Sales Hotline : 09448001653    



ပဲခူးတိုင်းအထက်တန်းကျောင်းများတွင် အင်္ဂလိပ်စာသင်ကြားပေးရန် အမေရိကန်နိုင်ငံသား (၁၂)ဦးချထားပေး

ပဲခူးတိုင်းအထက်တန်းကျောင်းများတွင် အင်္ဂလိပ်စာသင်ကြားပေးရန် အမေရိကန်နိုင်ငံသား (၁၂)ဦးချထားပေး

ပဲခူးတိုင်းအရှေ့တိုင်းခြမ်းနှင့် အနောက်ခြမ်းမြို့နယ်များရှိ အထက်တန်းကျောင်းအချို့မှ ကျောင်းသားများကို အင်္ဂလိပ်စာသင်ပေးရန် အမေရိကန်နိုင်ငံသား စေတနာ့ဝန်ထမ်း ဆရာ/ဆရာမ (၁၂) ဦးကို Peace Corps Myanmar ကချထားပေးကြောင်း ပဲခူးတိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။

 

ဒီနှစ်စာသင်နှစ်အတွက် သဲကုန်းနှင့် ဝေါမှာ () ဦးစီနှင့် တောင်ငူ၊ ဒိုက်ဦးနှင့် အုတ်တွင်းမှာ () ဦးစီ တာဝန်ထမ်းဆောင်နေပါပြီး၊တစ်ဦးကို ()နှစ်စီဆိုတော့ တချို့မြို့နယ်တွေမှာ လက်ကျန်တွေရှိသေးတယ်"ဟု ၄င်းကပြောကြားပါသည်။

 

စေတနာ့ဝန်ထမ်း ဆရာများသည် တာဝန်ကျရာ ဝေါ၊ ဒိုက်ဦး၊ အုတ်တွင်း၊ တောင်ငူနှင့် သဲကုန်းရှိ အထက်တန်းကျောင်း (၁၂) ကျောင်းတွင် ယခုပညာသင်နှစ်အတွက် အင်္ဂလိပ်စာသင်ကြားရေး စတင်တာဝန်ထမ်းနေကြပြီးဖြစ်ပါသည်။

 

Peace Corps Myanmar က စေတနာ့ဝန်ထမ်းများ ချထားပေးရန် ပညာရေးဌာနကို တောင်းခံပြီးနောက် နေထိုင်ရေး၊ လုံခြုံရေးကို ကွင်းဆင်းလေ့လာကာ စေတနာ့ဝန်ထမ်းနှင့် ပြန်လည်ညှိနှိုင်းပြီးမှသာ သင်ကြားမည့်ကျောင်းကို ရွေးချယ်ပေးကြောင်း ပညာရေးအသိုင်းအဝိုင်းထံမှ သိရှိရပါသည်။

 

ကျွန်မတို့ကျောင်းမှာ တာဝန်ကျဆရာမက မနှစ်ကတည်းက ရောက်တာပါ။ () တန်းမှာ သင်ကြားရေးပူးတွဲ တာဝန်ထမ်းနေပြီး ကျန်ကျောင်းသားအချို့ကို အင်္ဂလိပ်စကားပြော သင်ပေးပါတယ်။ အခုနှစ်အတွက် အထက () နှင့် အထက () မှာ ထပ်ရောက်တယ်"တောင်ငူမြို့နယ် အထက () မှ တာဝန်ရှိသူတစ်ဦးကပြောကြားပါသည်။

 

Peace Corps Myanmar မှ စေတနာ့ဝန်ထမ်းဆရာများကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပဲခူး၊ သနပ်ပင်နှင့် ကဝမြို့နယ်များတွင် ဆရာ၊ဆရာမ () ဦး စတင်စေလွှတ်ခဲ့ပြီး ၂၀၁၈-၂၀၁၉ တွင် ညောင်လေးပင်၊ တောင်ငူ၊ ရေတာရှည်၊ ပြည်၊ ပေါင်းတည်၊ အုတ်ဖို၊ မိုးညို၊ လက်ပံတန်းမြို့နယ်များအတွက် စေတနာ့ ဝန်ထမ်း (၁၁) ဦးစေလွှတ်ခဲ့ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။

 

Read More: (၁၀) တန်းအမှတ်စာရင်း ထုတ်ယူရန်လိုအပ်သည်များ နှင့်လိပ်စာအပြည့်အစုံ

 

 

အုတ်တွင်းက ဆရာတွေက နွေကတည်းက ရောက်နေတာ၊ သူတို့ကို ဆိုင်ကယ်စီးခွင့်မပေးဘူးလို့သိရပါတယ်။ စက်ဘီးနှင့် ကျောင်းတက်ကျောင်းဆင်း လုပ်ကြပြီး မြန်မာလိုတောင် အတော်လေးပြောတတ်နေကြပြီ"ဟု ဒေသခံတစ်ဦးက ပြောကြားပါသည်။

 

ပြည်တွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းအချို့တွင် ယခုစာသင်နှစ်မှစတင်ကာ () နှစ်တိတိ အင်္ဂလိပ်စာ သင်ကြားရေး စေတနာ့ဝန်ထမ်းတာဝန်များ စတင်ထမ်းဆောင်မည့် ဆရာ၊ ဆရာမ (၃၀) ကျော်သည် ယခုနှစ် ဧပြီလ (၂၅) ရက်က ကတိသစ္စာပြုခဲ့ကြောင်း Peace Corps Myanmar က ထုတ်ပြန်ထားပါသည်။

 

Source: The Voice

 

News Read 1137 times