Sales Hotline : 09448001653       Download App



ပညာရေးကဏ္ဍ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ၃ ခု အတည်ပြု

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ၏ (၁၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၅ ခုကို အတည်ပြုခဲ့ပါသည်။ စိုက်ပျိုးရေးကဏ္ဍလုပ်ငန်း တစ်ခု၊ ပညာရေးကဏ္ဍလုပ်ငန်း သုံးခုနှင့် လက်ကားလက်လီအရောင်းလုပ်ငန်းတစ်ခုတို့ ဖြစ်ပါသည်။

 

 

အဆိုပါ ပညာရေးကဏ္ဍလုပ်ငန်း သုံးခု၏ ကုမ္ပဏီအမည်၊ တည်နေရာနှင့်  ရင်းနှီးမြှုပ်နှံမှုအမျိုးအစားတို့ကို ဖော်ပြအပ်ပါသည်။

၁။ Network International Education Service Limited
ကုန်းမြင့်ရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ်နှင့် အင်းယားမြိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
အခြေခံ ပညာရေး ဝန်ဆောင်မှု လုပ်ငန်း
ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု 

၂။  Zaw Moe Company Limited
သီရိမင်္ဂလာမ်း၊ ၅ ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
အခြေခံပညာပုဂ္ဂလိကကျောင်းလုပ်ငန်း
ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု

၃။ Y-Max Technologies Company Limited 
ကမာရွတ်မြို့နယ်၊  ရန်ကုန်တိုင်းဒေသကြီး
အဆင့်မြင့် ပညာရေး ဝန်ဆောင်မှု လုပ်ငန်း
ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု

By Myanmar Education Guide (EDGE)
 

Latest Post News Read 1641 times