Sales Hotline : 09448001653       Download App



နိုင်ငံတကာလေ့လာမှုများကို ကူညီပေးမည့် ထိုင်းနိုင်ငံဗြိတိသျှကောင်စီ၏ IELTS ဆု

 

ဗြိတိန်နိုင်ငံ၏အပြည်ပြည်ဆိုင်ရာ ပညာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာအခွင့်အလမ်းဆိုင်ရာ အဖွဲ့အစည်းသည် အရှေ့အာရှတစ်လွှားမှ ပါရမီရှင်ကျောင်းသား များအတွက် ဂုဏ်သိက္ခာရှိသော IELTS ဆုကို ကြေငြာခဲ့ သည်။

အရှေ့ အာရှမှ ထိုင်းနိုင်ငံမှ ကျောင်းသား ၂၉ ဦးသည် ၂၀၂၀ခုနှစ်အတွက် နိုင်ငံတကာ လေ့လာမှုများ၏ ရည်မှန်းချက်များကို နားလည်သဘောပေါက်စေရန် ကူညီထောက်ပံ့ပေးမည့် ရန်ပုံငွေများမှ ဝေစု ပေါင် ၁၈၇ ၀၀၀ ကို လက်ခံရရှိခဲ့သည်။

ဆေးပညာ၊ ဘဝသိပ္ပံ၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဘာသာရပ်များမှ ကျောင်းသားများသည် နိုင်ငံတကာလေ့လာမှုများအတွက် ရန်ပုံငွေဆု ရရှိခဲ့ခြင်း ဖြစ်သည်။

ကိုးနှစ်မြောက်တွင် အဆိုပါ IELTSဆုသည် အရှေ့အာရှရှိ ကျောင်းသား ၂၇၀ ကျော်ကို ၎င်းတို့ အိမ်မက်များကို အကောင် အထည်ဖော်နိုင်ရန် အတွက် ပြည်ပတွင် သွားရောက်လေ့လာနိုင်သည့် အခွင့်အရေးကို ထောက်ပံ့ပေးခဲ့သည်။

ဗြိတိသျှ ကောင်စီသည် လျှောက်လွာပေါင်း ၁၄၀၀ ကျော်ကို လက်ခံရရှိခဲ့ပြီး ဒေသတွင်းနှင့်ပြည်ပလူ့အဖွဲ့အစည်းကိုကူညီပံ့ပိုးရန်ရည်ရွယ်သည့် ထူးချွန်သည့် ကျောင်းသား အယောက် ၁၀၀ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့သည်။

အရှေ့အာရှမှ ထိပ်တန်း စာမေးပွဲ ဖြေဆိုသူ သုံးဦးမှာ ဒေသဆိုင်ရာ IELTS ဆုကို ရရှိခဲ့သည်။

၂၀၂၀-၂၁ ပညာသင်နှစ် သို့မဟုတ် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တွင် ဒေသဆိုင်ရာ IELTS ဆုရရှိသည့် ကျောင်းသားများသည် သူတို့၏အိပ်မက်တက္ကသိုလ်များတွင်အဆင့်မြင့်ပညာရေးကိုသင်ကြားရန်အတွက်ပေါင် ၅၈၀၀၀ တန်ဖိုးရှိသော ဆုကြေးကို လက်ခံရရှိခဲ့ကြသည်။

အရှေ့အာရှနိုင်ငံများနှင့်နယ်နိမိတ်များမှဆုရရှိသူ ၂၆ ဦးမှာတော့ စုစုပေါင်း ပေါင် ၁၂၉၀၀၀ အထိရရှိခဲ့သည်။ ဒေသဆိုင်ရာ Grand Prize ဆုရှင် Hyunah Kim က“ ဗြိတိန်မှာပညာသင်ရတာဟာကျွန်မဖြစ်ချင်သည့် အိမ်မက် တစ်ခုဖြစ်ပါတယ်။ အခုကျွန်မ လန်ဒန်စီးပွားရေး ကျောင်းတွင် ဆက်လက်ပညာသင်ဖို့ ယူကေကို သွားဖို့ ပြင်ဆင်နေပါတယ်” ဟု ဆိုထားပါသည်။ I

