Sales Hotline : 09448001653       Download App



နွေရာသီကျောင်းပိတ်ရက်မှာ သင်ကြားပေးမည့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်း

နွေရာသီကျောင်းပိတ်ရက်မှာ သင်ကြားပေးမည့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်း

၂၀၁၉ ခုနှစ် မတ်လအတွင်း ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများအတွက် စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။

ထိုသင်တန်းများကို အမှတ်-၆၊ ကြားတောရလမ်း၊ ရွှေတိဂုံစေတီအရှေ့ဘက်မုခ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် တက်ရောက်ရမည်။

ဖွင့်လှစ်မည့် သင်တန်းများ

၁။ သင်တန်းအမည် - အခြေခံအဆင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း

တက်ရောက်နိုင်မည့်သူများ - ၁ တန်းမှ ၅ တန်း အထိ ဖြေဆိုပြီးသော သားငယ်၊ သမီးငယ်များ တက်ရောက်နိုင်ပါသည်။

သင်တန်းအချိန် - နံနက် (၈း၀၀) နာရီမှ (၁၁း၃၀) နာရီအထိ။

သင်တန်းရက် - စနေ၊ တနင်္ဂနွေနေ့တိုင်း (၂၀၁၉ ခုနှစ်၊ မတ်လ (၉၊ ၁၀၊ ၁၆၊ ၁၇၊ ၂၃၊ ၂၄ နှင့် မတ်လ ၂၇ ရက်နှင့် ၃၀ ရက်)

* ၁၂.၂.၂၀၁၉ အင်္ဂါနေ့ နံနက် ၉ နာရီတွင် ကြိုတင်စာရင်း ပေးသွင်းရပါမည်၊ စာရင်းပေးသွင်းရန် သီးသန့်ဖော်ပြပေးထားပါသည်။

* ၀င်ခွင့်ပုံစံကို ဖြည့်စွက်ပြီး နေ့ချင်းပြန်လည်အပ်နှံရမည် ဖြစ်သောကြောင့် ပုံစံဖြည့်မည့်သူသည် အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်နိုင်သူမှသာ အဆင်ပြေပါမည်။

* 1 1/2 x 1 1/2 ဓာတ်ပုံ (၂) ပုံ ယူလာရပါမည်။

* သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် (၀င်ခွင့်ပုံစံထုတ်ပေးသည့် နေ့ရက်နှင့် အချိန်၌သာ) အချိန်မီ လာရောက်စာရင်းသွင်းရပါမည်။

၂။ သင်တန်းအမည် - အလယ်တန်းအဆင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း

တက်ရောက်နိုင်မည့်သူများ - ၆ တန်းမှ ၈ တန်း အထိ ဖြေဆိုပြီးသော လူငယ်များ တက်ရောက်နိုင်ပါသည်။

သင်တန်းအချိန် - နေ့လယ် (၁၂း၃၀) နာရီမှ ညနေ (၄း၀၀) အထိ။

သင်တန်းရက် -  စနေ၊ တနင်္ဂနွေနေ့တိုင်း (၂၀၁၉ ခုနှစ်၊ မတ်လ (၁၆၊ ၁၇၊ ၂၃၊ ၂၄ နှင့် မတ်လ ၂၇ ရက်နှင့် ၃၀ ရက်) (မတ်လ ၃၁ ရက်နေ့တွင် နံနက် (၈း၀၀) နာရီမှ ညနေ (၄း၀၀) နာရီအထိ။)

* ၁၂.၂.၂၀၁၉ အင်္ဂါနေ့ နံနက် ၉ နာရီတွင် ကြိုတင်စာရင်း ပေးသွင်းရပါမည်၊ စာရင်းပေးသွင်းရန်  အစီအစဉ်ကို သီးသန့်ဖော်ပြပေးထားပါသည်။

* ၀င်ခွင့်ပုံစံကို ဖြည့်စွက်ပြီး နေ့ချင်းပြန်လည်အပ်နှံရမည် ဖြစ်သောကြောင့် ပုံစံဖြည့်မည့်သူသည် အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်နိုင်သူမှသာ အဆင်ပြေပါမည်။

*1 1/2 x 1 1/2 ဓာတ်ပုံ (၃) ပုံ ယူလာရပါမည်။

* သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် (၀င်ခွင့်ပုံစံထုတ်ပေးသည့် နေ့ရက်နှင့် အချိန်၌သာ) အချိန်မီ လာရောက်စာရင်းသွင်းရပါမည်။

၃။ သင်တန်းအမည် - အထက်တန်းနှင့် အဆင့်မြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း

တက်ရောက်နိုင်မည့်သူများ - ၉ တန်း၊ ၁၀ တန်း ဖြေဆိုပြီးသော လူရွယ်များနှင့် စိတ်ပါဝင်စားသော လူလတ် လူကြီးများ မည်သူမဆို တက်ရောက်နိုင်ပါသည်။

သင်တန်းအချိန် -  နေ့လယ် (၁၂း၃၀) နာရီမှ ညနေ (၄း၀၀) အထိ။

သင်တန်းရက် - စနေ၊ တနင်္ဂနွေနေ့တိုင်း (၂၀၁၉ ခုနှစ်၊ မတ်လ (၁၆၊ ၁၇၊ ၂၃၊ ၂၄ နှင့် မတ်လ ၂၇ ရက်နှင့် ၃၀ ရက်) (မတ်လ ၃၁ ရက်နေ့တွင် နံနက် (၈း၀၀) နာရီမှ ညနေ (၄း၀၀) နာရီအထိ။)

* ကြိုတင်စာရင်းသွင်းရန် မလိုပါ။

source:dhammadownload.com

News Read 1711 times