Sales Hotline : 09448001653       Download App



အခြေခံပညာကျောင်းသား/သူများ လေ့လာရေးခရီးစဉ်များရပ်ဆိုင်း

** Unicode **

COVID-19 ရောဂါကြောင့် အခြေခံပညာကျောင်းသား/သူ လူရည်ချွန်များ၏ နွေရာသီစခန်းချလေ့လာရေး ခရီးစဉ်များ ရပ်ဆိုင်းလိုက်ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ပြောပြချက်အရ သိရပါတယ်။

၂၀၂၀ ပြည့်နှစ် လူရည်ချွန်ကျောင်းသား/သူများကို ဧပြီ (၂၅) ရက်မှ လေ (၅) ရက်အထိ လူရည်ချွန်စခန်းများသို့ စေလွှတ်ရန် ပညာရေးဝန်ကြီးဌာနကလျာထားစီစဉ်ခဲ့သော်လည်း COVID-19 ရောဂါကာကွယ်သည့်အနေဖြင့် ယင်းအစီအစဉ်အားလုံးကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပါတယ်။

လူရည်ချွန်ကျောင်းသား/သူများကို ပညာရေးဝန်ကြီးဌာနက နှစ်စဉ်နွေရာသီကျောင်းပိတ်ရက်တွင် အင်းလေး၊ ငွေဆောင်နှင့် ပုဂံဒေသတို့သို့ စခန်းချအစီအစဉ်ကို ရပ်ဆိုင်းခြင်းကြောင့် လူရည်ချွန်များကို ဆုချီးမြှင့်မည့်အစီအစဉ်ကိုလည်း ထပ်မံအသိပေးမည်ဖြစ်ပါတယ်။

Business Management (184) စီးပွားရေး စီမံခန့်ခွဲမှု သင်တန်းများနှင့်ပတ်သက်ပြီး (၁၈၄) ခုရှာရန်  နှိပ်ပါ။

ယခုနှစ်အဌမတန်း၊ နဝမတန်း၊ တက္ကသိုလ်ဝင်တန်းတို့တွင် လူရည်ချွန်ရွေးချယ်ခံရသည့် စာရင်းများကို အခြေခံပညာဦးစီးဌာနမှ ဖေဖော်ဝါရီနောက်ဆုံးပတ်က ကြေညာပေးခဲ့ပြီး လူရည်ချွန်များကို လေ့လာရေးနှင့် စခန်းချခရီးစဉ်စေလွှတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Credit: မြဝတီ
 

** Zawgyi **






Credit: မြဝတီ
 

News News Latest Post Read 1144 times