Sales Hotline : 09448001653       Download App



ရန်ကုန်မြို့ လေထုညစ်ညမ်းမှုကို သတိပြုစေရန် ဒေါက်တာ Air Bear နှင့် Social Campaign များပြုလုပ်လျက်ရှ

**Unicode**

ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုကို လူအများသတိပြုမိစေရန်  တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများက ဒေါက်တာ Air Bear နှင့်အတူ ပူးပေါင်းလှုပ်ရှားဆောင်ရွက်လျက်ရှိပါတယ်။

Air Quality Yangon သည် Save the Children မှ SHIFT အစီအစဉ်၏ ပံ့ပိုးမှုဖြင့် မမြင်နိုင်သော လေထုညစ်ညမ်းမှု၏ အန္တရာယ်ကို သတိပြုမိလာစေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။

ရန်ကုန်၊ ဇန်နဝါရီလ (၃) ရက်၊ ၂၀၂၀ ။  ။ အသက် (၁၇) နှစ်မှ (၂၃) နှစ်အရွယ် လူငယ်များ ဦးဆောင်ပါဝင်သည့် Air Quality Yangon (AQY) သည် (၂၀၁၉) ခုနှစ် ဒီဇင်ဘာလ အစောပိုင်းတွင် ဒေါက်တာ Air Bear ၏ အကူအညီဖြင့် လေထု ညစ်ညမ်းမှုနှင့် ၎င်း၏ အန္တရာယ်များသော အဆင့်များအကြောင်း အသိပညာမြှင့်တင်ပြီး အကြောင်းအရာ အရင်းအမြစ်များကို  ဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ ပထမဦးဆုံး ဆိုရှယ်ကမ်ပိန်းတစ်ခုကို စတင်ခဲ့ပါသည်။ ထို့အပြင် အဆိုပါ လူငယ်များ ဦးဆောင်သည့် ကမ်ပိန်းသည် ရန်ကုန်မြို့တော် လေထုသန့်ရှင်းစေရေးအတွက် ထိ‌ရောက်သောနည်းလမ်းများ  ဖော်ဆောင်ကာ ပံ့ပိုးပေးခြင်းဖြင့် အများပြည်သူနှင့် သက်ဆိုင်သော လုပ်ဆောင်မှုများကို အားပေးရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။

 

 

Air Quality Yangon သည် ရန်ကုန်တစ်မြို့လုံးရှိ လေထုအရည်အသွေးဆိုင်ရာအချက်အလက်‌များအား စုဆောင်းရယူနိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် ဝက်ဝံရုပ်တစ်ရုပ်ကို ဖန်တီးခဲ့ပါတယ်။ ဝက်ဝံရုပ်အား အဖြူရောင်ဝါဂွမ်းစဖြင့် ပြုလုပ်ထားခြင်းဖြစ်ကာ ရန်ကုန်မြို့ရှိ နေရာအများအပြားသို့ လှည့်လည်သွားလာနေမည်ဖြစ်ပါသည်။ ထိုသို့ ရန်ကုန်မြို့ရှိ လမ်းများတွင်  လျှောက်သွားရင်း လေထုထဲရှိ ဖုန်မှုန့်များသည် ဝက်ဝံ၏ အဖြူရောင် ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ကာ နေ့ရက်များ ကုန်လွန်လာသည်နှင့်အမျှ တဖြည်းဖြည်း ညစ်ပတ်လာကာ အညိုရောင်အဖြစ်သို့ ပြောင်းလဲလာမည်  ဖြစ်ပါသည်။ ဤအချက်သည် မိမိတို့ ရှူရှိုက်နေသော ရန်ကုန်မြို့ရှိ လေထုသည် ညစ်ညမ်းနေကြောင်း မြင်သာအောင် ကိုယ်စားပြု  ပြသခြင်းဖြစ်ပါတယ်။

 

ဒေါက်တာ Air Bear ၏ လှုပ်ရှားမှုများကို လမ်းသွားလမ်းလာ ပြည်သူလူထုက သတိထားမိကာ စိတ်ဝင်စားခြင်းကို ခံခဲ့ရပြီး Air Quality Yangon အဖွဲ့အနေဖြင့် ၎င်းတို့၏ လေထုညစ်ညမ်းမှုနှင့် ပတ်သက်သော ဗဟုသုတများကို မျှဝေပေးခြင်းဖြင့်  ပြည်သူလူထုနှင့် ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် Air Quality အဖွဲ့သည် ၎င်းတို့၏ သိပ္ပံနည်းဖြင့် စနစ်တကျ ဖြည့်စွက်ထားသော လေထုညစ်ညမ်းမှုဆိုင်ရာ အကြောင်းအရာအချက်အလက်များ ပါဝင်သည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ လူအများက မိမိတို့ ရှူရှိုက်နေသော လေထုကို ဂရုပြုလာစေရန်အတွက်လည်း အားထုတ်ကြိုးပမ်း  ဆောင်ရွက်ခဲ့ကြပါတယ်။

Air Quality Yangon ၏ ရည်ရွယ်ချက်သည် ရန်ကုန်မြို့လေထုအရည်အသွေးကို အချိန်နှင့်တစ်ပြေးညီ အချက်အလက်များ စုဆောင်းတင်ပြပေးခြင်းဖြင့် လူအများအား သတင်းအချက်အလက်မျှဝေရန်၊ မြန်မာနိုင်ငံသားများအတွက် လေထုညစ်ညမ်းမှု အန္တရာယ်များကို ပိုမိုသိရှိလာစေရန်နှင့် ရိုးရှင်းသော လူနေမှုပုံစံအပြောင်းအလဲများ ပြုလုပ်ခြင်းသည် လေထု ညစ်ညမ်းမှုကို လျှော့ချပေးနိုင်သည့် ဥပမာများကို ပြသပေးရန် ဖြစ်ပါသည်။ 

