Sales Hotline : 09448001653       Download App



အခြေခံပညာအတန်းများအတွက် စာမေးပွဲကာလ သတ်မှတ်ခြင်း

အခြေခံပညာအတန်းများအတွက် စာမေးပွဲကာလ သတ်မှတ်ခြင်း

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ အခြေခံပညာအတန်းများအတွက် စာမေးပွဲကာလ သတ်မှတ်ခြင်း၊ အောင်စာရင်း ထုတ်ပြန်ခြင်းနှင့် အခြေခံပညာ န၀မတန်း ကျောင်းတွင်း စစ်(ပြင်ပ) စာမေးပွဲများကျင်းပဆောင်ရွက်ရန် ဖြစ်သည်။

၂၀၁၈-၁၉ ပညာသင်နှစ် အခြေခံပညာအတန်းအသီးသီး၏ နှစ်ဆုံး၊ အခန်းဆုံးစစ်ဆေးခြင်းနှင့် ဒုတိယနှစ်ဆုံးစစ်ဆေးခြင်းများကို အောက်ပါအတိုင်း စစ်ဆေးသွားရန်ဖြစ်ပါသည် -

(က) စတုတ္ထတန်း(Grade-5)နှင့် အဋ္ဌမတန်း (Grade-9) စာမေးပွဲများကို (၁၈.၂.၂၀၁၉) မှ (၂၅.၂.၂၀၁၉)အတွင်း ကျင်းပရန်ဖြစ်ပါသည်။

(ခ) ကျန်ရှိသော ကျောင်းတွင်းစစ်စာမေးပွဲများကို (၄.၂.၂၀၁၉)မှ (၁၁.၂.၂၀၁၉) အတွင်း (စနေနေ့နှင့်တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်မှအပ) ကျင်းပရန်ဖြစ်ပါသည်။

(ဂ) ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို (၆.၃.၂၀၁၉) မှ (၁၅.၃.၂၁၉) အတွင်း ကျင်းပ မည်ဖြစ်ပါသည်။

၃။ အခြေခံပညာမူလတန်း (စတုတ္ထတန်း)(Grade 5)နှင့် အခြေခံပညာအလယ်တန်း(အဋ္ဌမတန်း) (Grade-9) နှစ်ဆုံးစာမေးပွဲများကို အောက်ပါနေ့ရက်/အချိန်များတွင် ဘာသာရပ်အလိုက် စစ်ဆေး သွားရန်ဖြစ်ပါသည်။

ရက်စွဲ

စတုတ္ထတန်း

(နံနက် ၉ နာရီမှ ၁၀း၃၀ နာရီအထိ)

အဌမတန်း

(နံနက် ၉ နာရီမှ ၁၁း၀၀ နာရီအထိ)

၁၈--၂၀၁၉

မြန်မာစာ

မြန်မာစာ

၁၉--၂၀၁၉

အင်္ဂလိပ်စာ

အင်္ဂလိပ်စာ

၂၀--၂၀၁၉

သင်္ချာ

သင်္ချာ

၂၁--၂၀၁၉

အခြေခံသိပ္ပံ

ပထ၀ီဝင်

၂၂--၂၀၁၉

လူမှုရေး

သမိုင်း

၂၅--၂၀၁၉

 

အထွေထွေသိပ္ပံ

 

 

News Read 10226 times