Sales Hotline : 09448001653       Download App



ဗြိတိန်ပညာသင်သွားလိုသူများအတွက် အခမဲ့အွန်လိုင်းသင်တန်းစတင်

ဗြိတိန်ပညာသင်သွားလိုသူများအတွက် အခမဲ့အွန်လိုင်းသင်တန်းစတင်

ဗြိတိန်သျှကောင်စီမှ ဗြိတိန်နိုင်ငံသို့ သွားရောက်ပညာသင်မည့် ကျောင်းသား/သူများအတွက် ပိုကောင်းမွန်သော ပြင်ဆင်မှုများလုပ်နိုင်ရန် အခမဲ့အွန်လိုင်းသင်တန်းစတင်နေကြောင်း ယင်းကောင်စီထံမှ သိရှိရပါသည်။

 

ပညာရေးလိုအပ်ချက်များ၊ သင်ကြားနည်းများ၊ သင်တန်းပုံစံများ၊ အကဲဖြတ်စာမေးပွဲများပါဝင်သည့် ဗြိတိန်၏ အဆင့်မြင့်ပညာရေးလမ်းကြောင်း အကြောင်းသင်ကြားမည်ဖြစ်ပါသည်။

 

ထို့ပြင်အင်္ဂလိပ်ဘာသာစကားလေ့လာခြင်းအတွက် အကြံဥာဏ်များနှင့် ဗြိတိန်တွင် နေထိုင်မှုအတွက် သိထားသင့်သည့် လက်တွေ့ကျသော အချက်အလက်များကို ဝေမျှပေးမည်ဖြစ်ကြောင်း ယင်းကောင်စီထံမှ သိရှိရပါသည်။

 

Read More: ပညာရေးနှင့် ဝါသနာ သင်ဘယ်လိုရွေးချယ်လျှောက်လှမ်းမလဲ

 

ယင်းသင်တန်းကို ဇူလှိုင် () ရက်မှ စတင်နေပြီး ဇူလှိုင် (၂၈) ရက်အထိ အွန်လိုင်းမှ တစ်ဆင့်တက်ရောက်ရမည်ဖြစ်ပါသည်။ မိမိအားလပ်ချိန်တွင် အခမဲ့လေ့လာနိုင်သဖြင့် ယခုမှစတက်မည်ဆိုလျှင်လည်း နောက်မကျသေးကြောင်း ဗြိတိန်သျှကောင်စီက ဆိုပါသည်။

 

သင်တန်းတက်လိုသူများအနေနှင့် www.futurelearn.com/courses/prepare-to-study-uk သို့ဝင်ရောက်ရမည်ဖြစ်ပြီး အသေးစိတ်အချက်များ ထပ်မံသိလိုလျှင်ဖုန်း ၀၁-၂၅၀၀၉၉၊ ၀၁-၂၅၆၂၉၁၊၀၁-၃၇၀၉၃၃ နှင့် [email protected] သို့ ဆက်သွယ်နိုင်မည်ဖြစ်ပါသည်။

 

Source: The Voice

 

News Read 1207 times