Sales Hotline : 09448001653       Download App



၂၀၂၁ခုနှစ်တွင် အလယ်တန်းကျောင်းသားများ ကိုယ်ပိုင် လက်ပ်တောပ့် သို့မဟုတ် တက်ဘလက်များ ရှိရမည်

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် စင်ကာပူနိုင်ငံ၏ ပညာရေးဝန်ကြီး Ong Ye Kung သည် ရှေ့နှစ်များတွင် အကောင်အထည်ဖော်ရန် စီစဉ်ထားသည့် အစိုးရ၏ စီမံကိန်းများထဲမှ တစ်ခုဖြစ်သည့် လှုပ်ရှားမှု တစ်ခုကို ကြေညာခဲ့သည်။

ရပ်ရွာလူထုနှင့် ကျောင်း များသည် လူထုတွင်းသွားလာလှုပ်ရှားမှု Social Mobility ကို အသက်ဝင်အောင်ဆောင်ရွက် နေကြပါသည်။

ဒါဟာ လူတစ်ဦးတစ်ယောက်ချင်းစီ အတွက် မည်သည့်နေရာကပင် အစပြုနေပါစေ ကောင်းမွန်စွာ လှုပ်ရှားဆောင်ရွက် နိုင်ရန်အတွက် အခွင့်အလမ်းကောင်းများကို သေချာစေပါသည်။

အမျိုးသားရုပ်မြင်သံကြားထုတ်လွှင့်မှုတွင် လူမှုမူဝါဒများဆိုင်ရာညှိနှိုင်းရေး ၀န်ကြီး ဖြစ်သော Mr. Tharman သည် social mobility သည် စင်ကာပူ၏ ကိုယ်ပိုင်လက္ခဏာ၏ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ထိုအချက်ကြောင့်ပင် စင်ကာပူကို လွန်ခဲ့သည့် ၁၉၆၀ ပြည့်နှစ် များကတည်းမှ လူ့အဖွဲ့အစည်းကို ပြောင်းလဲစေသည့် အကြောင်းအရင်း ဖြစ်သည်ဟု ဆိုထားပါသည်။

နှိမ့်ချတတ်သော နောက်ခံရှိသည့် မျိုးဆက်သစ်ကလေးများသည် ပညာရေးမှ တစ်ဆင့်၊ သက်ဆိုင်ရာအလုပ်များ၊ စီးပွားရေးလုပ်ငန်းများကို ကြိုးကြိုးစားစားလုပ်ကိုင်ခြင်း ဖြင့် သူတို့၏ ဘဝကို ကောင်းမွန်အောင် ဆောင်ရွက်နေကြသည်။

“ယနေ့ခေတ်တွင် ဝင်ငွေနည်းသော မိသားစုမှ ကြီးပြင်းလာသော စင်ကာပူနိင်ငံသားများသည် အခြားအဆင့်မြင့်သောနိုင်ငံများတွင် ဝင်‌ငွေပိုရနိုင်သည့် အခွင့်အရေးကို ပိုရနိုင်ပါသည်။”ဟု ငါးကြိမ်မြောက် ၀န်ကြီးဌာန၏ လူမှုရေးဆိုင်ရာလှုပ်ရှားမှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်များကို Mr. Tharman မှ မှတ်ချက်ချထားခြင်းဖြစ်ပါသည်။

သို့သော် Mr. Tharman မှ သတိပေးထားသည်မှာ “Social Mobilityနှင့် ပတ်သက်၍ သဘာဝအတိုင်း ဖြစ်မလာဘဲ ကြိုတင်စီစဉ်ထားမှုများ ဖြစ်လာနိုင်မည်” ဟု ဖြစ်သည်။

အချိန်နှင့် အမျှ အောင်မြင်သောနိုင်ငံများသည်ပင် ဆက်လက်အောင်မြင်အောင် ထိန်းထားရန်မှာ ခက်ခဲကြောင်း တွေ့ရှိနေရပါသည်။

ထို့အပြင် အဆင့်မြင့်ပညာရေးရှိသည့် မိဘများနှင့် မိမိတို့သားသမီးများကို ကောင်းမွန်သည့် ပညာရေးအတွက် ရင်းနှီးမြုပ်နှံသည့် မိဘများ၏ ကွာခြားချက်သည် ပိုမို ကျယ်ပြန်လာမည်ဖြစ်သည်။

