စိုက်ပျိုးရေးဒီပလိုမာနှင့် မွေးမြူရေးဒီပလိုမာ ပထနှစ်သင်တန်းသားများ ခေါ်ယူ

တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူများအနေဖြင့် စိုက်ပျိုးရေးဒီပလိုမာနှင့် မွေးမြူရေးဒီပလိုမာသင်တန်းများကို လျှောက်ထားနိုင်သည်။

ဒီပလိုမာသင်တန်း (၃) နှစ် တက်ရောက်ပြီးပါက စိုက်ပျိုးရေးဒီပလိုမာကို ထူးချွန်စွာအောင်မြင်သူသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့လည်းကောင်း၊ မွေးမြူရေးဒီပလိုမာကို ထူးချွန်စွာအောင်မြင်သူသည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်သို့လည်းကောင်း တက်ရောက်ရန် ဝင်ခွင့်ရရှိပါမည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများ

စိုက်ပျိုးရေးဒီပလိုမာသင်တန်းအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ပျဉ်းမနား၊ သထုံ၊ မြောင်းမြ၊ ရွှေဘို၊ ပုသိမ်ကြီး၊ ပွင့်ဖြူ၊ သာယာ၀တီ၊ ထားဝယ်၊ ဟဲဟိုး၊ မြစ်ကြီးနား၊ ဒီးမော့ဆို၊ ဘားအံ၊ လုံပီး၊ ကျောက်တော်၊ ဟုမ္မလင်း) တို့တွင် တက်ရောက်နိုင်သည်။

မွေးမြူရေးဒီပလိုမာသင်တန်းအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ပျဉ်းမနား၊ ပုသိမ်ကြီး၊ ဟဲဟိုး၊ ပွင့်ဖြူ၊ သာယာဝတီ၊ သထုံ၊ မြစ်ကြီးနား၊ ဘားအံ၊ မြောင်းမြ၊ ဟုမ္မလင်း) တို့တွင် တက်ရောက်နိုင်သည်။

လျှောက်ထားသူများသည်

- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

- စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူများ လျှောက်မည်ဆိုပါက စိုက်ပျိုးရေးအတတ်ပညာကို Grade A နှင့် Grade B ဖြင့် အောင်မြင်သူများသည် စိုက်ပျိုးရေးဒီပလိုမာသင်တန်းကို တက်ရောက်နိုင်ပြီး မွေးမြူရေးအတတ်ပညာကို Grade A နှင့် Grade B ဖြင့် အောင်မြင်သူများသည် မွေးမြူရေးဒီပလိုမာသင်တန်းကို တက်ရောက်နိုင်သည်။

- တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူများ လျှောက်ထားမည်ဆိုပါက ဓာတုဗေဒ၊ ရူပဗေဒဘာသာရပ်များ ပါဝင်သည့် မည်သည့်ဘာသာတွဲဖြင့်ဖြစ်စေ အောင်မြင်သူများသည် စိုက်ပျိုးရေးဒီပလိုမာသင်တန်းကို တက်ရောက်နိုင်ပြီး ဇီ၀ဗေဒဘာသာတွဲဖြင့် အောင်မြင်သူများသည် မွေးမြူရေးဒီပလိုမာသင်တန်းကို တက်ရောက်နိုင်သည်။

- လျှောက်လွှာပိတ်ရက် စက်တင်ဘာ (၁၄) ရက်တွင် အသက် (၂၂) နှစ်ထက် မကြီးသူ ဖြစ်ရမည်။

- နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိကျောင်းသားများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ဟုမ္မလင်း) တွင် ဖွင့်လှစ်မည့် စိုက်ပျိုးရေးဒီပလိုမာသင်တန်းကို လျှောက်ထားရမည်။ 

လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့် အထောက်အထားများ

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ (သို့) တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်း သက်ဆိုင်ရာကျောင်းအုပ်ကြီး ထောက်ခံချက် (မူရင်း) 

- စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် Grade A (သို့) Grade B ဖြင့်အောင်မြင်ကြောင်း ထောက်ခံချက်

- တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်း (မိတ္တူ) (ကျောင်းအပ်နှံသည့်အချိန်တွင် မူရင်းတင်ပြရမည်) 

- စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ရန် ကျန်းမာရေးကောင်းမွန်ကြောင်း ဆရာဝန်၏ ထောက်ခံချက် 

- အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊ ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာမြို့နယ်ရဲစခန်း (သို့) ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက် (မူရင်း)

- လျှောက်ထားသူနှင့် မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကဒ် (မိတ္တူ) များနှင့် အိမ်ထောင်စုဇယား (မိတ္တူ) 
လိုင်စင်ဓာတ်ပုံ (နောက်ခံအပြာရောင်ဖြင့်) (၅)ပုံ

လျှောက်ထားရမည့်ပုံစံ

လျှောက်လွှာများကို မိမိတက်ရောက်လိုသော စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းတွင် ဝင်ခွင့်လျှောက်လွှာများ အခမဲ့ ထုတ်ယူပြီး စက်တင်ဘာ (၁၄) ရက်ထက် နောက်မကျစေဘဲ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်။ သတ်မှတ်ရက်ထက် နောက်ကျသော လျှောက်လွှာများ၊ မပြည့်စုံသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

တက်ရောက်ခွင့်ရရှိသူများနှင့် ကျောင်းဖွင့်လှစ်မည့်ရက်အား လျှောက်လွှာတင်ထားသည့် သက်ဆိုင်ရာ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းများမှ အကြောင်းကြားပေးမည်ဖြစ်ပြီး ဝင်ခွင့်ရရှိသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းများတွင်သာ တက်ရောက်ရပါမည်။

အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းအမှတ် ၀၆၇-၄၁၀၅၈၈ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

==============================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Vocational Read 4968 times