Sales Hotline : 09448001653       Download App



ဒဂုံတက္ကသိုလ်ကျောင်းသူ ပါဝင်သည့် All-Star အဖွဲ့ Virtual Business Challenge 2020 ပြိုင်ပွဲ၌ တတိယဆုရရှ

** Unicode **

ICAEW မှ တရုတ်နှင့်အရှေ့တောင်အာရှဒေသအတွက် ပြုလုပ်သည့်Virtual Business Challenge 2020 ပြိုင်ပွဲတွင်
မြန်မာနိုင်ငံ ဒဂုံတက္ကသိုလ်မှကျောင်းသူတစ်ဦးပါရှိသည့်All-Star အဖွဲ့တတိယဆုရရှိခဲ့ပါသည်။

ICAEW မှကြီးမှူးကျင်းပသည့် တရုတ်နှင့် အရှေ့တောင်အာရှဒေသ Business Challenge ကို ၂၀၂၀ ခုနှစ်၊ မေလ (၁၄) ရက်နေ့တွင် ကျင်းပခဲ့ပြီး တရုတ်၊ မြန်မာ၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား (၆) နိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးစီဖြင့် ဖွဲ့စည်းထားသည့် All-Star အဖွဲ့က တက်ကြွမှုအရှိဆုံးအဖွဲ့အဖြစ် တတိယဆုကို ဆွတ်ခူးခဲ့ပါတယ်။

ယခု ပြိုင်ပွဲများကျင်းပခဲ့သည့် (၆) နှစ်တာအတွင်း နောက်ဆုံးဗိုလ်လုပွဲကို အွန်လိုင်းမှတဆင့်ကျင်းပခြင်းသည် ယခုနှစ်က ပထမဆုံးအကြိမ်ဖြစ်ပြီး နိုင်ငံ (၆) နိုင်ငံတို့မှ ဇကာတင် ပြိုင်ပွဲဝင်အဖွဲ့ (၁၂) ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Deloitte Southeast Asia နှင့် Maybank Group တို့မှ ကူညီပံ့ပိုးသူများအဖြစ် ထောက်ပံ့ပေးခဲ့သည့် ထိုပြိုင်ပွဲသည် ဒေသအတွင်း စီးပွားရေးခေါင်းဆောင်မျိုးဆက်သစ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

ဇကာတင် အသင်း (၁၂) သင်းမှာ ယခုနှစ် နှစ်စပိုင်းက နိုင်ငံအဆင့်ပြိုင်ပွဲများ (သို့) ကြိုတင်ရွေးချယ်မှုအဆင့်များ ကို ဖြတ်ကျော်ခဲ့ရပြီး စီးပွားရေးဆိုင်ရာအသိ၊ အတွေးအခေါ်နှင့် စီးပွားရေးဆိုင်ရာ လုပ်ကိုင်နိုင်စွမ်းများကို စမ်းသပ် စစ်ဆေးခံခဲ့ပြီးဖြစ်ပါတယ်။

တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ စင်ကာပူနှင့် ဗီယက်နမ် နိုင်ငံများရှိ တက္ကသိုလ်များမှ ရာပေါင်းများစွာသော ပါဝင်ယှဉ်ပြိုင်သူများကြားမှ ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။

၎င်းအဖွဲ့ အားလုံးသည် အမြင့်ဆုံးဗိုလ်လုပွဲယှဉ်ပြိုင်မှုအတွက် အွန်လိုင်းမှတဆင့်ပါဝင်ခဲ့ကြရပြီး ၎င်းတို့၏ နောက်ဆုံးအပြီးသတ် တင်ပြမှုများအတွက် အဖွဲ့ဝင်အချင်းချင်းစည်းလုံးမှု ရှိခြင်းနှင့် ပြောဆိုဆက်သွယ်ရေးဆိုင်ရာ ကဏ္ဍတွင်လည်း ဖြစ်ပေါ်လာသည့်အခြေအနေများအလျောက် လိုက်လျောညီထွေ ပြောင်းလဲ လုပ်ကိုင်နိုင်ခြင်း ရှိမရှိ စသည့် အရည်အချင်းများကိုလည်း ပြသခဲ့ရပါတယ်။

