ရန်ကုန်တက္ကသိုလ်က ဖွင့်လှစ်မည့် နိုင်ငံရေးဆိုင်ရာ ဒီပလိုမာသင်တန်း (၂) ခု

ရန်ကုန်တက္ကသိုလ်တွင် Diploma in International Relations (DIR) နိုင်ငံတကာဆက်ဆံရေးဒီပလိုမာသင်တန်းနှင့် Diploma in Political Science (DPS) နိုင်ငံရေးသိပ္ပံဒီပလိုမာသင်တန်းအား ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာ (၁) ရက်နေ့တွင် စတင် ဖွင့်လှစ်ပါမည်။ 

သင်တန်းလျှောက်ထားသူများသည် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများဖြစ်ရန် လိုအပ်သည်။

သင်တန်းကို နိုဝင်ဘာလ (၂) ရက်နေ့မှ (၁၈) ရက်နေ့အထိ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာန၊ ဝေသာလီဆောင်၊ ဒဂုံလမ်း၊ ရန်ကုန်တက္ကသိုလ်တွင် တိုက်ရိုက် လျှောက်ထားရမည်။

သင်တန်းကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလ (၉) လ ကြာမြင့်ပါမည်။

သင်တန်းတက်ရောက်ရမည့် အချိန်မှာ တနင်္လာနေ့မှ သောကြာနေ့၊ နံနက် (၇) နာရီမှ (၉) နာရီအထိ တစ်ပတ်တွင် (၅) ရက် တက်ရောက်ရပါမည်။

အဆိုပါသင်တန်းများကို တက်ရောက်ရန် စိတ်ဝင်စားပါက အသေးစိတ်အချက်အလက်များကို နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာန၊ ဝေသာလီဆောင်၊ ဒဂုံလမ်း၊ ရန်ကုန်တက္ကသိုလ်တွင် သွားရောက်စုံစမ်းနိုင်သည်။

===================================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

> https://t.me/eudcationguide (Telegram)

> https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

> https://shorturl.at/ktCaP

Latest Post University / College Read 13 times