Sales Hotline : 09448001653       Download App



ကယ်လီဖိုးနီးယား တက္ကသိုလ်အတွင်းရှိ ကျောင်းသားအားလုံး အသွားအလာကန့်သတ်ခံရ

စက်တင်ဘာလ ၂၆ ရက်နေ့တွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းရှိ  ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ် Long Beach (CSULA) ရှိ ကျောင်းသား အားလုံးကို အသွားအလာ ကန့်သတ်သည့်  ကြေငြာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ 

အကြောင်းအရင်းမှာ ထိုတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား ၅ ဦးသည် COVID-19 ကန့်သတ်ချက်များအား ချိုးဖောက်၍ တွေ့ဆုံပွဲတစ်ခုသို့ တက်ရောက်ခဲ့ခြင်းကြောင့် ဖြစ်သည်။

တက္ကသိုလ်အဓိပတိ Jane Close Conoley က ထုတ်ပြန်ခဲ့သော ယင်းကြေညာချက်ထဲတွင် ကျောင်းသားအချို့သည် ကျောင်းမှ ထုတ်ပြန်ထားသော COVID-19 ရောဂါဆိုင်ရာ လမ်းညွှန်ချက်စည်းကမ်းများအား ချိုးဖောက်၍ ကျောင်းပရဝဏ်ပြင်ပ၌ ပြုလုပ်သော ပျော်ပွဲရွှင်ပွဲ တစ်ခုကို တက်ရောက်ခဲ့ကြောင်း နှင့် ယင်းတို့ထဲမှ ကျောင်းသား ၅ ဦးသည် COVID-19 ရောဂါကူးစက်ခံလိုက်ရကြောင်းကို ကျောင်းတာဝန်ရှိသူများက စက်တင်ဘာ ၂၅ ရက် နှောင်းပိုင်းတွင် စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ အသွားအလာကန့်သတ်သည့် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တာဝန်ရှိသူများက ကျောင်းပရဝဏ်အတွင်းရှိ အဆောက်အဦများ သန့်ရှင်ရေး နှင့် ပိုးသတ်ဆေးဖျန်းရေး ကို လိုအပ်သလို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှင့် ထိတွေ့မှုနှင့် ဆက်စပ်သော ကျောင်းသားများကိုလည်း ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ကြောင်း Conoley က ဆိုသည်။

ကယ်လီဖိုးနီးယားပြည်နယ် ထိပ်တန်းကျန်းမာရေးတာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၅ ရက်တွင်ပြောကြားရာ၌ ပြည်နယ်အတွင်း COVID-19 ရောဂါကူးစက်မှုမှာ အဆိုးရွားဆုံးအခြေအနေတွင်ရှိနေကြောင်း ၊ ယင်းမှာ ဗိုင်းရပ်စ် “ ဒုတိယလှိုင်း” တစ်ခု စတင်ရိုက်ခတ်လာမည့် ရှေ့ပြေးလက္ခဏာများပင်ဖြစ်ကြောင်း ဆိုသည်။

တောင်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်၍ ကမ်းရိုးတမ်း နှင့် ဆိပ်ကမ်းမြို့တစ်ခုဖြစ်သည့် Long Beach မြို့သည် လော့အိန်းဂျလိစ်မြို့ပြည်သူ့ကျန်းမာရေးစနစ် စီမံခန့်ခွဲမှုအောက်မှ ကျန်းမာရေးဆိုင်ရာ လွတ်လွတ်လပ်လပ်စီမံခွင့်ရရှိထားသည့် မြို့ငယ်လေးတစ်မြို့ဖြစ်သည်။

နောက်ဆုံး ကောက်ယူရရှိခဲ့သော အချက်အလက်များအရ ယင်းမြို့သည် စက်တင်ဘာ ၂၅ ရက် သန်းခေါင်ယံအထိ မြို့ခံပြည်သူ ၄၆၀, ၀၀၀ ဦးအနက် COVID-19 ရောဂါကူးစက်ခံရသူ ၁၁,၇၉၈ ဦးရှိကြောင်း သိရသည်။

အကျယ်အဝန်း ၃၂၂ ဧကရှိသော CSULA တက္ကသိုလ်ပရဝဏ်သည် ကယ်လီဖိုးနီးယားပြည်နယ်အတွင်းရှိ တက္ကသိုလ်ကျောင်းပေါင်း ၂၃ ခု အနက် အရွယ်အစား တတိယအကြီးဆုံး ကျောင်းပရဝဏ်ကြီးတစ်ခု ဖြစ်ကြောင်း သိရသည်။

Source : Xinhua Myanmar 

Latest Post News Read 515 times