ပါဝင်ယှဉ်ပြိုင်သော ကျောင်းသားများသည် အမှန်တကယ် ဖြစ်တည်လျက်ရှိသည့် စီးပွားရေးပြဿနာများကို လေ့လာ၍ အတိုင်ပင်ခံနေရာမှ စဉ်းစားဆုံးဖြတ်ကာ ယင်းပြဿနာအတွက် အဖြေကို အကဲဖြတ်လူကြီးများဆီသို့ တင်ပြမှုများ ပြုလုပ်ရခြင်းဖြစ်ပါတယ်။

ယခုနှစ်တွင် အကဲဖြတ်လူကြီးအဖွဲ့အတွက် နိုင်ငံ (၆) နိုင်ငံမှ စာရင်းအင်း၊ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ ထိပ်တန်းအမှုဆောင် ပညာရှင်များဖြင့် ဖွဲ့စည်းထားပြီး အများစုမှာ ICAEW Chartered Accountant များ ဖြစ်သည့်

** Mark Billington FCA BFP, Regional Director, ICAEW Greater China and South-East Asia

** Yingwen Li ACA, Finance Director, Airbnb China

** Nick Holder FCA, Chief Financial Officer, Prudential Indonesia

** Aneesha Veriah ACA, Rabin & Associates Malaysia

** Kim Chawsu FCA, BFP, Founder of K.Academy Myanmar

** Jeremy Phua, Audit and Assurance Partner, Deloitte Singapore

** Hoa Nguyen ACA BFP, Senior Manager, Financial Advisory, Deloitte Southeast Asia တို့ ဖြစ်ကြပါတယ်။

ပြိုင်ပွဲဝင် ကျောင်းသားများသည် အွန်လိုင်းမှတဆင့် အတူတကွ တွဲဖက်ညီစွာ ကြိုးစားခဲ့ပြီး ထူးခြား ပြည့်စုံသော တင်ပြမှုပုံစံများ၊ ခွဲခြမ်းစိတ်ဖြာ လေ့လာနိုင်စွမ်းများ၊ စီးပွားရေးဆိုင်ရာအမြင်စူးရှမှုများဖြင့် အကဲဖြတ်များအား တင်ပြနိုင်ခဲ့ကြရပြီး အင်ဒိုနီးရှားနိုင်ငံမှ ကျောင်းသားများဖြင့် ဖွဲ့စည်းထားသော Team Sixpact သည် အမြင့်ဆုံးဆုရရှိခဲ့ပါတယ်။

ဆုအနေဖြင့် ဆုတံဆိပ်နှင့်အတူ လန်ဒန်သို့ စရိတ်ငြိမ်းသွားရောက် ခွင့်ကိုပါ ရရှိမည်ဖြစ်ပါတယ်။ဒုတိယဆုကို စင်ကာပူမှ SMU-Duke Partner အဖွဲ့က ရရှိခဲ့ပြီး တတိယဆုဖြစ်သည့် စင်ကာပူဒေါ်လာ (၁၂၀၀) ကို (၆) နိုင်ငံပေါင်းဖွဲ့ထားသော All-Star အဖွဲ့ က ရရှိခဲ့ပါတယ်။

တတိယဆုရရှိခဲ့သည့် All-Star အဖွဲ့တွင် ပါဝင်ခဲ့သော မြန်မာကျောင်းသူ မဆုလဲ့ဇော်က “ICAEW ရဲ့ တရုတ်နဲ့ အရှေ့တောင်အာရှ စီးပွားရေးဆိုင်ရာ အွန်လိုင်းအခြေပြုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရတာ တကယ်ကို အတွေ့အကြုံအသစ်တွေ အများကြီး ရခဲ့ပါတယ်၊ အဖွဲ့ဝင်အချင်းချင်း မတွေ့ရဘဲ အွန်လိုင်းကနေ အလုပ်လုပ်ရတာ မလွယ်ကူပေမယ့် ပြိုင်ပွဲတလျှောက် တွေ့ကြုံလာတဲ့ အခက်အခဲအတားအဆီးတွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်၊ မတူညီတဲ့ နိုင်ငံ (၆) ခုက လူ (၆) ယောက် အတူတကွ ပြိုင်ပွဲဝင်ကြတာဖြစ်လို့ အတွေ့အကြုံတွေ အချင်းချင်း ဖလှယ်ရင်းနဲ့ အရင်ကထက်ပိုပြီး ဗဟုသုတတွေ များလာရတယ်လို့ ခံစားရပါတယ်၊ နောက်လည်း ICAEW က လုပ်တဲ့ ကျောင်းသားတွေအတွက် ပြိုင်ပွဲတွေရှိလာရင် ပါဝင်ဦးမှာပါ” ဟု ပြောပါတယ်။