“ဒေါက်တာ Air Bear နဲ့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က မမြင်နိုင်တဲ့ ခြိမ်းခြောက်မှုကို လူအများ စိတ်ဝင်တစား ပါဝင် လာနိုင်တဲ့ နည်းလမ်းနဲ့ မြင်နိုင်အောင် လုပ်ဖို့ ဖြစ်ပါတယ်” ဟု Air Quality Yangon အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး တက္ကသိုလ်  ကျောင်းသားတစ်ယောက်ဖြစ်သူ ကိုဇော်ဝင်းထက်က ဆိုပါတယ်။  “လေထုညစ်ညမ်းမှုက ဒီမှာကြီးထွားနေတဲ့  ပြဿနာကြီး ပါပဲ။ ဒါပေမယ့် ဘယ်လောက်အန္တရာယ်များတယ်ဆိုတာကို လူအများစုက နားမလည်ကြဘူး။ အဲဒါကြောင့် ကျွန်တော်တို့ အနေနဲ့ လေထုညစ်ညမ်းမှုအကြောင်း ပိုစိတ်ဝင်စားအောင် Idea တစ်ခု စဉ်းစားပြီး လုပ်လိုက်တယ်။ အဲ့ဒါကတော့  ဒေါက်တာ Air Bear ရဲ့ အမေက ရန်ကုန်လေထုအရည်အသွေး အရမ်းကို ဆိုးရွားတဲ့အတွက် သက္ကရာဇ်  (၂၀၄၉) ခုနှစ်မှာ ဆုံးပါးသွားခဲ့တယ်။ ဒေါက်တာ Air Bear အနေနဲ့ သက္ကရာဇ် (၂၀၅၀) ပြည့်နှစ်ကနေ ရန်ကုန်လေထုညစ်ညမ်းမှုဟာ အန္တရာယ်များတဲ့ အဆင့်ကို မရောက်ရှိသေးတဲ့ အခုလိုအချိန်ကို ပြန်လာပြီးတော့ သူ့အမေကို ပြန်လည် ကယ်တင်ချင်လို့ ရန်ကုန်လေထုရဲ့ အခြေအနေ အနာဂတ်ကို ပြောင်းလဲဖို့ ကြိုးစားပြသတဲ့ ပုံစံမျိုးပါပဲ။ ဒေါက်တာ Air Bear ကနေ တစ်ဆင့် လူအများရဲ့ အာရုံစိုက်မှုတွေကို ရယူပြီးတော့ လေထုညစ်ညမ်းမှုကို အရေးယူဆောင်ရွက်ဖို့ လှုံ့ဆော် ပေးနိုင်လိမ့်မယ်လို့  မျှော်လင့်ပါတယ်”  ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

 

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ နာတာရှည်ရောဂါများအပါအဝင် နှစ်စဉ်နှစ်တိုင်း သေဆုံးမှုပေါင်း (၂၂၀၀၀) ခန့် ဖြစ်ပေါ်လျက်ရှိသည်။ အဓိကအားဖြင့်  (၂၀၁၁) ခုနှစ်တွင် ကားတင်သွင်းမှုများကို ဖြေလျှော့ပေးခဲ့သောကြောင့် ယာဉ်အစီးရေ သိသိသာသာ တိုးပွားလာမှုနှင့် လမ်းပိတ်ခြင်းပြဿနာကို ဖြေရှင်းရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် သစ်ပင်များကို ဖယ်ရှားခြင်းတို့ကြောင့်လည်း ရန်ကုန်မြို့၏ လေထုအရည်အသွေးသည် ပိုမိုဆိုးရွားလာသည်။ ထို့အပြင် စက်ရုံမှ ဓာတ်ငွေ့များထွက်ရှိခြင်း၊  ကျောက်မီးသွေး အသုံးပြု ချက်ပြုတ်ခြင်းနှင့် အမှိုက်များကို မီးရှို့ဖျက်ဆီးခြင်း အစရှိသည့် အချက်များသည်လည်း  လေထု ညစ်ညမ်းမှု၏ အဓိက အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်နေပါသည်။

Air Quality Yangon ၏ ဒေါက်တာ Air Bear သည် ရန်ကုန်မြို့အနှံ့ သွားနေသည့် အချိန်အတွင်း အများပြည်သူသယ်ယူ ပို့ဆောင်ရေးယာဉ်ကို အသုံးပြုခြင်း၊ စုပေါင်း၍ ကားစုစီးခြင်း၊ စက်ဘီးစီးခြင်းနှင့် လမ်းလျှောက်ခြင်းများ ပြုလုပ်ကာ ပတ်ဝန်းကျင်ညစ်ညမ်းမှု လျှော့ချရေးအတွက် စံနမူနာဖြစ်စေရန်အတွက် ကြိုးစားခဲ့ပါသည်။ ၎င်းတို့ သွားရောက်  လေ့လာ ခဲ့မှုများကိုလည်း ဓာတ်ပုံနှင့် ဗွီဒီယိုများဖြင့် မှတ်တမ်းတင်ရိုက်ကူးကာ ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ (Air Quality Yangon) ပေါ်တွင် လေထုညစ်ညမ်းမှုတိုင်းတာချက်များနှင့်အတူ စဉ်ဆက်မပြတ်  ဖော်ပြပေးလျက်ရှိပါသည်။

 

 


