Sales Hotline : 09448001653       Download App



နေ့စားလပေး ပညာရေးရုံးဝန်ထမ်းများအား စိစစ်ပြီး အမြဲတမ်းဝန်ထမ်းခန့်အပ်မည်

နေ့စားလပေး ပညာရေးရုံးဝန်ထမ်းများအား စိစစ်ပြီး အမြဲတမ်းဝန်ထမ်းခန့်အပ်မည်

နေ့စားလပေး ပညာရေးရုံးဝန်ထမ်းများအား အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ကပြောပါသည်။


“ရုံးဝန်ထမ်း အကုန်လုံးကို ပြည်ထောင်စုဝန်ကြီး က လမ်းညွှန်ထားပြီးသား သူတို့က စာမေးပွဲတော့ ဖြေရအုံးမယ်။ဒါဆရာတို့ ပညာရေးဝန်ကြီးဌာရဲ့ လုပ်ထုံးလုပ်နည်းအရ ပေါ့။စာမေးပွဲဖြေပြီးရင် လိုအပ်တဲ့ နေ့စားလပေးတွေကို ခန့်ဖို့ အစီအစဉ်တော့ရှိတယ်။ အခုလောလောဆယ်အနေအထားအရ သူတို့ အနေနဲ့တော့ နေ့စားလပေးလုပ်နေတာ တစ်နှစ်ရှိပြီ၊ နှစ်နှစ် ရှိပြီ၊ သုံးနှစ်ရှိပြီ။ဒါပေမဲ့ ဒါက ဆရာတို့ ရဲ့ လုပ် ထုံးလုပ်နည်းအရ လုပ်စရာရှိတာ လုပ်ပြီးမှ ခန့်ဖို့ရှိတယ်”ဟု ဦးကိုလေးဝင်း ကပြောသည်။


 နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန တွင် ကျင်းပပြုလုပ်သည့် အစိုးရ၏ တတိယတစ်နျစ်တာ ကာလ ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ အပြီးတွင် သတင်းမီဒီယာများ၏ မေးမြန်းမှု ကို ဦးကိုလေးဝင်း မှ အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ပညာရေး ရုံးများမှ နေ့စားလပေးဝန်ထမ်းများသည် ဦးရေ ၄၀၀၀ ကျော်ရှိသည့် အတွက် ၎င်း တို့ ထဲ ကမှ ပြန်လည်စိစစ်ပြီးမှသာ ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

 

Read More: ၂၀၁၉ အတွက် ကျောင်းပိတ်ရက် ၁၇၂ ရက်ရှိမည်ဟု ထုတ်ပြန်ထား


“သူတို့ အစီအစဉ်နဲ့ သူတို့အမျိုးအဆွေခန့်ခဲ့တာလည်း အများကြီးပဲ ။ အဲ့ဒါကြောင့် အဲ့ဒါတွေကို ပြန်ပြီးစီစစ်ရမှာလေ”ဟု ဦးကိုလေးဝင်းကပြောပါသည်။


လက်ရှိတွင် နေ့စားလပေးဝန်ထမ်းများကို ခန့်အပ်ခဲ့သည့် history ကို လိုက်လံ စုံစမ်းနေကြောင်း၊ခန့်အပ်ရာတွင် ၀န်ကြီး၏ ခွင့်ပြုချက်ဖြင့်သာ ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။


တတိယအကြိမ်မြောက် ခေါ်ယူသည့် နေ့စားလပေးကို ၂၀၁၆ ခုနှစ်တွင် ခေါ်ယူခဲ့ပြီး သင်ကြားရေးဝန်ထမ်းများကို မူလုပ်သက် တစ်နှစ်ပြည့်တွင် အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခဲ့သော်လည်း နေ့စားလပေးဝန်ထမ်းများအား ခန့်အပ်ခဲ့ခြင်းမရှိကြောင်း သိရပါသည်။


ထို့ပြင် ပညာရေးဝန်ကြီးဌာနအနေဖြင့် နေ့စားလပေးရုံးဝန်ထမ်း အသစ်များခေါ်ယူရန် မရှိကြောင်း၊သင်ကြားရေးပိုင်းတွင်သာ ၀န်ထမ်းအသစ်များခေါ်ယူသွားမည်ဖြစ်ကြောင်း သိရပါသည်။


Source : The 5 Wave

 

 

News Read 1646 times