Sales Hotline : 09448001653       Download App



အဝေးသင်ဒုတိယနှစ်မှ စတင်တက်ရောက်နိုင်မည့် ပညာရေးကောလိပ်ဒီပလိုမာရထားသူများ

** Unicode **

ပညာရေးကောလိပ်လုပ်ငန်းခွင်ကြိုဆရာအတတ်ပညာဒီပလိုမာ (D.TEd) အောင်မြင်သူများသည် အဝေးသင်ဒုတိယနှစ်မှ စတင်တက်ရောက်နိုင်ကြောင်းပညာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

D.TEd ဒုတိယနှစ်ပြီးသူများကို ပညာရေးကောလိပ်တွင်သင်ယူသည့် ဘာသာရပ်နှင့် အဝေးသင်တက္ကသိုလ်တွင် ယူမည့်ဘာသာရပ်ကိုက်ညီပါက အဝေးသင်တက္ကသိုလ် ဒုတိယနှစ်မှ စတင်တက်ရောက်ခွင့်ပြုမည်ဖြစ်ပါတယ်။

ပညာရေးကောလိပ်ဆင်းကျောင်းသား/သူများအတွက် ၎င်းတို့ ပညာရေးကောလိပ်မှာ သင်ယူခဲ့သည့် ဘာသာတွဲဖြင့် အဝေးသင်မှာ ဆက်လက်တက်ရောက်မည့် ဘာသာတူလျှင် ဒုတိယနှစ်မှ စတင်လက်ခံနိုင်ရန် အဆင့်မြင့်ပညာဦးစီးဌာနတာဝန်ရှိသူတစ်ဦးမှ ပြောကြားပါတယ်။

ပညာရေးကောလိပ်ဆင်း ကျောင်းသား/သူများအနေဖြင့် အခြေခံပညာကျောင်းများတွင်လည်း လုပ်ငန်းခွင် ဝင်ရောက်နေသည့် ဆရာ/ဆရာမများလည်းဖြစ်၍ တာဝန်ထမ်းဆောင်နေသည့်ကျောင်းနှင့် တက္ကသိုလ်အကွာအဝေးအရ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်များ သတ်မှတ်ပေးရန်၊ အဝေးသင်တက္ကသိုလ် ဒုတိယနှစ်မှစတင်တက်ရောက်ရန် လျှောက်ထားပါက ပညာကောလိပ်တွင် သင်ယူခဲ့သည့် ဘာသာတွဲပေါ်မူတည်၍ အဝေးသင်တွင် ယူရမည့်ဘာသာရပ်ကို သက်ဆိုင်ရာ တက္ကသိုလ်ပညာရေးအဖွဲ့မှ ဆုံးဖြတ်ရန် အဆင့်မြင့်ပညာဦးစီးဌာနမှ ညွန်ကြားထားပါတယ်။

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးပါက လုပ်ငန်းခွင်ကြိုမူလတန်းဆရာ အတတ်ပညာဒီပလိုမာ (၂) နှစ်သင်တန်းကို တက်ရောက်ပြီးဆုံးပါက ပညာရေးဘွဲ့ (B.Ed) သင်တန်းကိုဆက်လက်တက်ရောက်ခွင့်ရှိပါတယ်။

ပညာရေးဝန်ကြီးဌာန ရာထူးတိုးမူဝါဒအရ  တက္ကသိုလ်မှ ဘွဲ့တစ်ခုရရှိထားရန် လိုအပ်သဖြင့် B.Ed တက်ခွင့်မရသည့် ပညာရေးကောလိပ်ဆင်း မူလတန်းပြဆရာ/ဆရာမများသည် အဝေးသင်တက္ကသိုလ်တွင် လုပ်ငန်းခွင်ဝင်နေစဉ် တက်ရောက်ခြင်းဖြစ်ပါတယ်။

Read More:>>> "အင်္ဂလိပ်စကားပြောမယ်ဆို ဒီစကားလုံးလေးတွေက အသုံးဝင်ပါတယ်နော်....

ပုံမှန်ကျောင်းသား/သူများသည် အဝေးသင်တက္ကသိုလ် (၄) နှစ်တက်ရောက်မှသာလျှင် ဘွဲ့ရရှိမည်ဖြစ်သော်လည်း ပညာရေးကောလိပ်ဆင်းကျောင်းသား/သူများသည် (၃) နှစ်တက်ရောက်ပြီးပါက အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရရှိမည်ဖြစ်ပါတယ်။

www.edge.com.mm

 