 “တို့ရှူတဲ့လေ သတိပြုကြစေ” ဟု အမည်ရသည့် အဆိုပါ ကမ်ပိန်းသည် အစိုးရ မဟုတ်သော ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် Save The Children ၏ SHIFT ပလက်ဖောင်းမှ တစ်ဆင့် Air Quality Yangon အဖွဲ့အား ထောက်ပံ့  ပေးထားသောကမ်ပိန်း ဖြစ်သည်။ ထို SHIFT ပလက်ဖောင်းမှ တစ်ဆင့် Air Quality Yangon အဖွဲ့သည် ၃ ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို တတ်ရောက်ဆွေးနွေးခဲ့ပြီး ၎င်းတို့ စိတ်အား အထက်သန်ဆုံး အကြောင်းအရာဖြစ်သည့် လေထုညစ်ညမ်းမှုကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲအတွင်းတွင် Air Quality Yangon အဖွဲ့သည် လေထုညစ်ညမ်းမှုနှင့် ပတ်သက်ပြီး အသိပညာပေးရန် နည်းဗျူဟာရေးဆွဲရာတွင် Creative Partner ဖြစ်သည့် Bridge အဖွဲ့အစည်းထံမှ အကူအညီရခဲ့ပြီး “တို့ရှူတဲ့လေ သတိပြုကြစေ” ကမ်ပိန်းကို ပူးတွဲဖန်တီးခဲ့သည်။ 

 

Save The Children ၏ Director of Advocacy, Communications, Campaigns and Media ဖြစ်သူ Andy Nilsen သည် SHIFT ကို အပြုသဘောဆောင်သည့် ပြောင်းလဲမှုများဖြစ်လာစေမည့် လူငယ်များဦးဆောင်သည့် လှုပ်ရှားမှုများကို ကမ်ပိန်း အထောက်အပံ့ ပရိုဂရမ်အနေဖြင့် ထောက်ခံအားပေးရန်အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ “မြန်မာနိုင်ငံရဲ့ လက်ရှိ မျိုးဆက်တွေအနေနဲ့ လေထုအရည်သွေးဟာ သူတို့ရဲ့ ကျန်ရှိတဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ဆိုးရွားတဲ့ သက်ရောက်မှုတွေ  ရှိနိုင်တဲ့အထိ သိသိသာသာကျဆင်းနေတာကို တွေ့ရှိခဲ့ရပြီးပါပြီ” ဟု Nilsen က ပြောကြားခဲ့သည်။ “ကျွန်တော့အနေနဲ့ ရန်ကုန်မှာရော တစ်နိုင်ငံလုံးမှာ‌ပါ လေထုညစ်ညမ်းမှုအကြောင်းတွေကို အသိပေးမြှင့်တင်ပြီး လေထု အရည်အသွေးတိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်နေကြတဲ့ ဒီလူငယ်လေးတွေကို အားပေးကူညီပေးရတာ အရမ်းပဲ ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံသားတွေရော အစိုးရကပါ သူတို့ရဲ့ လေ့လာတွေ့ရှိချက်တွေကို အာရုံစိုက်မိပြီး တကယ့်အပြောင်းအလဲတွေ လုပ်လာကြမယ်လို့လည်း မျှော်လင့်မိပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

 

ကမ်ပိန်းပြီးဆုံးချိန်၌ Air Quality Yangon အဖွဲ့သည် ရန်ကုန်၏ လေထုကို သန့်ရှင်းအောင်ပြုလုပ်ရာတွင် အများပြည်သူတို့ ပါဝင်လာစေရန် တတ်နိုင်သမျှ လမ်းလျှောက်ခြင်း၊ လမ်းလျှောက်ရန် ဝေးသောနေရာများသို့ စက်ဘီး သို့မဟုတ် ဆိုက်ကား စီးသွားခြင်းနှင့် ခရီးဝေးလျှင် အများပြည်သူသုံးယာဉ်များ စီးနှင်းခြင်းတို့ကို လုပ်ဆောင်ရန်အတွက် အွန်လိုင်းမှ တစ်ဆင့် ဆက်လက်လှုံ့ဆော်သွားမည်ဖြစ်ပါသည်။  

 

 

“ပြောင်းလဲမှုတစ်ခု ဖြစ်လာဖို့အတွက် ပြည်သူတွေကို ပြောင်းလဲချင်စိတ်ဖြစ်ပြီး ပါဝင်လာအောင် ဖိအားတစ်ခု လိုအပ်ပါ တယ်။ ဒါကလည်း ပြည်သူတွေကို အသိပညာပေးတာတွေ မြှင့်တင်ပေးမှ ရမှာပါ။ အသိပညာမြှင့်တင်တယ်ဆိုတဲ့နေရာမှာ လူတွေ အများကြီးသိရှိသွားအောင် ပြုလုပ်ဖို့ကလည်း လိုအပ်ချက်တွေများစွာ ရှိနေပါသေးတယ်” ဟု ကိုဇော်ဝင်းထက်က ဆိုသည်။ “ပြည်သူတွေအနေနဲ့ မြန်မာနိုင်ငံလေထု အရည်အသွေးရဲ့ ဆိုးရွားနေတဲ့အခြေအနေတွေကို သိရှိသွားတဲ့အခါမှာ သူတို့ရဲ့ အပြုအမူတွေကို ပြောင်းလဲပြီး အစိုးရကို ပိုမိုလုပ်ဆောင်ပေးဖို့ တောင်းဆိုလာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါ တယ်။ အဲဒါကြောင့်မို့လို့လည်း လေထုအရည်အသွေး တိုင်းတာစစ်ဆေးမှုတွေကို ဆက်လက်အားစိုက်ပြီး ပိုမိုချဲ့ထွင် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒီအချိန်ကနေစပြီးတော့ Action ယူပြီး သန့်ရှင်းတဲ့လေကို ပြန်လည်ရယူဖို့အတွက်ဟာ နိုင်ငံသားတိုင်းနဲ့  သက်ဆိုင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။


