Sales Hotline : 09448001653   Find A Tutor     Download App



ဆယ်တန်းအမှတ်စာရင်း ပြန်စစ်လိုသူများ၏ လျှောက်လွှာ (၅၀၀) ကျော်ရှိလာခြင်း

ဆယ်တန်းအမှတ်စာရင်း ပြန်စစ်လိုသူများ၏ လျှောက်လွှာ (၅၀၀) ကျော်ရှိလာခြင်း

တက္ကသိုလ်ဝင်စားမေးပွဲ ဘာသာရပ်အလိုက် ရမှတ်စာရင်းများ ပြန်စစ်ပေးရန် အတွက် ကျောင်းသား (၅၀၀) ကျော် လျှောက်ထားကြောင်းမြန်မာနိုင်ငံ စာစစ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။

 

ကျောင်းသား/သူ အများအနေဖြင့် မိမိတို့၏ ရမှတ်များအပေါ်တွင် ခန့်မှန်းထားသည့် အမှတ်နှင့် ကွာဟမှုရှိနေ၍ ပြန်လည်စစ်ဆေးလိုလျှင် တစ်ဘာသာလျှင် (၂၅၀၀၀) ကျပ်ဖြင့် ပြန်လည်စစ်ပေးရန် လျှောက်ထားနိုင်ကြောင်း ယင်းဌာနက ခွင့်ပြုထားခြင်းဖြစ်ပါသည်။

 

လျှောက်ထားသူများအနေဖြင့် ကျောင်းသားအမည်၊ ခုံနံပါတ်၊ မိဘအမည်၊ မွေးသက္ကရာဇ်၊ ဖြေဆိုခဲ့သည့် စာစစ်ဌာန၊ ပြန်စစ်ပေးရန် တောင်းဆိုသည့် ဘာသာရပ်၊ ဆက်သွယ်ရန် လိပ်စာတို့ကို စာစစ်ဌာနသို့ ပေးရမည်ဖြစ်ပါသည်။

 

အချိန်အတိုင်းအတာအနေနှင့် လျှောက်လွှာတင်သည့်နေ့မှ တစ်လအတွင်း ပြန်သိရမည်ဖြစ်ပြီး လျှောက်ထားမှုကို ရက်သတ်မှတ် မထားသော်လည်း တက္ကသိုလ်ဝင်ခွင့် နောက်ဆုံးတင်ရမည့် အချိန်အထိသာဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောဆိုပါသည်။

 

Read More: အဖြေလွှာပြန်လည်စစ်ဆေးခြင်း လျှောက်လွှာများကို စတင်လျှောက်ထားနိုင်တော့မည်

 

ယခုနှစ်တွင် အမှတ်စာရင်းပြန်စစ်ရန်ငွေကြေးမှာ တစ်ဘာသာလျှင် (၂၅၀၀၀) တောင်းပြီး ယခင်နှစ်က တစ်ဘာသာလျှင် ကျပ် (၅၀၀၀) သာ ပေးရပါသည်။ ယခင်နှစ်က အမှတ်စာရင်းပြန်စစ်ဆေးပေးရန် တောင်းဆိုသူ ကျောင်းသား (၁၀၀၀) ခန့်ရှိခဲ့ကြောင်း ၄င်းဌာနမှ သိရပါသည်။

 

Source: The Voice

 

News Read 2744 times