ပြိုင်ပွဲတွင် အကဲဖြတ်လူကြီးတစ်ဦးအဖြစ် ပါဝင်ခဲ့သော K.Academy Myanmar ၏ တည်ထောင်သူဖြစ်သည့် ဒေါ်ကင်မ်ချောစု က “ICAEW Business Challenge 2020 မှာ အကဲဖြတ်အဖြစ် ဒုတိယအကြိမ်ပါဝင်ခဲ့ရတာကို အရမ်း ဂုဏ်ယူမိပါတယ်၊ လက်ရှိဖြစ်နေတဲ့ ကူးစက်ရောဂါကြီးနဲ့ဆိုတော့ နိုင်ငံ (၆) ခုက ကျောင်းသားအဖွဲ့ (၁၂) ဖွဲ့ကို တစ်နေရာထဲ ဆုံပေးလို့မရတော့ဘဲ အွန်လိုင်းပေါ်ကနေပဲ virtually ပြိုင်ပွဲကျင်းပပေးလိုက်ရတာ တကယ့်ကို စိန်ခေါ်မှုပါပဲ၊ အကဲဖြတ်တွေ အနေနဲ့က ကျောင်းသားအဖွဲ့တွေ ခွဲထားတဲ့ အခန်းခွဲတစ်ခုစီကို အွန်လိုင်းကနေပဲ လိုက်ကြည့်ပြီး သူတို့ရဲ့ တင်ပြမှုတွေကို နားထောင်ရတယ်၊ ကျောင်းသားတွေအားလုံး (၁) နာရီခွဲအတွင်း စီးပွားရေးဆိုင်ရာပြဿနာတစ်ခုကို အဖြေရှာရတာ အရမ်းတော်ကြပါတယ်၊ ဒီပြိုင်ပွဲလုပ်လိုက်ခြင်းအားဖြင့် ကျောင်းသားတွေအနေနဲ့ တကယ့်လက်တွေ့ဘဝက စီးပွားရေး လုပ်ငန်းခွင်အကြောင်းသိရှိလိုက်ရပြီး သူတို့ရဲ့ ထိုးဖောက်တွေးခေါ်မှု၊ ဆက်သွယ်ပြောဆိုမှု၊ စဉ်းစားဖြေရှင်းမှု အရည်အချင်းတွေ အကုန် ထုတ်ပြရတာမို့ အကျိုးလည်းရှိပါတယ်” ဟု ပြောပါတယ်။

ကမ္ဘာတဝှမ်းလုံးတွင် အောင်မြင်ပြီး ရည်ရှည်တည်တံ့သော အနာဂတ်ဖြစ်ထွန်းစေရန် လုပ်ဆောင်နေသည့် အရည်အသွေးပြည့်ပြီး ကျင့်ဝတ်ညီညွတ်သည့် လုပ်ငန်းကျွမ်းကျင်သူ လက်မှတ်ရစာရင်းကိုင်များ နှင့် ကျောင်းသားပေါင်း (၁.၈) သန်း ရှိပါတယ်။

၎င်းတို့အနက် (၁၈၁,၅၀၀) တို့သည် ICAEW ၏ လက်မှတ်ရစာရင်းကိုင်များနှင့် ကျောင်းသားပေါင်းဖြစ်ပါတယ်။

၎င်းတို့ တစ်ဦးချင်းကို ICAEW မှ လေ့ကျင့်ပျိုးထောင်ပေးပြီး ပြည်တွင်းနှင့် နိုင်ငံတကာစီးပွားရေးကဏ္ဍများ ကို ရှေရှည်ဖြစ်ထွန်းပြီး မျှတအားထားနိုင်သည့် စီးပွားရေးဖြစ်အောင် တည်ဆောက်နိုင်သည့် လုံလောက်သော ဗဟုသုတနှင့် အရည်အသွေးရှိစေရန် တစ်ဦးချင်းစီအား ကူညီထောက်ပံ့ပေးလျက်ရှိပါတယ်။