AIR QUALITY YANGON အကြောင်း

Air Quality Yangon (AQY) အဖွဲ့ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် Connect University မှ Dr. Kirt Page ၏ လမ်းညွှန်မှုအောက်၌ American University of Yangon မှ ကျောင်းသား ကျောင်းသူ ခြောက်ယောက်ဖြင့် ဖွဲ့စည်းခဲ့ ပါသည်။ ဤအဖွဲ့သည် မြို့တွင်းရှိ လေထုအရည်အသွေး ဆိုးရွားနေမှုနှင့် ထိုအကြောင်းကို သိရှိသူနည်းပါးမှုအတွက် စိုးရိမ်စိတ်များ ပေါပေါ်က်လာခြင်း ဖြစ်သည်။ AQY အဖွဲ့သည် ရန်ကုန်မြို့ လေထုညစ်ညမ်းမှုကို  လေ့လာခဲ့သော်လည်း အစိုးရမှ ထုတ်ပြန်ထားသည့် လေထုအရည်အသွေးတိုင်းတာထားသော ဒေတာများထက် ပိုမိုသိရှိ လိုသောကြောင့် လိုအပ်ချက်များနှင့် ရင်ဆိုင်ခဲ့ရပါသည်။ ဤအခြေအနေကြောင့် လေထုညစ်ညမ်းမှုနှင့် ပတ်သက်ပြီး အသိပညာများ၊ အချက်အလက်ဒေတာများ၊ လေ့လာချက်များနှင့် ပြုလုပ်ဆောင်ရွက်ချက်များ မရှိသလောက် ဖြစ်လာခဲ့ပါ သည်။ ထို့ကြောင့် Air Quality Yangon အနေနဲ့ “တာဝန်သိပြည်သူထဲမှ သိပ္ပံပညာရှင်” အဖြစ် ဦးဆောင်ပြီး မြို့တွင်းရှိ  လေထုအရည် အသွေးကို တိုင်းတာမျှဝေကာ အခြားသူများကိုလည်း သူတို့နည်းတူ လုပ်ဆောင်ရန် အားပေးတိုက်တွန်း လှုံဆော်လျက်ရှိပါသည်။ ထိုသို့ ပြုလုပ်နိုင်ရန်အတွက် ရန်ကုန်မြို့တွင်း ရရှိနိုင်သော အထောက်အကူပြု ပစ္စည်းကိရိယာ များဖြင့် လေထုထဲရှိ အန္တရာယ်အများဆုံး အမှုန်ဖြစ်သည့် Particulate Matter 2.5 ကို တိုင်းတာသည့် တန်ဖိုးသင့်  လေထုအရည်အသွေးတိုင်းတာစက်ကို ပြုလုပ်ခဲ့ပါသည်။ ၎င်းတို့သည် လက်တလောတွင် သူတို့၏ မက်ဆေ့ချ်ကို မျှဝေရန် နှင့် ဒေသတွင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် မန္တလေးနှင့် တောင်ကြီးမြို့ တို့ကို သွားရောက်ကာ PurpleAir လေထုအရည်အသွေး တိုင်းထွာစက်တစ်လုံး စီတပ်ဆင်ခဲ့သည်။  Air Quality Yangon အဖွဲ့သည် “တို့ရှူတဲ့လေ သတိပြုစေ” ကမ်ပိန်းအတွက် မကြာသေးမီက အဖွဲ့ဝင်သစ်  (၅) ယောက်ကို ထပ်မံခန့်အပ်ခဲ့သည်။

 

**Zawgyi**

ရန္ကုန္ၿမိဳ႕၏ ေလထုညစ္ညမ္းမႈကို လူအမ်ားသတိျပဳမိေစရန္  တကၠသိုလ္ေက်ာင္းသူ၊ ေက်ာင္းသားမ်ားက ေဒါက္တာ Air Bear ႏွင့္အတူ ပူးေပါင္းလႈပ္ရွားေဆာင္႐ြက္လ်က္ရွိပါတယ္။

Air Quality Yangon သည္ Save the Children မွ SHIFT အစီအစဥ္၏ ပံ့ပိုးမႈျဖင့္ မျမင္ႏိုင္ေသာ ေလထုညစ္ညမ္းမႈ၏ အႏၲရာယ္ကို သတိျပဳမိလာေစရန္အတြက္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနပါတယ္။

ရန္ကုန္၊ ဇန္နဝါရီလ (၃) ရက္၊ ၂၀၂၀ ။  ။ အသက္ (၁၇) ႏွစ္မွ (၂၃) ႏွစ္အ႐ြယ္ လူငယ္မ်ား ဦးေဆာင္ပါဝင္သည့္ Air Quality Yangon (AQY) သည္ (၂၀၁၉) ခုႏွစ္ ဒီဇင္ဘာလ အေစာပိုင္းတြင္ ေဒါက္တာ Air Bear ၏ အကူအညီျဖင့္ ေလထု ညစ္ညမ္းမႈႏွင့္ ၎၏ အႏၲရာယ္မ်ားေသာ အဆင့္မ်ားအေၾကာင္း အသိပညာျမႇင့္တင္ၿပီး အေၾကာင္းအရာ အရင္းအျမစ္မ်ားကို  ေဖာ္ထုတ္ႏိုင္ရန္ ရည္႐ြယ္၍ ပထမဦးဆုံး ဆိုရွယ္ကမ္ပိန္းတစ္ခုကို စတင္ခဲ့ပါသည္။ ထို႔အျပင္ အဆိုပါ လူငယ္မ်ား ဦးေဆာင္သည့္ ကမ္ပိန္းသည္ ရန္ကုန္ၿမိဳ႕ေတာ္ ေလထုသန႔္ရွင္းေစေရးအတြက္ ထိ‌ေရာက္ေသာနည္းလမ္းမ်ား  ေဖာ္ေဆာင္ကာ ပံ့ပိုးေပးျခင္းျဖင့္ အမ်ားျပည္သူႏွင့္ သက္ဆိုင္ေသာ လုပ္ေဆာင္မႈမ်ားကို အားေပးရန္ ရည္႐ြယ္ျခင္းျဖစ္ပါတယ္။

