       အဖွဲ့ဝင်
၁၁။ ဦးနေလင်း                 အဖွဲ့ဝင်

မှတ်ချက်။     ။ ကော်မတီ၏ သက်တမ်းသည်(၅)နှစ်ဖြစ်သည်။ ကော်မတီဝင်များထံသို့ လုပ်ငန်းစဉ်များပေးပို့ ဆောင်ရွက်မည်ဖြစ်ပါသည်။


By Myanamr Education Guide - EDGE

Latest Post News Read 597 times