ICAEW ကိုတည်ထောင်ခဲ့သည့် (၁၈၈၀) ခုနှစ်မှစ၍ စာရင်းစစ်အလုပ်အကိုင်နယ်ပယ်၏ အားပေးမှုများနှင့် ယုံကြည်ထောက်ခံမှုများကိုရရှိခဲ့ပါတယ်။

Marketing & Sales (83) Marketing & Sales နှင့်ပတ်သက်ပြီး သင်တန်း (၈၃) ခုရှာရန်နှိပ်ပါ။

တကမ္ဘာလုံးအတိုင်းအတာအနေဖြင့် အစိုးရဌာနများ၊ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များနှင့် စီးပွားရေး ဆိုင်ရာ ဦးဆောင်သူများကို ဗဟုသုတနှင့် ပညာရပ်များ မျှဝေကာ စာရင်းစစ်ပညာသည် စီးပွားရေးကဏ္ဍအတွက် ကောင်းသောအပြောင်းအလဲတစ်ခု ဖြစ်သည်ဟု ယုံကြည်ထားပါတယ်။

Credit: Myanmar ICT Directory

 

** Zawgyi **

ICAEW မွ တ႐ုတ္ႏွင့္အေရွ႕ေတာင္အာရွေဒသအတြက္ ျပဳလုပ္သည့္Virtual Business Challenge 2020 ၿပိဳင္ပြဲတြင္
ျမန္မာႏိုင္ငံ ဒဂုံတကၠသိုလ္မွေက်ာင္းသူတစ္ဦးပါရွိသည့္All-Star အဖြဲ႕တတိယဆုရရွိခဲ့ပါသည္။

ICAEW မွႀကီးမႉးက်င္းပသည့္ တ႐ုတ္ႏွင့္ အေရွ႕ေတာင္အာရွေဒသ Business Challenge ကို ၂၀၂၀ ခုႏွစ္၊ ေမလ (၁၄) ရက္ေန႔တြင္ က်င္းပခဲ့ၿပီး တ႐ုတ္၊ ျမန္မာ၊ စင္ကာပူ၊ မေလးရွား၊ ဗီယက္နမ္၊ အင္ဒိုနီးရွား (၆) ႏိုင္ငံမွ ကိုယ္စားလွယ္တစ္ဦးစီျဖင့္ ဖြဲ႕စည္းထားသည့္ All-Star အဖြဲ႕က တက္ႂကြမႈအရွိဆုံးအဖြဲ႕အျဖစ္ တတိယဆုကို ဆြတ္ခူးခဲ့ပါတယ္။

ယခု ၿပိဳင္ပြဲမ်ားက်င္းပခဲ့သည့္ (၆) ႏွစ္တာအတြင္း ေနာက္ဆုံးဗိုလ္လုပြဲကို အြန္လိုင္းမွတဆင့္က်င္းပျခင္းသည္ ယခုႏွစ္က ပထမဆုံးအႀကိမ္ျဖစ္ၿပီး ႏိုင္ငံ (၆) ႏိုင္ငံတို႔မွ ဇကာတင္ ၿပိဳင္ပြဲဝင္အဖြဲ႕ (၁၂) ဖြဲ႕ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။

Deloitte Southeast Asia ႏွင့္ Maybank Group တို႔မွ ကူညီပံ့ပိုးသူမ်ားအျဖစ္ ေထာက္ပံ့ေပးခဲ့သည့္ ထုိၿပိဳင္ပြဲသည္ ေဒသအတြင္း စီးပြားေရးေခါင္းေဆာင္မ်ိဳးဆက္သစ္မ်ား ေပၚထြန္းလာေစရန္ ရည္႐ြယ္ျပဳလုပ္ခဲ့ျခင္းျဖစ္ပါတယ္။

ဇကာတင္ အသင္း (၁၂) သင္းမွာ ယခုႏွစ္ ႏွစ္စပိုင္းက ႏိုင္ငံအဆင့္ၿပိဳင္ပြဲမ်ား (သို႔) ႀကိဳတင္ေ႐ြးခ်ယ္မႈအဆင့္မ်ား ကို ျဖတ္ေက်ာ္ခဲ့ရၿပီး စီးပြားေရးဆိုင္ရာအသိ၊ အေတြးအေခၚႏွင့္ စီးပြားေရးဆိုင္ရာ လုပ္ကိုင္ႏိုင္စြမ္းမ်ားကို စမ္းသပ္ စစ္ေဆးခံခဲ့ၿပီးျဖစ္ပါတယ္။

