Sales Hotline : 09448001653       Download App
** နှစ်သက်ရာကျောင်းများကို လျှောက်ထားနိုင်မည့် အခြေခံဆရာ/ဆရာမများ
**Unicode**
အခြေခံပညာဆရာ၊မ များအနေဖြင့် မိမိတို့ နှစ်သက်ရာဒေသနှင့်ကျောင်းကို လွတ်လပ်စွာလျှောက်ထားပိုင်ခွင့်အား ဥပဒေဖြင့်ပြဌာန်းပေးအပ်လိုက်ကြောင်းသိရပါတယ်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်အစိုးရအဖွဲ့နှင့်ပြည်ထောင်စုလွှတ်တော်က အခြေခံပညာရေးဥပဒေအသစ်ထဲတွင် ဆရာ၊မများရပိုင်ခွင့်ရှိသည့် အခွင့်အရေး (၇) ချက် ထည့်သွင်းရေးဆွဲပေးခဲ့ပြီး ယင်းအခွင့်အရေးထဲ ပြောင်းရွှေ့လျှောက်ထားခွင့်ကိစ္စများလည်းပါဝင်လာပါတယ်။
ပညာရေးဝန်ကြီးဌာန အခြေခံံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက “ဆရာ၊မတွေ အရင်ကလည်း ကျောင်းပြောင်းလျှောက်လို့ရတယ်။ဒါပေမယ့် ဒါက မူတစ်ခုပဲ။နေရာလွတ်ရင် ရမယ်။ဒီလောက်ပဲ။အခုကတော့ နိုင်ငံတော်က ဥပဒေပြဌာန်းပြီး ရပိုင်ခွင့်အခွင့်အရေးကို ခိုင်မာစွာပေးအပ်လိုက်တဲ့ သဘောပါ“ဟု ပြောကြားခဲ့ကြောင်းလည်းသိရပါတယ်။
Read More:>>>>  မုံရွာစီးပွားရေးတက္ကသိုလ်အဝေးသင်သင်တန်း စီးပွားရေးပညာနှင့် စီးပွားစီမံပညာမေဂျာများသို့ဝင်ခွင့်ရသူများ
လျှောက်ထားခွင့်ရမည်ဖြစ်သော်လည်း နေရာလွတ်ရှိမှသာ ရမည်ဟု ညွှန်ကြားရေးမှူးချုပ်ကဆက်လက်ပြောကြားပါတယ်။
ဝန်ကြီးဌာနဘက်က နည်းဥပဒေပြဌာန်းပြီး လုပ်ငန်းစဉ်များအား အသေးစိတ်ဆက်လက်ရေးဆွဲရန်လည်းရှိနေသေးကြောင်းသိရပါတယ်။
**Zawgyi**
Read More:>>>>  မုံရွာစီးပွားရေးတက္ကသိုလ်အဝေးသင်သင်တန်း စီးပွားရေးပညာနှင့် စီးပွားစီမံပညာမေဂျာများသို့ဝင်ခွင့်ရသူများ
Ministry of Education
(www.edge.com.mm)
News News Latest Post Read 4175 times