ELTS ဆုကိုလက်ခံလိုက်ရခြင်းမှာ သူ၏ပညာရေး နှင့် အသက်မွေးဝမ်းကျောင်း ရည်မှန်းချက်များ ပြည့် မီစေရန် အကူအညီဖြစ်လိမ့်ဟု ယုံကြည်ပါသည်ဟု ဒေသဆိုင်ရာတတိယဆုရရှိသည့် ထိုင်ဝမ်မှ Ruey-Bin Tsai မှ ချီးကျူးပြောဆိုထားသည်။ ဆက်လက်၍ ၎င်းမှ “IELTS တွင် မေးခွန်းအမျိုးအစားအများကြီးရှိတယ်၊အဲ့တာက အင်္ဂလိပ်ဘာသာကို ဘာသာ စကားတစ်ရပ်လိုလေ့လာတာထက်စာလျှင် ပိုပြီးပျှော်ရွှင် ဖို့ကောင်းတယ်၊ IELTS က ကျွန်တော် အမြဲမက်ရသည့် အိမ်မက်ကျောင်း ဖြစ်သည့် အမေရိကန်ရှိအီလီနွိုက်ပြည်နယ် Urbana-Champaign ကို သွားဖို့ တံခါး ဖွင့် ပေးလိုက်သလိုပါပဲ” ဟု ဆိုထားသည်။

ထိုင်းနိုင်ငံတွင်းရှိ ပြည်တွင်း IELTS ဆုကို ထူးချွန်စွာ အောင်မြင်သော ကျောင်းသား သုံးဦးအား ဆုချီးမြှင့်ခဲ့

ဒေသဆိုင်ရာပထမဆုကို ရရှိခဲ့သည့် Khun Sawas Steven မှလည်း ယခုလို ပထမဆုရရှိခြင်းမှာ သူ၏ ဇွဲရှိမှုနှင့် စိတ်ပိုင်းဖြတ်ထားမှု အတွက် ထိုက်တန်သည့် အကျိုးရလဒ် ဖြစ်သည်ဟု ဆိုထားသည်။ ဗြိတိသျှကောင်စီမှ ပေးခဲ့သော အခွင့်ထူးဖြစ်ပြီး ထိုအခွင့်အလမ်းမှ တဆင့် သူ၏ ကြိုးစားအားထုတ်မှုများနှင့်အတူ အောင်မြင်မှုများကို ဆက်လက်တွန်းအားပေးနိုင်မည် ဖြစ်သည့်အတွက် ကျေးဇူးတင်မိပါသည်ဟု ၎င်းက ဆိုထားသည်။

COVID-19 ကပ်ရောဂါသည် ပြည်ပတွင် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အလားအလာများကို လေ့လာရန် စီစဉ်ထားသော သန်းနှင့် ချီသော ကျောင်းသားများ၏ အစီအစဉ်ကို ပျက်ယွင်းစေခဲ့ပါသည်။

အရှေ့အာရှ သည် ယူ‌ကေ၊ အမေရိကန်၊ မြောက်အမေရိက နှင့် ဩစတေးလျ နိုင်ငံများသို့ သွားရောက် ပညာသင်ကြားလိုသော ကျောင်းသားများ အတွက် အကြီးမားဆုံးစျေးကွက်ဖြစ်သည်။

IELTS သည်ကမ္ဘာ့လူကြိုက်အများဆုံးအင်္ဂလိပ်စာကျွမ်းကျင်မှုစာမေးပွဲသည်ကျောင်းသားများ၏ ၀င်ခွင့်လိုအပ်ချက်၏အဓိကအပိုင်းဖြစ်သည်။ “IELTS ဆုသည်နိုင်ငံတကာအဆင့်သင်ကြားစဉ်အတွင်းထူးချွန်ရန်နှင့်ပညာရေးတွင်ထူးချွန်ကြောင်းပြသသောကျောင်းသားများအားအသိအမှတ်ပြုသည်။ ပို၍ အရေးကြီးသည်မှာ၎င်းတို့သည်ပြည်ပ၌လေ့လာသင်ယူခဲ့ရာများကိုယူပြီးအိမ်ပြန်ရောက်သောအခါ၎င်းတို့အသိုင်းအဝိုင်းအတွက်အကျိုးရှိရန်ဆုံးဖြတ်ချက်ကိုပြနိုင်သည်။ လျင်မြန်စွာပြောင်းလဲနေသော ယခု ခေတ်ကြီးတွင် ပါရမီရှိသူတစ် ဦး ချင်းစီ၏ အရည်အချင်းကို အသ်အမှတ်ပြုရခြင်းကို ဂုဏ်ယူမိပါသည်။ နိုင်ငံတကာတွင် သွားရောက်လေ့လာခြင်းသည် အနာဂတ်တွင် ရှင်သန်နေထိုင်နိုင်ဖို့ ပြင်ဆင်ထားသင့်သည့် အကောင်းဆုံး နည်း ဖြစ်သည်” ဟု အရှေ့အာရှရှိဗြိတိသျှကောင်စီ၏ဒါရိုက်တာ Steve Adams က ပြောကြားခဲ့သည်။

ဆက်စပ်ဖတ်ရှုရန် >>> IELTS အကြောင်း သိကောင်းစရာများ

By Myanmar Education Guide - EDGE

Ref: acrofan

Latest Post News Read 609 times