Sales Hotline : 09448001653       Download App



ရန်ကုန်နှင့်စစ်ကိုင်းပညာရေးတက္ကသိုလ်တွင်ပြုလုပ်မည့် B.Ed စာပေးစာယူသင်တန်းများဆိုင်းငံ့

** Unicode **

B.Ed စာပေးစာယူ သင်တန်းများကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ပညာရေးတက္ကသိုလ်နှစ်ခုက ကြေညာထားပါတယ်။

ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ပြုလုပ်မည့်ပညာရေးဘွဲ့ (B.Ed) စာပေးစာယူသင်တန်းများကို ယခင်က ဧပြီ (၁၉) မှ မေ (၅) ရက်အထိနှင့် စာမေးပွဲကျင်းပမည့်ရက် မေ (၇) ရက်မှ (၁၃) ရက်အထိ အစီအစဉ်သတ်မှတ်ထားသော်လည်း ဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း ကြေညာထားပါတယ်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ပြုလုပ်မည့် ပညာရေးဘွဲ့ (B.Ed) စာပေးစာယူသင်တန်းများကို ယခင်က ဧပြီ (၂၂) ရက်မှ မေ (၆) ရက်အထိနှင့် စာမေးပွဲကျင်းပမည့် ရက် မေ (၉) ရက်မှ (၁၄) ရက်အထိ အစီအစဉ်သတ်မှတ်ထားသော်လည်း ဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ယင်းပညာရေးတက္ကသိုလ်နှစ်ခုလုံးက သင်တန်းကာလကျင်းပမည့်ရက်နှင့် စာမေးပွဲကာလအား ထပ်မံကြေညာသွားမည်ဟုသိရပါတယ်။

B.Ed စာပေးစာယူသင်တန်းများတက်ရောက်ရန် မူလဘွဲ့ တစ်ခုရရှိထားရမည်ဖြစ်ပြီး အထက်တန်းပြ၊ အလယ်တန်းပြနှင့် ပညာရေးဝန်ထမ်းများသာ လျှောက်ထားရမည်ဖြစ်ကြောင်းသိရပါတယ်။

ပညာရေးဘွဲ့ B.Ed စာပေးစာယူ (၂) နှစ်တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ပညာရေးဘွဲ့ B.Ed ရရှိမည်ဖြစ်ပြီး အလယ်တန်းပြနှင့် မူလတန်းကျောင်းအုပ်ဆရာများသည် အထက်တန်း၊ လက်ထောက်မြို့နယ် ပညာရေးမှူး၊ အလယ်တန်းကျောင်းအုပ်များအဖြစ် ရာထူးတိုးလျှောက်ထားနိုင်ပါတယ်။

ရန်ကုန်ပညာရေါ်တက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့တွင် နှစ်စဉ် B.Ed စာပေးစာယူသင်တန်းတက်ရောက်သူ သုံးထောင်နီးပါးရှိကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရပါတယ်။

Astrologer (15) နက္ခ ဗေဒင်သင်တန်းနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပညာရေးဝန်ကြီးဌာနက ဆရာ/ဆရာမ လေးသိန်းကျော်ကို ပို့ချမည် နွေရာသီသင်ရိုးသစသ် သင်တန်းများ၊ လူရည်ချွန်စခန်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ နွေရာသီရက်တို ရက်ရှည်သင်တန်းများကို ပိတ်သိမ်းရန် ညွှန်ကြားးထားပါတယ်။

Read More:>>> မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ် အရေးပေါ်ထုတ်ပြန်ကြေညာချက်

အခြားသော ဝန်ကြီးဌာနများဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ ရုပ်ရှင်ရုံများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ အားကစားကွင်းများ၊ သင်တန်းများကိုလည်း ကိုရိုနာဗိုင်းရပ်စ်တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များကြောင့် ပိတ်သိမ်းထားခြင်း၊ ရက်ရွှေ့ဆိုင်းခြင်းများကို ပြုလုပ်လျက်ရှိပါတယ်။

Credit: Dailyeleven

 

** Zawgyi **

B.Ed စာေပးစာယူ သင္တန္းမ်ားကို ဆိုင္းငံ့ထားမည္ျဖစ္ေၾကာင္း ပညာေရးတကၠသုိလ္ႏွစ္ခုက ေၾကညာထားပါတယ္။

ရန္ကုန္ပညာေရးတကၠသုိလ္တြင္ ျပဳလုပ္မည့္ပညာေရးဘြဲ႔ (B.Ed) စာေပးစာယူသင္တန္းမ်ားကို ယခင္က ဧၿပီ (၁၉) မွ ေမ (၅) ရက္အထိႏွင့္ စာေမးပြဲက်င္းပမည့္ရက္ ေမ (၇) ရက္မွ (၁၃) ရက္အထိ အစီအစဥ္သတ္မွတ္ထားေသာ္လည္း ဆိုင္းငံ့လိုက္ၿပီျဖစ္ေၾကာင္း ေၾကညာထားပါတယ္။

