Sales Hotline : 09448001653       Download App



အမေရိကန်တက္ကသိုလ်ရန်ကုန်(AU)မှ Pre University Workshop ဖွင့်လှစ်မည်

အမေရိကန်တက္ကသိုလ်ရန်ကုန်(AU) တို့ရဲ့ Pre University Workshop ကို လာမယ့် ဒီဇင်ဘာ ၇ရက်နေ့မှာ ဖွင့်လှစ်သွားမှာပါ။ Pre University ဆိုတဲ့အတိုင်း တက္ကသိုလ်မတက်ခင် ကြိုတင်ပြင်ဆင်ထားရမယ့်အရာတွေ personal development အတွက် သိထားသင့်တဲ့ skill တွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ 

IGCSE ကျောင်းသားကျောင်းသူများနဲ့ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားကျောင်းသူများအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ ဒီWorkshopမှာဆိုရင်English 4 skills, Virtual Skills, Project Management, Global Leadership, Communication skills စသည်တို့ကို နိုင်ငံခြားဆရာ ၊ဆရာမများမှ တိုးတက်အောင် လေ့ကျင့်သင်ကြားပေးသွားမည့်အပြင် Self-management၊ Personal Statement ရေးနည်း၊ Project Management၊ နိုင်ငံခြားပညာသင်ဆုအခွင့်အရေးများ အစရှိသည့် ကျောင်းသားကျောင်းသူများရဲ့ တက္ကသိုလ်ပညာရေးအတွက်ရော လက်တွေ့ဘဝမှာပါ အကျိုးရှိအသုံးဝင်မယ့်စွမ်းရည်များကို နိုင်ငံခြားဆရာ၊ဆရာမများမှ ပို့ချသင်ကြားသွားမှာဖြစ်ပါတယ်။

ကျောင်းသားကျောင်းသူတွေအနေနဲ့ Workshopကာလအတွင်း သင်ယူထားတဲ့စွမ်းရည်တွေကို စာတွေ့တင်မဟုတ်ပဲ လက်တွေ့ပါ အသုံးချတတ်အောင် မိမ်ကိုယ်ပိုင် creativity နဲ့ presentation များကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ 

တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသားကျောင်းသူများနဲ့ IGCSEကျောင်းသားကျောင်းသူများ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ အချိန်ကာလအနေနဲ့ လာမယ့်ဒီဇင်ဘာ၇ရက်မှစတင်ပြီး တစ်ပတ်ကိုသုံးရက် (Monday, Wednesday, Friday)၊ ၂ပတ်စာ ၆ရက်တက်ရောက်ရမယ့် Workshop ဖြစ်ပါတယ်။ သင်တန်းကြေးကတော့ အမေရိကန်ဒေါ်လာ ၁၀၀ဖြစ်ပြီး တက်ရောက်ကျမယ့် ကျောင်းသားကျောင်းသူများအတွက် special discounts များပေးအပ်သွားမှာပါ။ 

Pre University Workshopကို တက်ရောက်လိုသူကျောင်းသားကျောင်းသူများအနေနဲ့ အောက်ဖော်ပြပါ register link မှာ register လုပ်ပေးရမှာဖြစ်ပါတယ်။
Register Link >>>> Click Here

အသေးစိတ်ထပ်မံသိရှိလိုပါကအောက်ဖော်ပြပါလိပ်စာသို့ သွားရောက်စုံစံနိုင်ပါတယ်။
- ဗြိတိသျှ အမေရိကန်တက္ကသိုလ်ရန်ကုန်အမှတ် ၁၁(အေ) အင်းလျားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ 

ဖုန်းနံပါတ်
- ၀၉ ၇၇ ၉၀၀၀ ၉၀၀ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

American University of Yangon

Latest Post News International/Private Read 649 times