Sales Hotline : 09448001653       Download App



မန္တလေးနည်းပညာတက္ကသိုလ် သင်ကြားရေးရာထူးများ ရာထူးတိုးမြှင့်ပြောင်းရွှေ့ လျှောက်လွှာခေါ်ယူခြင်း

၁။ မန္တလေးနည်းပညာတက္ကသိုလ်ရှိ အင်ဂျင်နီယာ/ဗိသုကာ၊ဇီဝ ၊နည်းပညာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အင်ဂျင်နီယာ သင်္ချာ၊ အင်ဂျင်နီယာ (ဓာတုဗေဒ၊ အင်ဂျင်နီယာ ရူပဗေဒ၊ အင်ဂျင်နီယာ ဘူမိဗေဒဘာသာရပ်ဌာနများတွင် သတ်မှတ်အရည်အချင်များနှင့် ပြည့်စုံသော မန္တလေးနည်းပညာတက္ကသိုလ်နှင့် အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှရာထူးတိုးမြှင့်လျှောက်ထား လိုသူ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ နည်းပြ/ သရုပ်ပြများနှင့် ပြောင်းရွှေ့လျှောက်ထားလိုသူများသည် (အဆင့်မြင့် ပညာဦးစီးဌာနမှ သတ်မှတ်ထားသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အလိုက် အနည်းဆုံးတာဝန်ထမ်းဆောင်ရမည့် နှစ်သတ်မှတ် ချက် အသားတင်ကာလပြည့်မီသူ) ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ နည်းပြ/သရုပ်ပြများသည် သက်ဆိုင်ရာပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများမှတစ်ဆင့် မန္တလေးနည်းပညာတက္ကသိုလ်ပါမောက္ခချုပ်ထံလိပ်မူ၍ အထောက်အထားများ ပြည့်စုံစွာဖြင့် (၉-၁၀-၂၀၂၀) ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။ 

၂။ သတ်မှတ်ပုံစံနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက မန္တလေးနည်းပညာတက္ကသိုလ်၏ Website: www.mtu.edu.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 

၃။ သတ်မှတ်ရက်ထက်ကျော်လွန်ပြီး တင်သွင်းသည့် လျှောက်လွှာ များနှင့် အချက်အလက်ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ထားခြင်းမရှိသောလျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။

၄။ အသေးစိတ်အချက်အလက်များကို မန္တလေးနည်းပညာတက္ကသိုလ် ဌာနကြီးမှူး (စီမံ-ဘဏ္ဍာ) ဖုန်းနံပါတ်- (၀၉-၄၃၀၈၄၀၀၇)၊ ဌာနမှူး (စီမံ-ဘဏ္ဍာ) ဖုန်းနံပါတ်-(၀၉-၄၄၄၀၃၁၈၀၅)၊ ဌာနခွဲမှူး (စီမံ)၊ ဖုန်းနံပါတ်-(၀၉-၇၉၀၁၈၈၀၂၃)နှင့် စီမံရေးရာဌာန (၀၂-၄၀၅၇၀၀၆) သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ ရာထူးခေါ် စာနှင့် သတ်မှတ်ပုံစံများကို အဆင့်မြင့်ပညာဦးစီးဌာန အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ e-mail ဖြင့်လည်း ဖြန့်ဝေပေးပို့ထားမည်ဖြစ်ပါသည်။

မန္တလေးနည်းပညာတက္ကသိုလ်
 

Latest Post News Read 794 times