Air Quality Yangon သည္ ရန္ကုန္တစ္ၿမိဳ႕လုံးရွိ ေလထုအရည္အေသြးဆိုင္ရာအခ်က္အလက္‌မ်ားအား စုေဆာင္းရယူႏိုင္ရန္အတြက္ သဘာဝပတ္ဝန္းက်င္ႏွင့္ လိုက္ေလ်ာညီေထြရွိသည့္ ဝက္ဝံ႐ုပ္တစ္႐ုပ္ကို ဖန္တီးခဲ့ပါတယ္။ ဝက္ဝံ႐ုပ္အား အျဖဴေရာင္ဝါဂြမ္းစျဖင့္ ျပဳလုပ္ထားျခင္းျဖစ္ကာ ရန္ကုန္ၿမိဳ႕ရွိ ေနရာအမ်ားအျပားသို႔ လွည့္လည္သြားလာေနမည္ျဖစ္ပါသည္။ ထိုသို႔ ရန္ကုန္ၿမိဳ႕ရွိ လမ္းမ်ားတြင္  ေလွ်ာက္သြားရင္း ေလထုထဲရွိ ဖုန္မႈန႔္မ်ားသည္ ဝက္ဝံ၏ အျဖဴေရာင္ ခႏၶာကိုယ္ေပၚသို႔ က်ေရာက္ကာ ေန႔ရက္မ်ား ကုန္လြန္လာသည္ႏွင့္အမွ် တျဖည္းျဖည္း ညစ္ပတ္လာကာ အညိဳေရာင္အျဖစ္သို႔ ေျပာင္းလဲလာမည္  ျဖစ္ပါသည္။ ဤအခ်က္သည္ မိမိတို႔ ရႉရႈိက္ေနေသာ ရန္ကုန္ၿမိဳ႕ရွိ ေလထုသည္ ညစ္ညမ္းေနေၾကာင္း ျမင္သာေအာင္ ကိုယ္စားျပဳ  ျပသျခင္းျဖစ္ပါတယ္။

ေဒါက္တာ Air Bear ၏ လႈပ္ရွားမႈမ်ားကို လမ္းသြားလမ္းလာ ျပည္သူလူထုက သတိထားမိကာ စိတ္ဝင္စားျခင္းကို ခံခဲ့ရၿပီး Air Quality Yangon အဖြဲ႕အေနျဖင့္ ၎တို႔၏ ေလထုညစ္ညမ္းမႈႏွင့္ ပတ္သက္ေသာ ဗဟုသုတမ်ားကို မွ်ေဝေပးျခင္းျဖင့္  ျပည္သူလူထုႏွင့္ ေဆြးေႏြးခဲ့ၾကပါသည္။ ထို႔အျပင္ Air Quality အဖြဲ႕သည္ ၎တို႔၏ သိပၸံနည္းျဖင့္ စနစ္တက် ျဖည့္စြက္ထားေသာ ေလထုညစ္ညမ္းမႈဆိုင္ရာ အေၾကာင္းအရာအခ်က္အလက္မ်ား ပါဝင္သည့္ ဆိုင္းဘုတ္မ်ားကို ကိုင္ေဆာင္ကာ လူအမ်ားက မိမိတို႔ ရႉရႈိက္ေနေသာ ေလထုကို ဂ႐ုျပဳလာေစရန္အတြက္လည္း အားထုတ္ႀကိဳးပမ္း  ေဆာင္႐ြက္ခဲ့ၾကပါတယ္။

Air Quality Yangon ၏ ရည္႐ြယ္ခ်က္သည္ ရန္ကုန္ၿမိဳ႕ေလထုအရည္အေသြးကို အခ်ိန္ႏွင့္တစ္ေျပးညီ အခ်က္အလက္မ်ား စုေဆာင္းတင္ျပေပးျခင္းျဖင့္ လူအမ်ားအား သတင္းအခ်က္အလက္မွ်ေဝရန္၊ ျမန္မာႏိုင္ငံသားမ်ားအတြက္ ေလထုညစ္ညမ္းမႈ အႏၲရာယ္မ်ားကို ပိုမိုသိရွိလာေစရန္ႏွင့္ ႐ိုးရွင္းေသာ လူေနမႈပုံစံအေျပာင္းအလဲမ်ား ျပဳလုပ္ျခင္းသည္ ေလထု ညစ္ညမ္းမႈကို ေလွ်ာ့ခ်ေပးႏိုင္သည့္ ဥပမာမ်ားကို ျပသေပးရန္ ျဖစ္ပါသည္။ 

