Sales Hotline : 09448001653       Download App



CB Bank ရဲ့ ပညာရေး အသက်အာမခံ

CB Bank ရဲ့ ပညာရေး အသက်အာမခံ ဆိုသည်မှာ အာမခံသက်တမ်းအတွင်း မိခင် (သို့) ဖခင် သေဆုံးခြင်း၊ ထာ၀စဉ်မသန်စွမ်းဖြစ်ခြင်းများကြောင့် အကျိုးခံစားခွင့်ရှိသူ သားသမီးများအတွက် ပညာရေးဆုံးခန်းတိုင်ဘွဲ့ရသည်အထိ အကာအကွယ် ရရှိနိုင်ပါသည်။

အဓိကအချက်အလက်များ

  • ပေါ်လစီသက်တမ်း - ၉ နှစ် (သို့) ၁၁ နှစ် (သို့) ၁၄ နှစ်   (မိမိစိတ်ကြိုက်ရွေးချယ်နိုင်ပါသည်။)
  • ပရီမီယံသက်တမ်း - ၅ နှစ် (သို့) ၇ နှစ် (သို့) ၁၀ နှစ်
  • အာမခံထားငွေ - ၅,၀၀၀,၀၀၀ ကျပ်မှ ၁၀၀,၀၀၀,၀၀၀ ကျပ် အထိ
  • အာမခံထားသူ၏ အသက် - ၁၈ နှစ် မှ ၅၆ နှစ်အထိ

အကျိုးကျေးဇူးများ

  • သားသမီးများ ပညာရေးစရိတ်များအတွက် အထောက်အပံ့ ရရှိနိုင်ခြင်း
  • ပရီမီယံပေးသွင်းမှု ကင်းလွတ်ခွင့် ရရှိနိုင်ခြင်း*
  • အခွန်အခမှ သက်သာခွင့် ရရှိစေနိုင်ခြင်း

အကျိုးခံစားခွင့်များ

  • အခြေခံ အကျိုးခံစားခွင့်
  • ပညာရေး အကျိုးခံစားခွင့်
  • ပရီမီယံကင်းလွတ်ခွင့်*

နှစ်ထပ်ကွမ်းအကျိုးခံစားခွင့်

  • သေဆုံးမှုအကျိုးခံစားခွင့်
  • ထာ၀စဉ်လုံး၀မသန်စွမ်းအကျိုးခံစားခွင့်
  • ပညာရေး အကျိုးခံစားခွင့်
  • ပရီမီယံကင်းလွတ်ခွင့်*

ပိုမိုသိရှိရန်

ပရီမီယံကင်းလွတ်ခွင့် ဆိုသည်မှာ ပရီမီယံပေးသွင်းရမည့် ကာလအတွင်း ပေါ်လစီရှင် သေဆုံး (သို့) ထာ၀စဉ်လုံး၀မသန်စွမ်းဖြစ်ပါက ပေါ်လစီသက်တမ်းအတွက် ပရီမီယံပေးသွင်းရန် မလိုတော့သည့် အကျိုးခံစားခွင့်ကို ဆိုလိုပါသည်။

ပညာရေးအသက်အာမခံပေါ်လစီဝယ်ယူအပြီး ၁နှစ်ကျော်အကြာတွင် ပေါ်လစီရှင်တွင် အကယ်၍ အကြောင်း တစ်စုံ တစ်ရာ ဖြစ်ပျက်ခဲ့လျှင် မည်သို့ဖြစ်လာနိုင်ပါသနည်း။?

  • ၁ နှစ်ကျော်လွန်ပြီးအကြောင်းကိစ္စတစ်ခုခုကြောင့် သေဆုံးခဲ့လျှင် “သေဆုံးမှုအကျိုးခံစားခွင့်” အား ထုတ်ပေး မည်ဖြစ်ပြီး မည်သည့် ပရီမီယံမျှ ထပ်မံပေးသွင်းရန် မလိုဘဲ ဖြစ်ပွားပြီး နောက်ပိုင်း ပရီမီယံကြေး ပေးသွင်း ရမည့် ရက်ရောက်သည့်နေ့မှစ၍ ပရီမီယံကြေးပေးသွင်း ကာလ ပြီးဆုံးချိန်အထိ ပေါ်လစီရှင်မှ အာမခံကုမ္ပဏီ သို့ ပေးသွင်းရန်ရှိသော ပရီမီယံများ အားလုံးကို ပေးသွင်းရန် မလိုတော့ဘဲ ကင်းလွတ်ခွင့်ရှိပါမည်။ ကင်းလွတ် ခွင့်ပေးထားသည့် ကာလအတွင်း ပေါ်လစီသည် ဆက်လက်တည်မြဲနေပြီး သတ်မှတ်သက်တမ်း ရောက်ရှိ ချိန်တွင် ပညာရေးအကျိုးခံစားခွင့် ကိုရရှိနိုင်ပါသည်။
  • ပညာသင်ကြားရေးအကျိုးခံစားခွင့်အဖြစ် ပရီမီယံပေးသွင်းရသည့် သက်တမ်းပြီးဆုံးချိန်မှစ၍ အာမခံ သက်တမ်းစေ့ရောက်သည့်နေ့အပါအဝင် တစ်နှစ်ပြည့်သည့်နေ့သို့ ရောက်တိုင်း အာမခံ ထားငွေ၏ ၂၀%စီကို (၅)နှစ်ဆက်တိုက် အာမခံသက်တမ်းပြီးဆုံးချိန်အထိ ထုတ်ပေးပါမည်။

အဘယ်ကြောင့် ပညာသင်ကြားရေး အကျိုးခံစားခွင့်ကို တစ်ကြိမ်တည်း မထုတ်ပေးရပါသနည်း။?

  • ပညာရေးအသက်အာမခံသည် ပညာသင်ကလေးများ၏ ပညာရေးရပ်ဆိုင်းမသွားစေဘဲ ဆုံးခန်းတိုင် ဘွဲ့ရသည်အထိ ငွေကြေးအခက်အခဲမရှိ ပညာသင်ကြားနိုင်ရန်အတွက် တစ်ကြိမ်တည်း ထုတ်မပေးဘဲ စာသင်နှစ်အလိုက် ထုတ်ပေးခြင်းဖြစ်ပါသည်။
  • ဥပမာ -  အာမခံထားငွေ                  -  ၅,၀၀၀,၀၀၀ ကျပ်

            အာမခံသက်တမ်း                         -  ၁၁ နှစ်

            ပရီမီယံပေးရမည့်သက်တမ်း         -  ၇ နှစ်

            ပညာသင်ကြားရေးအကျိုးခံစားခွင့် - ကျပ် ၁,၀၀၀,၀၀၀(အာမခံထားငွေ၏၂၀%) ပေါ်လစီသက်တမ်း ၇ နှစ်

                                                                 ကျပ် ၁,၀၀၀,၀၀၀(အာမခံထားငွေ၏၂၀%) ပေါ်လစီသက်တမ်း ၈ နှစ်

                                                                 ကျပ် ၁,၀၀၀,၀၀၀(အာမခံထားငွေ၏၂၀%) ပေါ်လစီသက်တမ်း ၉ နှစ်

                                                                 ကျပ် ၁,၀၀၀,၀၀၀(အာမခံထားငွေ၏၂၀%) ပေါ်လစီသက်တမ်း ၁၀ နှစ်

                                                                 ကျပ် ၁,၀၀၀,၀၀၀(အာမခံထားငွေ၏၂၀%) ပေါ်လစီသက်တမ်း ၁၁ နှစ်

CB Bank 
 

Latest Post News Read 1501 times