တ႐ုတ္၊ အင္ဒိုနီးရွား၊ မေလးရွား၊ ျမန္မာ၊ စင္ကာပူႏွင့္ ဗီယက္နမ္ ႏိုင္ငံမ်ားရွိ တကၠသိုလ္မ်ားမွ ရာေပါင္းမ်ားစြာေသာ ပါဝင္ယွဥ္ၿပိဳင္သူမ်ားၾကားမွ ေ႐ြးခ်ယ္ခံခဲ့ရျခင္းျဖစ္ပါတယ္။

၄င္းအဖြဲ႕ အားလုံးသည္ အျမင့္ဆုံးဗိုလ္လုပြဲယွဥ္ၿပိဳင္မႈအတြက္ အြန္လိုင္းမွတဆင့္ပါဝင္ခဲ့ၾကရၿပီး ၎တို႔၏ ေနာက္ဆုံးအၿပီးသတ္ တင္ျပမႈမ်ားအတြက္ အဖြဲ႕ဝင္အခ်င္းခ်င္းစည္းလုံးမႈ ရွိျခင္းႏွင့္ ေျပာဆိုဆက္သြယ္ေရးဆိုင္ရာ က႑တြင္လည္း ျဖစ္ေပၚလာသည့္အေျခအေနမ်ားအေလ်ာက္ လိုက္ေလ်ာညီေထြ ေျပာင္းလဲ လုပ္ကိုင္ႏိုင္ျခင္း ရွိမရွိ စသည့္ အရည္အခ်င္းမ်ားကိုလည္း ျပသခဲ့ရပါတယ္။

ပါဝင္ယွဥ္ၿပိဳင္ေသာ ေက်ာင္းသားမ်ားသည္ အမွန္တကယ္ ျဖစ္တည္လ်က္ရွိသည့္ စီးပြားေရးျပႆနာမ်ားကို ေလ့လာ၍ အတိုင္ပင္ခံေနရာမွ စဥ္းစားဆုံးျဖတ္ကာ ယင္းျပႆနာအတြက္ အေျဖကို အကဲျဖတ္လူႀကီးမ်ားဆီသို႔ တင္ျပမႈမ်ား ျပဳလုပ္ရျခင္းျဖစ္ပါတယ္။

ယခုႏွစ္တြင္ အကဲျဖတ္လူႀကီးအဖြဲ႕အတြက္ ႏိုင္ငံ (၆) ႏိုင္ငံမွ စာရင္းအင္း၊ စီးပြားေရးႏွင့္ ေငြေၾကးဆိုင္ရာ ထိပ္တန္းအမႈေဆာင္ ပညာရွင္မ်ားျဖင့္ ဖြဲ႕စည္းထားၿပီး အမ်ားစုမွာ ICAEW Chartered Accountant မ်ား ျဖစ္သည့္

** Mark Billington FCA BFP, Regional Director, ICAEW Greater China and South-East Asia

** Yingwen Li ACA, Finance Director, Airbnb China

** Nick Holder FCA, Chief Financial Officer, Prudential Indonesia

** Aneesha Veriah ACA, Rabin & Associates Malaysia

** Kim Chawsu FCA, BFP, Founder of K.Academy Myanmar

** Jeremy Phua, Audit and Assurance Partner, Deloitte Singapore

** Hoa Nguyen ACA BFP, Senior Manager, Financial Advisory, Deloitte Southeast Asia တို႔ ျဖစ္ၾကပါတယ္။

ၿပိဳင္ပြဲဝင္ ေက်ာင္းသားမ်ားသည္ အြန္လိုင္းမွတဆင့္ အတူတကြ တြဲဖက္ညီစြာ ႀကိဳးစားခဲ့ၿပီး ထူးျခား ျပည့္စုံေသာ တင္ျပမႈပုံစံမ်ား၊ ခြဲျခမ္းစိတ္ျဖာ ေလ့လာႏိုင္စြမ္းမ်ား၊ စီးပြားေရးဆိုင္ရာအျမင္စူးရွမႈမ်ားျဖင့္ အကဲျဖတ္မ်ားအား တင္ျပႏိုင္ခဲ့ၾကရၿပီး အင္ဒိုနီးရွားႏိုင္ငံမွ ေက်ာင္းသားမ်ားျဖင့္ ဖြဲ႕စည္းထားေသာ Team Sixpact သည္ အျမင့္ဆုံးဆုရရွိခဲ့ပါတယ္။

