Sales Hotline : 09448001653       Download App



B.H.M.S. Switzerland တွင် ဩဂုတ်လ ကျောင်းဖွင့်ချိန်အတွက်လျှောက်ထားနိုင်

Business and Hotel Management School (B.H.M.S.)မှ သြဂုတ်လ ကျောင်းဖွင့်ချိန် အတွက် လျှောက်လွှာခေါ်ယူနေပါတယ်။

မြန်မာ ဆယ်တန်း ၊ IGCSE ‘O’ Level / ‘A’ Level ၊ HND (UK) နဲ့ ဘွဲ့ရပြီးသူများစတဲ့ ပညာအရည်အချင်း ရှိထားသူတွေ လျှောက်ထားနိုင်ပြီး ကျောင်းလျှောက်ထားသူတွေအနေနဲ့ ဘွဲ့ဒီဂရီတန်း အတွက် လျှောက်ထားပါက (၆၅) သိန်းကျော်ခန့်အထိ ပညာသင်ဆုများ ၊ ဘွဲ့လွန်တန်းအတွက် လျှောက်ထားပါက သိန်း (၈၀) ကျော်အထိ ပညာသင်ဆုများ ရရှိနိုင်ဖို့ MSI နိုင်ငံခြားပညာရေး ဝန်ဆောင်မှုမှ လျှောက်ထားပေးလျက်ရှိတယ်လို့ သိရပါတယ်။

မြန်မာ ဆယ်တန်း ၊ IGCSE ‘O’ Level /’A’ Level ၊ HND (UK) နဲ့ အသိအမှတ်ပြု ဟိုတယ် သင်တန်းဆင်း လက်မှတ် ကိုင်ဆောင်ထားသူတွေအတွက် ဘွဲ့ဒီဂရီတန်းဖြစ်တဲ့ Diploma & Higher Diploma in Business & Hospitality Management, Bachelor Degree in Hospitality Management (သို့) Global Business Management ၊ ဘွဲ့ရပြီးသူများအတွက် M.Sc Degree in International Hospitality Management (သို့) Global Business Management ၊ ဘွဲ့ရပြီး လုပ်ငန်းအတွေ့အကြုံ (၂) နှစ် မှ (၃) နှစ်ရှိထားသူများအတွက် Graduate in Hospitality Business Management ၊ Food Preparation, á la cate Cuisine, Desserts နှင့် Kitchen Management ကို ပရော်ဖက်ရှင်နယ် အဆင့်ထိတတ်မြောက်အောင် သင်ကြားပေးမယ့် Culinary Arts Program စတဲ့ ဘာသာရပ်များစွာကို ရွေးချယ်တက်ရောက်နိုင်ပြီး Diploma နဲ့ Higher Diploma တန်းတို့အတွက် B.H.M.S. Switzerland မှ Certificate ပေးအပ်ပြီး Bachelor ၊ M.Sc နဲ့ Graduate Program တို့အတွက် B.H.M.S. Switzerland နှင့် Robert Gordon University Aberdeen တို့မှ ပေးအပ်တဲ့ ဘွဲ့လက်မှတ်ကို ချီးမြှင့်ခံရမှာဖြစ်ပါတယ်။

ဘွဲ့ဒီဂရီတန်းအတွက် စာသင်ကာလ (၃) နှစ်ကြာမြင့်ပြီး စာသင်နှစ်တစ်နှစ်စီတိုင်းတွင် စာသင်ကာလ (၆) လနဲ့အလုပ်သင်ကာလ (၄) လ မှ (၅) လ သင်ကြားမှု ပုံစံနဲ့ သင်ကြားရမှာဖြစ်ပါတယ်။ ကျောင်းလျှောက်ထားလိုသူတွေ အနေနဲ့ MSI ပညာရေးဝန်ဆောင်မှု ဖုန်း-၀၉၅၁၀၃၉၁၅၊ ၀၉၄၀၀၃၇၆၁၆၊ မန္တလေးရုံး ဖုန်း – ၀၉၉၇၆၀၅၈၆၂၆ နဲ့ ၀၉၄၀၂၅၁၇၅၄၉ ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Credit: Internet Journal

News Tips Latest Post Read 1072 times