စစ္ကိုင္းပညာေရးတကၠသုိလ္တြင္ ျပဳလုပ္မည့္ ပညာေရးဘြဲ႔ (B.Ed) စာေပးစာယူသင္တန္းမ်ားကို ယခင္က ဧၿပီ (၂၂) ရက္မွ ေမ (၆) ရက္အထိႏွင့္ စာေမးပြဲက်င္းပမည့္ ရက္ ေမ (၉) ရက္မွ (၁၄) ရက္အထိ အစီအစဥ္သတ္မွတ္ထားေသာ္လည္း ဆိုင္းငံ့လိုက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။

ယင္းပညာေရးတကၠသုိလ္ႏွစ္ခုလံုးက သင္တန္းကာလက်င္းပမည့္ရက္ႏွင့္ စာေမးပြဲကာလအား ထပ္မံေၾကညာသြားမည္ဟုသိရပါတယ္။

B.Ed စာေပးစာယူသင္တန္းမ်ားတက္ေရာက္ရန္ မူလဘြဲ႔ တစ္ခုရရွိထားရမည္ျဖစ္ၿပီး အထက္တန္းျပ၊ အလယ္တန္းျပႏွင့္ ပညာေရးဝန္ထမ္းမ်ားသာ ေလ်ွာက္ထားရမည္ျဖစ္ေၾကာင္းသိရပါတယ္။

ပညာေရးဘြဲ႔ B.Ed စာေပးစာယူ (၂) ႏွစ္တက္ေရာက္ရမည္ျဖစ္ၿပီး သင္တန္းၿပီးဆုံးပါက ပညာေရးဘြဲ႔ B.Ed ရရွိမည္ျဖစ္ၿပီး အလယ္တန္းျပႏွင့္ မူလတန္းေက်ာင္းအုပ္ဆရာမ်ားသည္ အထက္တန္း၊ လက္ေထာက္ၿမိဳ႕နယ္ ပညာေရးမွဴး၊ အလယ္တန္းေက်ာင္းအုပ္မ်ားအျဖစ္ ရာထူးတိုးေလ်ွာက္ထားႏိုင္ပါတယ္။

ရန္ကုန္ပညာေရၚတကၠသုိလ္ႏွင့္ စစ္ကိုင္းပညာေရးတကၠသုိလ္တို႔တြင္ ႏွစ္စဥ္ B.Ed စာေပးစာယူသင္တန္းတက္ေရာက္သူ သံုးေထာင္နီးပါးရွိေၾကာင္း အဆင့္ျမင့္ပညာဦးစီးဌာနမွ သိရပါတယ္။

Astrologer (15) နကၡ ေဗဒင္သင္တန္းႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ပညာေရးဝန္ႀကီးဌာနက ဆရာ/ဆရာမ ေလးသိန္းေက်ာ္ကို ပို႔ခ်မည္ ေႏြရာသီသင္ရိုးသစသ္ သင္တန္းမ်ား၊ လူရည္ခ်ြန္စခန္းမ်ား၊ ကိုယ္ပိုင္ေက်ာင္းမ်ား၊ ေႏြရာသီရက္တို ရက္ရွည္သင္တန္းမ်ားကို ပိတ္သိမ္းရန္ ညႊန္ၾကားးထားပါတယ္။

Read More:>>> ျမန္မာႏိုင္ငံလံုးဆိုင္ရာ ဆရာ/ဆရာမမ်ားအဖြဲ႔ခ်ုပ္ အေရးေပၚထုတ္ျပန္ေၾကညာခ်က္

အျခားေသာ ဝန္ႀကီးဌာနမ်ားျဖစ္သည့္ ျပန္ၾကားေရးဝန္ႀကီးဌာနလက္ေအာက္ရွိ ရုပ္ရွင္ရံုမ်ား၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနလက္ေအာက္ရွိ အားကစားကြင္းမ်ား၊ သင္တန္းမ်ားကိုလည္း ကိုရိုနာဗိုင္းရပ္စ္တားဆီးကာကြယ္ေရးလုပ္ငန္းစဥ္မ်ားေၾကာင့္ ပိတ္သိမ္းထားျခင္း၊ ရက္ေရႊ႕ဆိုင္းျခင္းမ်ားကို ျပဳလုပ္လ်က္ရွိပါတယ္။

Credit: Dailyeleven

News Tips Latest Post Read 1997 times