“ေဒါက္တာ Air Bear နဲ႔ ကြၽန္ေတာ္တို႔ရဲ႕ ရည္႐ြယ္ခ်က္က မျမင္ႏိုင္တဲ့ ၿခိမ္းေျခာက္မႈကို လူအမ်ား စိတ္ဝင္တစား ပါဝင္ လာႏိုင္တဲ့ နည္းလမ္းနဲ႔ ျမင္ႏိုင္ေအာင္ လုပ္ဖို႔ ျဖစ္ပါတယ္” ဟု Air Quality Yangon အဖြဲ႕ဝင္တစ္ဦးျဖစ္ၿပီး တကၠသိုလ္  ေက်ာင္းသားတစ္ေယာက္ျဖစ္သူ ကိုေဇာ္ဝင္းထက္က ဆိုပါတယ္။  “ေလထုညစ္ညမ္းမႈက ဒီမွာႀကီးထြားေနတဲ့  ျပႆနာႀကီး ပါပဲ။ ဒါေပမယ့္ ဘယ္ေလာက္အႏၲရာယ္မ်ားတယ္ဆိုတာကို လူအမ်ားစုက နားမလည္ၾကဘူး။ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔ အေနနဲ႔ ေလထုညစ္ညမ္းမႈအေၾကာင္း ပိုစိတ္ဝင္စားေအာင္ Idea တစ္ခု စဥ္းစားၿပီး လုပ္လိုက္တယ္။ အဲ့ဒါကေတာ့  ေဒါက္တာ Air Bear ရဲ႕ အေမက ရန္ကုန္ေလထုအရည္အေသြး အရမ္းကို ဆိုး႐ြားတဲ့အတြက္ သကၠရာဇ္  (၂၀၄၉) ခုႏွစ္မွာ ဆုံးပါးသြားခဲ့တယ္။ ေဒါက္တာ Air Bear အေနနဲ႔ သကၠရာဇ္ (၂၀၅၀) ျပည့္ႏွစ္ကေန ရန္ကုန္ေလထုညစ္ညမ္းမႈဟာ အႏၲရာယ္မ်ားတဲ့ အဆင့္ကို မေရာက္ရွိေသးတဲ့ အခုလိုအခ်ိန္ကို ျပန္လာၿပီးေတာ့ သူ႔အေမကို ျပန္လည္ ကယ္တင္ခ်င္လို႔ ရန္ကုန္ေလထုရဲ႕ အေျခအေန အနာဂတ္ကို ေျပာင္းလဲဖို႔ ႀကိဳးစားျပသတဲ့ ပုံစံမ်ိဳးပါပဲ။ ေဒါက္တာ Air Bear ကေန တစ္ဆင့္ လူအမ်ားရဲ႕ အာ႐ုံစိုက္မႈေတြကို ရယူၿပီးေတာ့ ေလထုညစ္ညမ္းမႈကို အေရးယူေဆာင္႐ြက္ဖို႔ လႈံ႕ေဆာ္ ေပးႏိုင္လိမ့္မယ္လို႔  ေမွ်ာ္လင့္ပါတယ္”  ဟု ၎က ဆက္လက္ေျပာၾကားခဲ့ပါသည္။

ကမာၻ႔က်န္းမာေရးအဖြဲ႕၏ အဆိုအရ ျမန္မာႏိုင္ငံတြင္ ေလထုညစ္ညမ္းမႈေၾကာင့္ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ နာတာရွည္ေရာဂါမ်ားအပါအဝင္ ႏွစ္စဥ္ႏွစ္တိုင္း ေသဆုံးမႈေပါင္း (၂၂၀၀၀) ခန႔္ ျဖစ္ေပၚလ်က္ရွိသည္။ အဓိကအားျဖင့္  (၂၀၁၁) ခုႏွစ္တြင္ ကားတင္သြင္းမႈမ်ားကို ေျဖေလွ်ာ့ေပးခဲ့ေသာေၾကာင့္ ယာဥ္အစီးေရ သိသိသာသာ တိုးပြားလာမႈႏွင့္ လမ္းပိတ္ျခင္းျပႆနာကို ေျဖရွင္းရန္ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ သစ္ပင္မ်ားကို ဖယ္ရွားျခင္းတို႔ေၾကာင့္လည္း ရန္ကုန္ၿမိဳ႕၏ ေလထုအရည္အေသြးသည္ ပိုမိုဆိုး႐ြားလာသည္။ ထို႔အျပင္ စက္႐ုံမွ ဓာတ္ေငြ႕မ်ားထြက္ရွိျခင္း၊  ေက်ာက္မီးေသြး အသုံးျပဳ ခ်က္ျပဳတ္ျခင္းႏွင့္ အမႈိက္မ်ားကို မီးရႈိ႕ဖ်က္ဆီးျခင္း အစရွိသည့္ အခ်က္မ်ားသည္လည္း  ေလထု ညစ္ညမ္းမႈ၏ အဓိက အခန္းက႑တစ္ခုအေနျဖင့္ ပါဝင္ေနပါသည္။

Air Quality Yangon ၏ ေဒါက္တာ Air Bear သည္ ရန္ကုန္ၿမိဳ႕အႏွံ႔ သြားေနသည့္ အခ်ိန္အတြင္း အမ်ားျပည္သူသယ္ယူ ပို႔ေဆာင္ေရးယာဥ္ကို အသုံးျပဳျခင္း၊ စုေပါင္း၍ ကားစုစီးျခင္း၊ စက္ဘီးစီးျခင္းႏွင့္ လမ္းေလွ်ာက္ျခင္းမ်ား ျပဳလုပ္ကာ ပတ္ဝန္းက်င္ညစ္ညမ္းမႈ ေလွ်ာ့ခ်ေရးအတြက္ စံနမူနာျဖစ္ေစရန္အတြက္ ႀကိဳးစားခဲ့ပါသည္။ ၎တို႔ သြားေရာက္  ေလ့လာ ခဲ့မႈမ်ားကိုလည္း ဓာတ္ပုံႏွင့္ ဗြီဒီယိုမ်ားျဖင့္ မွတ္တမ္းတင္႐ိုက္ကူးကာ ၎တို႔၏ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ (Air Quality Yangon) ေပၚတြင္ ေလထုညစ္ညမ္းမႈတိုင္းတာခ်က္မ်ားႏွင့္အတူ စဥ္ဆက္မျပတ္  ေဖာ္ျပေပးလ်က္ရွိပါသည္။