Mr. Tharman ပြောကြားသည်မှာအစိုးရနှင့်၎င်း၏လုပ်ဖော်ကိုင်ဖက်များသည်စင်ကာပူနိုင်ငံသားများအတွက်အခွင့်အလမ်းများညီမျှမှုရှိစေရန်အစောပိုင်းကလေးဘဝပညာရေးနှင့်ကျောင်းများတွင်ရင်းနှီးမြှုပ်နှံခြင်းဖြင့်ဆောင်ရွက်လျက်ရှိသည့် အပြင် ထိုသို့ အခွင့်အရေးမရသည့် ကျောင်းသား များအတွက် အပိုပညာ‌ရေး အရင်းအမြစ်များကိုလည်း ခွဲဝေနေရာချထားပေးလျက်ရှိပါသည် ဟု ဖြစ်ပါသည်။

ကလေးငယ်များ၏ အစောပိုင်းဖွံ့ဖြိုးမှုများ အတွက် KidStart အစီအစဉ်ကို ဝင်ငွေနည်းသော မိသားစုများနှင့် ၎င်းတို့ သား သမီး များ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီနိုင်ရန်အတွက် အရေးပါသော အစီအစဉ်တစ်ခု အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။

ပထမဆုံးအဖြစ် ၂၀၁၆ တွင် မိတ်ဆက်ခဲ့ပြီး ဤအစီအစဉ်တွင် ကလေးများအား အစာအာဟာရ တိုက်ကျွေးခြင်း၊ ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခြင်း နှင့် မိဘနှင့် ကလေးများကြား အပြန်အလှန်ဆက်သွယ်နိုင်ခြင်း စသည့်အချက်များနှင့် ပတ်သက်၍ ရှုထောင့်အမျိုးမျိုးမှ အကြံဉာဏ်များဖြင့် ကူညီပေးလျက်ရှိသည်။

အဓိက ရည်ရွယ်ချက်မှာ ၎င်းတို့ဘဝ ကို ကောင်းမွန်စွာ အစပြုနိုင်ရန်အတွက် ဖြစ်သည်။

ကျောင်းမတိုင်မီအသက်မွေး ၀မ်းကျောင်းအလုပ်များကိုလည်း အဆင့် မြှင့်တင်နိုင်ခဲ့ပြီး ကလေးငယ်များ အစောပိုင်းတွင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိုင်ငံလုံးဆိုင်ရာ အင်စတီကျု ကိုလည်း ဖွဲ့စည်းတည်ထောင်နိုင်ပြီဖြစ်ပါသည်၊

“ဒါကြောင့် သင်တို့ရဲ့ကလေးဟာ ဘယ်နေရာရောက်‌ရောက် ကောင်းကောင်းအစပြုနိုင်မည် ဖြစ်သည်” ဟု ၎င်းမှ ဆိုထားပါသည်။

ကိုရိုနာ ဗိုင်းရပ်စ် တိုက်ဖျက်နေသည့် ကာလအတွင်း ကျောင်းများသည် အပိုအထောက်အပံ့လိုအပ်သောကလေးတိုင်းအတွက် လိုအပ်သည့်ဂရုပြုမှုကိုရရှိစေရန်သေချာအောင်ပြုလုပ်ထားကြောင်းကို “ကျွန်တော်တို့ ဆရာများသည် ဆင်းရဲသောမိသားစုများမှ ကလေးများအတွက် ပညာရေး နောက်ကျ ကျန်နေခြင်း မရှိစေရန် အန္တရာယ်များကြားမှ ကူညီပေးလျက်ရှိသည်” ဟု Mr. Tharman မှ ပြောထားပါသည်။

ပညာရေး ဝန်ကြီးဌာနသည် လာမည့် နှစ်အတွက် ဆင်းရဲသော မိသားစုမှကလေးများအတွက် အပိုပညာရေး အရင်း အမြစ်များ အဖြစ် ဆရာများ ပိုမိုခန့်ထားပေးခြင်း၊ ပညာသင်ကြားပေးသူများ ပိုမိုခေါ်ယူထားပေးခြင်း၊ ကျောင်းသားရေးရာဝန်ထမ်းများနှင့် ဆရာ အတိုင်ပင်ခံများကို နေရာချထား ခြင်းများပြုလုပ်လျက်ရှိပါသည်။

ထိုအပိုပညာရေး အရင်းအမြစ်သည် ကျောင်းသားများကို ဘာသာရပ်များအားလုံးကို အထူးပြုထားသည့် အလယ်တန်းကျောင်းအထိ အထောက်အကူ ဖြစ်စေပြီ ကျောင်းသားများ၏ အားသာချက်ပေါမူတည်၍ ကွဲပြားသောအခက်အခဲအဆင့်အမျိုးမျိုးကိုသင်ကြားရန်ခွင့်ပြုထားပါသည်။

By Myanmar Education Guide - EDGE

Ref: Asiaone 

Latest Post News News Read 8547 times