Sales Hotline : 09448001653       Download App



Bakery and Coffee Training သင်တန်း ဖွင့်လှစ်မည်

** Unicode **

မသန်စွမ်းသူများအတွက်    Bakery and  Coffee  Training သင်တန်းကို  ရန်ကုန်တိုင်းဒေသကြီး   လှည်းကူးမြို့၌  တစ်လကြာ ဖွင့်လှစ် သင်ကြားမည်ဖြစ်ကြောင်း   ရွှေမင်းသား ဖောင်ဒေးရှင်း(မြန်မာ) မှ Assistant Regional Officer ဦးကျော်ထက်အောင် ၏ ပြောပြချက်အရ သိရပါတယ်။

“ယခု သင်တန်းအမှတ်စဉ် (၁/၂၀၂၀)အတွက်  သင်တန်းသား ခေါ်ယူတာပါ။  သင်တန်းသား ဦးရေ ကန့်သတ်ထားပါတယ်။ ပဏာမ ရွေးချယ်ခံရတဲ့  သင်တန်းသားတွေကို လူတွေ့ အင်တာဗျူးလုပ်မယ်။ သင်တန်းဝင်ခွင့် လျှောက်လွှာပုံစံတွေကို  Download     ယူပြီး  E-mail ဒါမှမဟုတ် Viber နဲ့လည်း ပေးပို့လျှောက်ထားနိုင်ပါတယ်” ဟု ဦးကျော်ထက်အောင် ကပြောကြားခဲ့ပါတယ်။

အဆိုပါသင်တန်းတွင်  သင်တန်းသား ၂၀ ဦး အထိ ကန့်သတ်ထားကာ သင်တန်း လျှောက်လွှာကို ရွှေမင်းသား ဖောင်ဒေးရှင်းရုံးချုပ်သို့  ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထား  ပေးပို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရပါတယ်။

သင်တန်းပြီးဆုံးပါက ထူးချွန်စွာ အောင်မြင်သော သင်တန်းသားများကို ဟိုတယ်များ၊ မုန့်နှင့် ကော်ဖီဆိုင်များ၌  အလုပ်အကိုင် ရရှိရေးအတွက်  ဖောင်ဒေးရှင်းမှ ချိတ်ဆက်ရှာဖွေ ပေးမည်ဖြစ်ကြောင်း သိရပါတယ်။

Read More:>>>>  Computer & IT နှင့် ပတ်သက်တဲ့ သင်တန်းတွေကို လိပ်စာနှင့်ဖုန်းနံပါတ် အကုန်အစုံသိလိုပါက....

အဆိုပါ သင်တန်းနှင့် ပတ်သက်၍  အသေးစိတ် သိရှိလိုပါက Assistant Regional Officer ဦးကျော်ထက်အောင်   ဖုန်း-၀၉-၆၈၈၈၈၆၁၃၀ သို့  ဆက်သွယ် မေးမြန်းနိုင်ကြောင်း  သိရပါတယ်။

#MFID

** Zawgyi **





Read More:>>>  Computer & IT နှင့် ပတ်သက်တဲ့ သင်တန်းတွေကို လိပ်စာနှင့်ဖုန်းနံပါတ် အကုန်အစုံသိလိုပါက....


#MFID

 

Latest Post News Tips Read 1421 times