ဆုအေနျဖင့္ ဆုတံဆိပ္ႏွင့္အတူ လန္ဒန္သို႔ စရိတ္ၿငိမ္းသြားေရာက္ ခြင့္ကိုပါ ရရွိမည္ျဖစ္ပါတယ္။ဒုတိယဆုကို စင္ကာပူမွ SMU-Duke Partner အဖြဲ႕က ရရွိခဲ့ၿပီး တတိယဆုျဖစ္သည့္ စင္ကာပူေဒၚလာ (၁၂၀၀) ကို (၆) ႏိုင္ငံေပါင္းဖြဲ႕ထားေသာ All-Star အဖြဲ႕ က ရရွိခဲ့ပါတယ္။

တတိယဆုရရွိခဲ့သည့္ All-Star အဖြဲ႕တြင္ ပါဝင္ခဲ့ေသာ ျမန္မာေက်ာင္းသူ မဆုလဲ့ေဇာ္က “ICAEW ရဲ႕ တ႐ုတ္နဲ႔ အေရွ႕ေတာင္အာရွ စီးပြားေရးဆိုင္ရာ အြန္လိုင္းအေျချပဳၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ရတာ တကယ္ကို အေတြ႕အႀကဳံအသစ္ေတြ အမ်ားႀကီး ရခဲ့ပါတယ္၊ အဖြဲ႕ဝင္အခ်င္းခ်င္း မေတြ႕ရဘဲ အြန္လိုင္းကေန အလုပ္လုပ္ရတာ မလြယ္ကူေပမယ့္ ၿပိဳင္ပြဲတေလွ်ာက္ ေတြ႕ႀကဳံလာတဲ့ အခက္အခဲအတားအဆီးေတြကို ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္၊ မတူညီတဲ့ ႏိုင္ငံ (၆) ခုက လူ (၆) ေယာက္ အတူတကြ ၿပိဳင္ပြဲဝင္ၾကတာျဖစ္လို႔ အေတြ႕အႀကဳံေတြ အခ်င္းခ်င္း ဖလွယ္ရင္းနဲ႔ အရင္ကထက္ပိုၿပီး ဗဟုသုတေတြ မ်ားလာရတယ္လို႔ ခံစားရပါတယ္၊ ေနာက္လည္း ICAEW က လုပ္တဲ့ ေက်ာင္းသားေတြအတြက္ ၿပိဳင္ပြဲေတြရွိလာရင္ ပါဝင္ဦးမွာပါ” ဟု ေျပာပါတယ္။

ၿပိဳင္ပြဲတြင္ အကဲျဖတ္လူႀကီးတစ္ဦးအျဖစ္ ပါဝင္ခဲ့ေသာ K.Academy Myanmar ၏ တည္ေထာင္သူျဖစ္သည့္ ေဒၚကင္မ္ေခ်ာစု က “ICAEW Business Challenge 2020 မွာ အကဲျဖတ္အျဖစ္ ဒုတိယအႀကိမ္ပါဝင္ခဲ့ရတာကို အရမ္း ဂုဏ္ယူမိပါတယ္၊ လက္ရွိျဖစ္ေနတဲ့ ကူးစက္ေရာဂါႀကီးနဲ႔ဆိုေတာ့ ႏိုင္ငံ (၆) ခုက ေက်ာင္းသားအဖြဲ႕ (၁၂) ဖြဲ႕ကို တစ္ေနရာထဲ ဆုံေပးလို႔မရေတာ့ဘဲ အြန္လိုင္းေပၚကေနပဲ virtually ၿပိဳင္ပြဲက်င္းပေပးလိုက္ရတာ တကယ့္ကို စိန္ေခၚမႈပါပဲ၊ အကဲျဖတ္ေတြ အေနနဲ႔က ေက်ာင္းသားအဖြဲ႕ေတြ ခြဲထားတဲ့ အခန္းခြဲတစ္ခုစီကို အြန္လိုင္းကေနပဲ လိုက္ၾကည့္ၿပီး သူတို႔ရဲ႕ တင္ျပမႈေတြကို နားေထာင္ရတယ္၊ ေက်ာင္းသားေတြအားလုံး (၁) နာရီခြဲအတြင္း စီးပြားေရးဆိုင္ရာျပႆနာတစ္ခုကို အေျဖရွာရတာ အရမ္းေတာ္ၾကပါတယ္၊ ဒီၿပိဳင္ပြဲလုပ္လိုက္ျခင္းအားျဖင့္ ေက်ာင္းသားေတြအေနနဲ႔ တကယ့္လက္ေတြ႕ဘဝက စီးပြားေရး လုပ္ငန္းခြင္အေၾကာင္းသိရွိလိုက္ရၿပီး သူတို႔ရဲ႕ ထိုးေဖာက္ေတြးေခၚမႈ၊ ဆက္သြယ္ေျပာဆိုမႈ၊ စဥ္းစားေျဖရွင္းမႈ အရည္အခ်င္းေတြ အကုန္ ထုတ္ျပရတာမို႔ အက်ိဳးလည္းရွိပါတယ္” ဟု ေျပာပါတယ္။

