Sales Hotline : 09448001653       Download App



ရန်ကုန်စီးပွားရေးတက္ကသိုလ် သင်ကြားရေးရာထူးများ ရာထူးတိုးမြှင့်ပြောင်းရွှေ့ လျှောက်လွှာခေါ်ယူခြင်း

 ၁။ ရန်ကုန်စီးပွားရေးတက္ကသိုလ်ရှိ ဘောဂဗေဒ၊ အသုံးချဘောဂဗေဒ၊ ဝါဏိဇ္ဇဗေဒ၊စာရင်းအင်းပညာ၊ စီမံခန့်ခွဲမှုပညာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သင်္ချာဘာသာရပ်ဌာနများတွင် သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသောရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် အဆင့်မြင့်ပညာဦးစီးဌာန အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ရာထူးတိုးမြှင့်လျှောက်ထားလိုသူ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ နည်းပြများနှင့် ပြောင်းရွှေ့လျှောက်ထားလိုသူ (အဆင့်မြင့်ပညာဦးစီးဌာနက သတ်မှတ်ထားသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များအလိုက် အနည်းဆုံးတာဝန်ထမ်းဆောင်ရမည့် နှစ်သတ်မှတ်ချက် အသားတင် ကာလပြည့်မီသူ) ပါမောက္ခ၊တွဲဖက်ပါမောက္ခ၊ ကထိက၊လက်ထောက် ကထိက၊ နည်းပြများသည် သက်ဆိုင်ရာ ပါမောက္ခချုပ်၊ကျောင်းအုပ်ကြီး များမှတစ်ဆင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ထံလိပ်မူ၍ အထောက်အထားများ ပြည့်စုံစွာဖြင့် ၁၂-၁၀-၂၀၂၀ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။ 

၂။ သတ်မှတ်ပုံစံနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက ရန်ကုန်စီးပွားရေးတက္ကသိုလ်                                  Website: www.yueco.edu.mm ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 

၃။ သတ်မှတ်ရက်ထက် ကျော်လွန်ပြီးတင်သွင်းသည့် လျှောက်လွှာများနှင့် အချက်အလက်ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ထားခြင်းမရှိသောလျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။ 

၄။ အသေးစိတ်အချက်အလက်များကို ရန်ကုန်စီးပွားရေးတက္ကသိုလ် ဌာနမှူး (စီမံ/ဘဏ္ဍာ) 
ဖုန်း-၀၉-၄၂၀၀၀၉၉၄၀၊ ဌာနခွဲမှူး(စီမံ) ဖုန်း-၀၉၇၆၃၉၇၃၃၁၂ နှင့် ဌာနစုမှူး(စီမံ) ဖုန်း-၀၉-၄၃၀၇၅၄၁၂ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ ရာထူးခေါ်စာနှင့် သတ်မှတ်ပုံစံများကို အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များသို့ email ဖြင့်လည်း ဖြန့်ဝေပေးပို့ထား မည်ဖြစ်ပါသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်
 

Latest Post News Read 702 times