** Zawgyi **

ပညာေရးေကာလိပ္လုပ္ငန္းခြင္ႀကိဳဆရာအတတ္ပညာဒီပလိုမာ (D.TEd) ေအာင္ျမင္သူမ်ားသည္ အေဝးသင္ဒုတိယႏွစ္မွ စတင္တက္ေရာက္ႏိုင္ေၾကာင္းပညာေရးဝန္ႀကီးဌာနက ေၾကညာထားပါတယ္။

D.TEd ဒုတိယႏွစ္ၿပီးသူမ်ားကို ပညာေရးေကာလိပ္တြင္သင္ယူသည့္ ဘာသာရပ္ႏွင့္ အေဝးသင္တကၠသိုလ္တြင္ ယူမည့္ဘာသာရပ္ကိုက္ညီပါက အေဝးသင္တကၠသိုလ္ ဒုတိယႏွစ္မွ စတင္တက္ေရာက္ခြင့္ျပဳမည္ျဖစ္ပါတယ္။

ပညာေရးေကာလိပ္ဆင္းေက်ာင္းသား/သူမ်ားအတြက္ ၎တို႔ ပညာေရးေကာလိပ္မွာ သင္ယူခဲ့သည့္ ဘာသာတြဲျဖင့္ အေဝးသင္မွာ ဆက္လက္တက္ေရာက္မည့္ ဘာသာတူလွ်င္ ဒုတိယႏွစ္မွ စတင္လက္ခံႏိုင္ရန္ အဆင့္ျမင့္ပညာဦးစီးဌာနတာဝန္ရွိသူတစ္ဦးမွ ေျပာၾကားပါတယ္။

ပညာေရးေကာလိပ္ဆင္း ေက်ာင္းသား/သူမ်ားအေနျဖင့္ အေျခခံပညာေက်ာင္းမ်ားတြင္လည္း လုပ္ငန္းခြင္ ဝင္ေရာက္ေနသည့္ ဆရာ/ဆရာမမ်ားလည္းျဖစ္၍ တာဝန္ထမ္းေဆာင္ေနသည့္ေက်ာင္းႏွင့္ တကၠသိုလ္အကြာအေဝးအရ ဝိဇၨာ၊ သိပၸံဘာသာရပ္မ်ား သတ္မွတ္ေပးရန္၊ အေဝးသင္တကၠသိုလ္ ဒုတိယႏွစ္မွစတင္တက္ေရာက္ရန္ ေလွ်ာက္ထားပါက ပညာေကာလိပ္တြင္ သင္ယူခဲ့သည့္ ဘာသာတြဲေပၚမူတည္၍ အေဝးသင္တြင္ ယူရမည့္ဘာသာရပ္ကို သက္ဆိုင္ရာ တကၠသိုလ္ပညာေရးအဖြဲ႕မွ ဆုံးျဖတ္ရန္ အဆင့္ျမင့္ပညာဦးစီးဌာနမွ ၫြန္ၾကားထားပါတယ္။

တကၠသိုလ္ဝင္တန္းေအာင္ျမင္ၿပီးပါက လုပ္ငန္းခြင္ႀကိဳမူလတန္းဆရာ အတတ္ပညာဒီပလိုမာ (၂) ႏွစ္သင္တန္းကို တက္ေရာက္ၿပီးဆုံးပါက ပညာေရးဘြဲ႕ (B.Ed) သင္တန္းကိုဆက္လက္တက္ေရာက္ခြင့္ရွိပါတယ္။

ပညာေရးဝန္ႀကီးဌာန ရာထူးတိုးမူဝါဒအရ  တကၠသိုလ္မွ ဘြဲ႕တစ္ခုရရွိထားရန္ လိုအပ္သျဖင့္ B.Ed တက္ခြင့္မရသည့္ ပညာေရးေကာလိပ္ဆင္း မူလတန္းျပဆရာ/ဆရာမမ်ားသည္ အေဝးသင္တကၠသိုလ္တြင္ လုပ္ငန္းခြင္ဝင္ေနစဥ္ တက္ေရာက္ျခင္းျဖစ္ပါတယ္။

Read More:>>>>  အဂၤလိပ္စကားေျပာမယ္ဆို ဒီစကားလံုးေလးေတြက အသံုးဝင္ပါတယ္ေနာ္....

ပုံမွန္ေက်ာင္းသား/သူမ်ားသည္ အေဝးသင္တကၠသိုလ္ (၄) ႏွစ္တက္ေရာက္မွသာလွ်င္ ဘြဲ႕ရရွိမည္ျဖစ္ေသာ္လည္း ပညာေရးေကာလိပ္ဆင္းေက်ာင္းသား/သူမ်ားသည္ (၃) ႏွစ္တက္ေရာက္ၿပီးပါက အေဝးသင္တကၠသိုလ္မွ ဘြဲ႕ရရွိမည္ျဖစ္ပါတယ္။

www.edge.com.mm

News Tips Latest Post Read 5505 times