 “တို႔ရႉတဲ့ေလ သတိျပဳၾကေစ” ဟု အမည္ရသည့္ အဆိုပါ ကမ္ပိန္းသည္ အစိုးရ မဟုတ္ေသာ ကမာၻလုံးဆိုင္ရာ အဖြဲ႕အစည္းျဖစ္သည့္ Save The Children ၏ SHIFT ပလက္ေဖာင္းမွ တစ္ဆင့္ Air Quality Yangon အဖြဲ႕အား ေထာက္ပံ့  ေပးထားေသာကမ္ပိန္း ျဖစ္သည္။ ထို SHIFT ပလက္ေဖာင္းမွ တစ္ဆင့္ Air Quality Yangon အဖြဲ႕သည္ ၃ ရက္ၾကာ အလုပ္႐ုံေဆြးေႏြးပြဲတစ္ခုကို တတ္ေရာက္ေဆြးေႏြးခဲ့ၿပီး ၎တို႔ စိတ္အား အထက္သန္ဆုံး အေၾကာင္းအရာျဖစ္သည့္ ေလထုညစ္ညမ္းမႈကို ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္သည္။ ယင္းအလုပ္႐ုံေဆြးေႏြးပြဲအတြင္းတြင္ Air Quality Yangon အဖြဲ႕သည္ ေလထုညစ္ညမ္းမႈႏွင့္ ပတ္သက္ၿပီး အသိပညာေပးရန္ နည္းဗ်ဴဟာေရးဆြဲရာတြင္ Creative Partner ျဖစ္သည့္ Bridge အဖြဲ႕အစည္းထံမွ အကူအညီရခဲ့ၿပီး “တို႔ရႉတဲ့ေလ သတိျပဳၾကေစ” ကမ္ပိန္းကို ပူးတြဲဖန္တီးခဲ့သည္။ 

Save The Children ၏ Director of Advocacy, Communications, Campaigns and Media ျဖစ္သူ Andy Nilsen သည္ SHIFT ကို အျပဳသေဘာေဆာင္သည့္ ေျပာင္းလဲမႈမ်ားျဖစ္လာေစမည့္ လူငယ္မ်ားဦးေဆာင္သည့္ လႈပ္ရွားမႈမ်ားကို ကမ္ပိန္း အေထာက္အပံ့ ပ႐ိုဂရမ္အေနျဖင့္ ေထာက္ခံအားေပးရန္အတြက္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။ “ျမန္မာႏိုင္ငံရဲ႕ လက္ရွိ မ်ိဳးဆက္ေတြအေနနဲ႔ ေလထုအရည္ေသြးဟာ သူတို႔ရဲ႕ က်န္ရွိတဲ့ သက္တမ္းတစ္ေလွ်ာက္လုံးမွာ ဆိုး႐ြားတဲ့ သက္ေရာက္မႈေတြ  ရွိႏိုင္တဲ့အထိ သိသိသာသာက်ဆင္းေနတာကို ေတြ႕ရွိခဲ့ရၿပီးပါၿပီ” ဟု Nilsen က ေျပာၾကားခဲ့သည္။ “ကြၽန္ေတာ့အေနနဲ႔ ရန္ကုန္မွာေရာ တစ္ႏိုင္ငံလုံးမွာ‌ပါ ေလထုညစ္ညမ္းမႈအေၾကာင္းေတြကို အသိေပးျမႇင့္တင္ၿပီး ေလထု အရည္အေသြးတိုးတက္ေကာင္းမြန္လာေအာင္ လုပ္ေဆာင္ေနၾကတဲ့ ဒီလူငယ္ေလးေတြကို အားေပးကူညီေပးရတာ အရမ္းပဲ ဂုဏ္ယူမိပါတယ္။ ျမန္မာႏိုင္ငံသားေတြေရာ အစိုးရကပါ သူတို႔ရဲ႕ ေလ့လာေတြ႕ရွိခ်က္ေတြကို အာ႐ုံစိုက္မိၿပီး တကယ့္အေျပာင္းအလဲေတြ လုပ္လာၾကမယ္လို႔လည္း ေမွ်ာ္လင့္မိပါတယ္” ဟု ၎က ျဖည့္စြက္ေျပာၾကားခဲ့သည္။

ကမ္ပိန္းၿပီးဆုံးခ်ိန္၌ Air Quality Yangon အဖြဲ႕သည္ ရန္ကုန္၏ ေလထုကို သန႔္ရွင္းေအာင္ျပဳလုပ္ရာတြင္ အမ်ားျပည္သူတို႔ ပါဝင္လာေစရန္ တတ္ႏိုင္သမွ် လမ္းေလွ်ာက္ျခင္း၊ လမ္းေလွ်ာက္ရန္ ေဝးေသာေနရာမ်ားသို႔ စက္ဘီး သို႔မဟုတ္ ဆိုက္ကား စီးသြားျခင္းႏွင့္ ခရီးေဝးလွ်င္ အမ်ားျပည္သူသုံးယာဥ္မ်ား စီးႏွင္းျခင္းတို႔ကို လုပ္ေဆာင္ရန္အတြက္ အြန္လိုင္းမွ တစ္ဆင့္ ဆက္လက္လႈံ႕ေဆာ္သြားမည္ျဖစ္ပါသည္။  

