Sales Hotline : 09448001653       Download App



၂၀၂၁ ပညာသင်နှစ်တွင် MDSC General သင်တန်းသို့တက်ရောက်ခွင့်ပြုမည့်...

** Unicode **

နိုင်ငံ့ဝန်ထမ်းမဟုတ်သော သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်တွေကို ၂၀၂၁ ပညာသင်နှစ်မှာ MDSC General သင်တန်းသို့ တက်ရောက်ခွင့်ပြုမှာဖြစ်တယ်လို့ မတ် (၂၃) ရက်ကပြုလုပ်သည့် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှ သိရပါတယ်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့မှာ ဒလမဲဆန္ဒနယ်မှ ဒေါက်တာဦးစိန်မြအေးက အစိုးရဝန်ထမ်းမဟုတ်သော ပြင်ပသွားနှင့် ခံတွင်းဆိုင်ရာ ဆရာဝန်များအား သက်ဆိုင်ရာဘာသာရပ်တစ်ခုချင်းစီအလိုက် အထူးပြုမဟာဘွဲ့လွန်ပညာများ ဆက်လက်သင်ကြားပေးရန်အတွက် မည်သည့်ပညာသင်နှစ်တွင်စတင်သင်ကြားပေးမည်နှင့် မည်သည့်တက္ကသိုလ်တွင်သင်ကြားပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့တာဖြစ်ပါတယ်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က နိုင်ငံ့ဝန်ထမ်းမဟုတ်သော သွားနှင့်ခံတွင်း ဆိုင်ရာ ဆရာဝန်များအား ၂၀၂၁ ပညာသင်နှစ်တွင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်) နှင့်သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး) တို့မှာဖွင့်လှစ်မည့် MDSC General သင်တန်းသို့ တက်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

Tour Guide (6) ဧည်လမ်းညွှန်သင်တန်းများနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။ 

သင်တန်းတက်ရောက်ခွင့်ရရှိသူများ၊ နိုင်ငံ့ဝန်ထမ်းနဲ့ နိုင်ငံ့ဝန်ထမ်းမဟုတ်သူ စုစုပေါင်းရဲ့ (၂၀%) ကို နိုင်ငံ့ဝန်ထမ်းမဟုတ်သော သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များအား တက်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းမဟုတ်သော သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များအတွက် အထွေထွေသွားရောဂါကုဆေးပညာ Diploma သင်တန်းအောင်မြင်ပြီး နှစ်နှစ်ပြည့်ပြီးသူများကိုသာ ဝင်ခွင့်ဖြေဆိုခွင့်ပြုသွားမည်ဖြစ်ကြောင်းနဲ့ သင်တန်းကြေးကို ညှိနှိုင်းဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Read More:>>> မေလတွင် ကျင်းပမည့် နဝမတန်းပြင်ပဖြေ စာမေးပွဲ

၂၀၂၀ ပြည့်နှစ်မတ်လမှာ ကျင်းပမည့် ဘွဲ့လွန်ဆေးပညာ သင်ကြားရေးအဖွဲ့ အစည်းအဝေးမှာ ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်တွေနဲ့ သင်တန်းကြေးများကိုအတည်ပြုကာ ၂၀၂၀ ပြည့်နှစ်ဇွန်လတွင် ဘွဲ့လွန်သင်တန်းများ ဝင်ခွင့်လျှောက်လွှာခေါ်ယူတဲ့အခါ ထည့်သွင်းခေါ်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆက်လက်ဖြေကြားခဲ့ပါတယ်။

Credit: Internet

** Zawgyi **

ႏိုင္ငံ့ဝန္ထမ္းမဟုတ္ေသာ သြားႏွင့္ခံတြင္းဆိုင္ရာ ဆရာဝန္ေတြကို ၂၀၂၁ ပညာသင္ႏွစ္မွာ MDSC General သင္တန္းသို႔ တက္ေရာက္ခြင့္ျပဳမွာျဖစ္တယ္လို႔ မတ္ (၂၃) ရက္ကျပဳလုပ္သည့္ ျပည္သူ႔လႊတ္ေတာ္ (၁၅) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝးမွ သိရပါတယ္။

ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ (၁၅) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (၁၂) ရက္ေျမာက္ေန႔မွာ ဒလမဲဆႏၵနယ္မွ ေဒါက္တာဦးစိန္ျမေအးက အစိုးရဝန္ထမ္းမဟုတ္ေသာ ျပင္ပသြားႏွင့္ ခံတြင္းဆိုင္ရာ ဆရာဝန္မ်ားအား သက္ဆိုင္ရာဘာသာရပ္တစ္ခုခ်င္းစီအလိုက္ အထူးျပဳမဟာဘြဲ႕လြန္ပညာမ်ား ဆက္လက္သင္ၾကားေပးရန္အတြက္ မည္သည့္ပညာသင္ႏွစ္တြင္စတင္သင္ၾကားေပးမည္ႏွင့္ မည္သည့္တကၠသိုလ္တြင္သင္ၾကားေပးမည္ကို သိလိုျခင္းႏွင့္ စပ္လ်ဥ္း၍ ေမးျမန္းခဲ့တာျဖစ္ပါတယ္။

အဆိုပါေမးခြန္းႏွင့္ စပ္လ်ဥ္း၍ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာျမေလးစိန္က ႏိုင္ငံ့ဝန္ထမ္းမဟုတ္ေသာ သြားႏွင့္ခံတြင္း ဆိုင္ရာ ဆရာဝန္မ်ားအား ၂၀၂၁ ပညာသင္ႏွစ္တြင္ သြားဘက္ဆိုင္ရာေဆးတကၠသိုလ္ (ရန္ကုန္) ႏွင့္သြားဘက္ဆိုင္ရာေဆးတကၠသုိလ္ (မႏၱေလး) တို႔မွာဖြင့္လွစ္မည့္ MDSC General သင္တန္းသို႔ တက္ေရာက္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း ျပန္လည္ေျဖၾကားခဲ့တာျဖစ္ပါတယ္။

Tour Guide (6) ဧည္လမ္းညႊန္သင္တန္းမ်ားႏွင့္ ပတ္သက္ျပီးရွာရန္ႏွိပ္ပါ။ 

သင္တန္းတက္ေရာက္ခြင့္ရရွိသူမ်ား၊ ႏိုင္ငံ့ဝန္ထမ္းနဲ႔ ႏိုင္ငံ့ဝန္ထမ္းမဟုတ္သူ စုစုေပါင္းရဲ႕ (၂၀%) ကို ႏိုင္ငံ့ဝန္ထမ္းမဟုတ္ေသာ သြားႏွင့္ခံတြင္းဆိုင္ရာ ဆရာဝန္မ်ားအား တက္ေရာက္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံ့ဝန္ထမ္းမဟုတ္ေသာ သြားႏွင့္ခံတြင္းဆိုင္ရာ ဆရာဝန္မ်ားအတြက္ အေထြေထြသြားေရာဂါကုေဆးပညာ Diploma သင္တန္းေအာင္ျမင္ၿပီး ႏွစ္ႏွစ္ျပည့္ၿပီးသူမ်ားကိုသာ ဝင္ခြင့္ေျဖဆိုခြင့္ျပဳသြားမည္ျဖစ္ေၾကာင္းနဲ႔ သင္တန္းေၾကးကို ညွိႏႈိင္းဆဲျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Read More:>>> ေမလတြင္ က်င္းပမည့္ နဝမတန္းျပင္ပေျဖ စာေမးပြဲ

၂၀၂၀ ျပည့္ႏွစ္မတ္လမွာ က်င္းပမည့္ ဘြဲ႔လြန္ေဆးပညာ သင္ၾကားေရးအဖြဲ႔ အစည္းအေဝးမွာ ဝင္ခြင့္အရည္အခ်င္းသတ္မွတ္ခ်က္ေတြနဲ႔ သင္တန္းေၾကးမ်ားကိုအတည္ျပဳကာ ၂၀၂၀ ျပည့္ႏွစ္ဇြန္လတြင္ ဘြဲ႔လြန္သင္တန္းမ်ား ဝင္ခြင့္ေလ်ွာက္လႊာေခၚယူတဲ့အခါ ထည့္သြင္းေခၚယူေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း ဆက္လက္ေျဖၾကားခဲ့ပါတယ္။

Credit: Internet

 

Latest Post News Tips Read 964 times