ကမာၻတဝွမ္းလုံးတြင္ ေအာင္ျမင္ၿပီး ရည္ရွည္တည္တံ့ေသာ အနာဂတ္ျဖစ္ထြန္းေစရန္ လုပ္ေဆာင္ေနသည့္ အရည္အေသြးျပည့္ၿပီး က်င့္ဝတ္ညီၫြတ္သည့္ လုပ္ငန္းကြၽမ္းက်င္သူ လက္မွတ္ရစာရင္းကိုင္မ်ား ႏွင့္ ေက်ာင္းသားေပါင္း (၁.၈) သန္း ရွိပါတယ္။

၄င္းတို႔အနက္ (၁၈၁,၅၀၀) တို႔သည္ ICAEW ၏ လက္မွတ္ရစာရင္းကိုင္မ်ားႏွင့္ ေက်ာင္းသားေပါင္းျဖစ္ပါတယ္။

၎တို႔ တစ္ဦးခ်င္းကို ICAEW မွ ေလ့က်င့္ပ်ိဳးေထာင္ေပးၿပီး ျပည္တြင္းႏွင့္ ႏိုင္ငံတကာစီးပြားေရးက႑မ်ား ကို ေရွရွည္ျဖစ္ထြန္းၿပီး မွ်တအားထားႏိုင္သည့္ စီးပြားေရးျဖစ္ေအာင္ တည္ေဆာက္ႏိုင္သည့္ လုံေလာက္ေသာ ဗဟုသုတႏွင့္ အရည္အေသြးရွိေစရန္ တစ္ဦးခ်င္းစီအား ကူညီေထာက္ပံ့ေပးလ်က္ရွိပါတယ္။

ICAEW ကိုတည္ေထာင္ခဲ့သည့္ (၁၈၈၀) ခုႏွစ္မွစ၍ စာရင္းစစ္အလုပ္အကိုင္နယ္ပယ္၏ အားေပးမႈမ်ားႏွင့္ ယုံၾကည္ေထာက္ခံမႈမ်ားကိုရရွိခဲ့ပါတယ္။

Marketing & Sales (83) Marketing & Sales ႏွင့္ပတ္သက္ျပီး သင္တန္း (၈၃) ခုရွာရန္ႏွိပ္ပါ။

တကမ႓ာလုံးအတိုင္းအတာအေနျဖင့္ အစိုးရဌာနမ်ား၊ စည္းကမ္းထိန္းသိမ္းေရး အဖြဲ႕မ်ားႏွင့္ စီးပြားေရး ဆိုင္ရာ ဦးေဆာင္သူမ်ားကို ဗဟုသုတႏွင့္ ပညာရပ္မ်ား မွ်ေဝကာ စာရင္းစစ္ပညာသည္ စီးပြားေရးက႑အတြက္ ေကာင္းေသာအေျပာင္းအလဲတစ္ခု ျဖစ္သည္ဟု ယုံၾကည္ထားပါတယ္။

Credit: Myanmar ICT Directory

Latest Post News Tips Read 981 times