“ေျပာင္းလဲမႈတစ္ခု ျဖစ္လာဖို႔အတြက္ ျပည္သူေတြကို ေျပာင္းလဲခ်င္စိတ္ျဖစ္ၿပီး ပါဝင္လာေအာင္ ဖိအားတစ္ခု လိုအပ္ပါ တယ္။ ဒါကလည္း ျပည္သူေတြကို အသိပညာေပးတာေတြ ျမႇင့္တင္ေပးမွ ရမွာပါ။ အသိပညာျမႇင့္တင္တယ္ဆိုတဲ့ေနရာမွာ လူေတြ အမ်ားႀကီးသိရွိသြားေအာင္ ျပဳလုပ္ဖို႔ကလည္း လိုအပ္ခ်က္ေတြမ်ားစြာ ရွိေနပါေသးတယ္” ဟု ကိုေဇာ္ဝင္းထက္က ဆိုသည္။ “ျပည္သူေတြအေနနဲ႔ ျမန္မာႏိုင္ငံေလထု အရည္အေသြးရဲ႕ ဆိုး႐ြားေနတဲ့အေျခအေနေတြကို သိရွိသြားတဲ့အခါမွာ သူတို႔ရဲ႕ အျပဳအမူေတြကို ေျပာင္းလဲၿပီး အစိုးရကို ပိုမိုလုပ္ေဆာင္ေပးဖို႔ ေတာင္းဆိုလာလိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ ယုံၾကည္ပါ တယ္။ အဲဒါေၾကာင့္မို႔လို႔လည္း ေလထုအရည္အေသြး တိုင္းတာစစ္ေဆးမႈေတြကို ဆက္လက္အားစိုက္ၿပီး ပိုမိုခ်ဲ႕ထြင္ လုပ္ေဆာင္ေနတာပဲ ျဖစ္ပါတယ္။ ဒီအခ်ိန္ကေနစၿပီးေတာ့ Action ယူၿပီး သန႔္ရွင္းတဲ့ေလကို ျပန္လည္ရယူဖို႔အတြက္ဟာ ႏိုင္ငံသားတိုင္းနဲ႔  သက္ဆိုင္ပါတယ္” ဟု ၎က ဆက္လက္ေျပာၾကားခဲ့ပါသည္။


AIR QUALITY YANGON အေၾကာင္း

Air Quality Yangon (AQY) အဖြဲ႕ကို ၂၀၁၈ ခုႏွစ္ စက္တင္ဘာလတြင္ Connect University မွ Dr. Kirt Page ၏ လမ္းၫႊန္မႈေအာက္၌ American University of Yangon မွ ေက်ာင္းသား ေက်ာင္းသူ ေျခာက္ေယာက္ျဖင့္ ဖြဲ႕စည္းခဲ့ ပါသည္။ ဤအဖြဲ႕သည္ ၿမိဳ႕တြင္းရွိ ေလထုအရည္အေသြး ဆိုး႐ြားေနမႈႏွင့္ ထိုအေၾကာင္းကို သိရွိသူနည္းပါးမႈအတြက္ စိုးရိမ္စိတ္မ်ား ေပါေပၚက္လာျခင္း ျဖစ္သည္။ AQY အဖြဲ႕သည္ ရန္ကုန္ၿမိဳ႕ ေလထုညစ္ညမ္းမႈကို  ေလ့လာခဲ့ေသာ္လည္း အစိုးရမွ ထုတ္ျပန္ထားသည့္ ေလထုအရည္အေသြးတိုင္းတာထားေသာ ေဒတာမ်ားထက္ ပိုမိုသိရွိ လိုေသာေၾကာင့္ လိုအပ္ခ်က္မ်ားႏွင့္ ရင္ဆိုင္ခဲ့ရပါသည္။ ဤအေျခအေနေၾကာင့္ ေလထုညစ္ညမ္းမႈႏွင့္ ပတ္သက္ၿပီး အသိပညာမ်ား၊ အခ်က္အလက္ေဒတာမ်ား၊ ေလ့လာခ်က္မ်ားႏွင့္ ျပဳလုပ္ေဆာင္႐ြက္ခ်က္မ်ား မရွိသေလာက္ ျဖစ္လာခဲ့ပါ သည္။ ထို႔ေၾကာင့္ Air Quality Yangon အေနနဲ႔ “တာဝန္သိျပည္သူထဲမွ သိပၸံပညာရွင္” အျဖစ္ ဦးေဆာင္ၿပီး ၿမိဳ႕တြင္းရွိ  ေလထုအရည္ အေသြးကို တိုင္းတာမွ်ေဝကာ အျခားသူမ်ားကိုလည္း သူတို႔နည္းတူ လုပ္ေဆာင္ရန္ အားေပးတိုက္တြန္း လႈံေဆာ္လ်က္ရွိပါသည္။ ထိုသို႔ ျပဳလုပ္ႏိုင္ရန္အတြက္ ရန္ကုန္ၿမိဳ႕တြင္း ရရွိႏိုင္ေသာ အေထာက္အကူျပဳ ပစၥည္းကိရိယာ မ်ားျဖင့္ ေလထုထဲရွိ အႏၲရာယ္အမ်ားဆုံး အမႈန္ျဖစ္သည့္ Particulate Matter 2.5 ကို တိုင္းတာသည့္ တန္ဖိုးသင့္  ေလထုအရည္အေသြးတိုင္းတာစက္ကို ျပဳလုပ္ခဲ့ပါသည္။ ၎တို႔သည္ လက္တေလာတြင္ သူတို႔၏ မက္ေဆ့ခ်္ကို မွ်ေဝရန္ ႏွင့္ ေဒသတြင္း ပတ္ဝန္းက်င္ ထိန္းသိမ္းေရးအဖြဲ႕အစည္းမ်ား ေပၚေပါက္လာေစရန္ မႏၲေလးႏွင့္ ေတာင္ႀကီးၿမိဳ႕ တို႔ကို သြားေရာက္ကာ PurpleAir ေလထုအရည္အေသြး တိုင္းထြာစက္တစ္လုံး စီတပ္ဆင္ခဲ့သည္။  Air Quality Yangon အဖြဲ႕သည္ “တို႔ရႉတဲ့ေလ သတိျပဳေစ” ကမ္ပိန္းအတြက္ မၾကာေသးမီက အဖြဲ႕ဝင္သစ္  (၅) ေယာက္ကို ထပ္မံခန႔္အပ္ခဲ့သည္။

Latest Post News Read 1063 times