Sales Hotline : 09448001653       Download App



အောင်စာရင်းထုတ်ပြန်ပါက လူစုလူဝေးမဖြစ်စေရန် လုပ်ဆောင်မည်

** Unicode **

အခြေခံပညာအောင်စာရင်းများ ထုတ်ပြန်ပါက လူစုလူဝေးမဖြစ်စေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရပါတယ်။

အခြေခံပညာအောင်စာရင်းများကို ဇွန်လ (၁၃) ရက်နေ့တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အောင်စာရင်းထွက်သည့်နေ့တွင် လူစုလူဝေးမဖြစ်စေရန် ထိန်းသိမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

အောင်စာရင်းထုတ်ပြန်သည့်ရက်တွင် ကျောင်းသား/သူများနှင့် မိဘများ အားလုံး ကျောင်းများသို့ လာရောက်ကြည့်ကြမည်ဖြစ်ပါတယ်။ တစ်ယောက်နှင့်တစ်ယောက် အကွာအဝေး (၆) ပေရှိရမည်ဖြစ်ပေမဲ့ မလွယ်ကူကြောင်းလည်း သိရပါတယ်။

အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လူစုလူဝေးမဖြစ်အောင် သက်ဆိုင်ရာကျောင်းများက ကြီးကြပ်သွားမှာ ဖြစ်ပါတယ်။

High School အထက်တန်းကျောင်းများ (251) High School နှင့်ပတ်သက်ပြီး သင်တန်း (၂၅၁)ခု ရှာရန်နှိပ်ပါ။

အခြေခံပညာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်၊ ကျောင်းစစ်များနှင့် အစိုးရစစ်မျာ၏ အောင်စာရင်းများကို ယခုနှစ်တွင် ကမ္ဘာ့ကပ်ဘေး COVID-19 ရောဂါကြောင့် အောင်စာရင်းထုတ်ပြန်မည့်ရက် နောက်ကျခဲ့ရာတွင် ဇွန်လ (၁၃) ရက်တွင် ထုတ်ပြန်မည်ဖြစ်ပြီး အထက်တန်းဆင့်ပြီးမြောက်ကြောင်း လက်မှတ်ပေအပ်မည့် စာရင်းများလည်း ထုတ်ပြန်မည်ဖြစ်ကြောင်း သိရပါတယ်။

Photo: Google

 

** Zawgyi **

 







Photo: Google

 

News News News Latest Post Read 14536 times