Sales Hotline : 09448001653       Download App



ယခုနှစ် အခြေခံပညာစတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲ ကုစားမရှိ

ယခုနှစ် အခြေခံပညာစတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲ ကုစားမရှိ

ယခုပညာသင်နှစ် ၂၀၁၇-၁၈ ၏ အခြေခံပညာ စတုတ္ထတန်းနှင့် အဌမတန်း တို့၏ အအောင်၊ အရှုံးကို ဆုံးဖြတ်ရာတွင် နောက်ဆက်တွဲ ဖြည့်ဆည်းကုစား စာမေးပွဲများ ထပ်မံပြုလုပ်မည်မဟုတ်ဘဲ ယခင်နှစ်က ချမှတ်ထားသော မူဝါဒဖြစ်သည့် ပညာသင်နှစ်အတွင်း ဖြေဆိုခဲ့ရသော စာမေးပွဲ အကြိမ်အရေအတွက်ဖြင့် အဆောင်၊ အရှုံး ဆုံးဖြတ်သွားမည် ဖြစ်သည်။

ယခင်က ပညာသင်နှစ်တစ်နှစ်တွင် လပတ်စာမေးပွဲ၊ ပထမနှစ်ဝက်စာမေးပွဲကို အနည်းဆုံး ခုနှစ်ကြိမ်ခန့် စစ်ဆေးခဲ့ရာမှ ယခုနှစ်မှ စတင်ပြီး လေးကြိမ်သာ ပြုလုပ် ခဲ့ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

READ - အလယ်တန်းနဲ့ အထက်တန်းကျောင်းသား၊ ကျောင်းသူများကို ဒီဂျစ်တယ်နည်းပညာ အခမဲ့သင်ကြားပေးမည်

ယခုနှစ်အတွက် အခြေခံပညာကျောင်းများတွင် အခန်းဆုံးစာမေးပွဲ စစ်ဆေးခြင်းနှစ်ကြိမ်နှင့် နှစ်ဝက်ဆုံး စာမေးပွဲ နှစ်ကြိမ် စုစုပေါင်း လေးကြိမ်သာ ပြုလုပ်ရန် ညွှန်ကြားခဲ့သည်။

အခန်းဆုံး စာမေးပွဲ စစ်ဆေးခြင်းများကို ဇူလိုင်လကုန်တွင် စစ်ဆေးခြင်း၊ ပထမနှစ်ဝက် စာမေးပွဲကို အောက်တိုဘာလတွင် စစ်ဆေးခြင်း၊ ဒီဇင်ဘာလတွင် အခန်းဆုံးစာမေးပွဲ စစ်ဆေးခြင်း၊ ဖေဖော်ဝါရီလတွင် ဒုတိယနှစ်ဝက်ဆုံး စာမေးပွဲ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

အခန်းဆုံးစစ်ဆေးခြင်းများနှင့် နှစ်ဝက်ဆုံး စာမေးပွဲများ ပြုလုပ်ပြီးတိုင်း အားနည်းသော သင်ခန်းစာများကို ပြန်လည်ဖြည့်ဆည်း သင်ကြားရမည်ဖြစ်သည့်အပြင် ဘာသာရပ်အဖွဲ့များ ဆွေးနွေးခြင်း၊ မိဘများအား ခေါ်ယူတွေ့ဆုံပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး အခြေအနေကို ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today

News Read 7873 times