၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း) ၏ သိပ္ပံဘွဲ့ (သစ်တောပညာ) B.Sc Forestry၊ (၄) နှစ်သင်တန်းကို ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသူများအပြင် GCE A Level နှင့် IB Diploma ပြီးထားသူများပါ လျှောက်ထားနိုင်သည်။
ဝင်ခွင့်လျှောက်ထားသူသည် -
- ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် STEAMS- 1 (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ) ဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရမည်။
- တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် (၃၅၀) မှတ်နှင့်အထက် ရရှိသူဖြစ်ရမည်။
- General Certificate of Education Advanced Level (GCE A Level) နှင့် International Baccalaureate (IB) Diploma အောင်မြင်ထားသူများ ဖြစ်ရမည်။
- GCE A Level တွင် Biology (Grade A)၊ Chemistry (Grade A) နှင့် Physics (သို့) Maths (Grade B) ရရှိသူဖြစ်ရမည်။
- IB Diploma တွင် Biology (SL)၊ Chemistry (SL) နှင့် Physics (သို့) Maths (SL) ဖြစ်ပြီး ပျမ်းမျှ 34-36 points ရရှိရပါမည်။
- တက္ကသိုလ်ဝင်ခွင့်ရရှိပါက သက်ဆိုင်ရာ ဘာသာရပ်များနှင့်ပတ်သက်၍ တောတွင်း လက်တွေ့ကွင်းဆင်းဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေး (က) အဆင့်ရှိပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံသူဖြစ်ရမည်။
- မိုင် (၂၀) လမ်းလျှောက်စွမ်းရည် စစ်ဆေးမှု အောင်မြင်ရမည်။
- တက္ကသိုလ်မှ ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။
လျှောက်ထားရမည့်ပုံစံ
လျှောက်လွှာနှင့် အောက်ဖော်ပြပါ စာရွက်စာတမ်းများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ (၁၆) ရက်နေ့ နောက်ဆုံးထား၍ သင်တန်းရေးရာဌာနခွဲ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်သို့ လိပ်မူ၍ စာတိုက်သေတ္တာအမှတ် ၁၅၀၅၀၁ (သို့မဟုတ်) အီးမေးလ်လိပ်စာ [email protected] နှင့် [email protected] သို့ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်။
လျှောက်လွှာသတ်မှတ်ပုံစံကို https://ufes.edu.mm မှာ ရယူပြီး A-4 စာရွက်ဖြင့် ကွန်ပျူတာစာစီ၍ သတ်မှတ်ရက်အတွင်း လျှောက်ထားရမည်။ ၀င်ခွင့်လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများ ပူးတွဲ တင်ပြရမည် -
- တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက် (မိတ္တူ) (ကျောင်းအပ်သည့်အချိန်တွင် မူရင်း တင်ပြရမည်)၊
- ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင် အမှတ်စာရင်း(မိတ္တူ) (ကျောင်းအပ်သည့်အချိန်တွင် မူရင်းတင်ပြ ရမည်)၊
- ပြစ်မှု/ပြစ်ဒဏ်ကင်းရှင်းကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲစခန်း သို့မဟုတ် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်(မူရင်း)၊
- လျှောက်ထားသူနှင့် မိဘနှစ်ပါးတို့၏ နိုင်ငံသားစိစစ်ရေးကတ် (မိတ္တူ)၊
- လိုင်စင်ဓာတ်ပုံ (၄) ပုံ၊
- သက်ဆိုင်ရာမြို့နယ်၊ ပြည်နယ်/တိုင်းမှ ကျန်းမာကြောင်း ဆေးစစ်ချက် (မူရင်း) နှင့် မျက်စိအရောင်ခွဲခြားနိုင်ခြင်း (colour blind) ဆေးစစ်ချက် (မူရင်း)
GCE A Level နှင့် IB Diploma အောင်မြင်ထားသူများသည် ဝင်ခွင့်လျှောက်လွှာကို အဆင့်မြင့်ပညာဦးစီးဌာနသို့ ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး မြန်မာစာ၊ မြန်မာ့ပထဝီဝင်၊ မြန်မာ့သမိုင်းတို့ကို ဖြေဆိုရပါမည်။ အဆင့်မြင့်ပညာဦးစီးဌာနမှ စိစစ်ပေးပို့လာသော လျှောက်လွှာများကိုသာ တက္ကသိုလ်ဘက်မှ လက်ခံရွေးချယ်သွားမည်ဖြစ်သည်။
အကယ်၍ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းသို့ ဝင်ခွင့်မရရှိပါက တက္ကသိုလ်ဝင်ခွင့် ဆုံးရှုံးမှုမဖြစ်စေရန်အတွက် တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့က ကြေညာသတ်မှတ်ထားသော နည်းလမ်းအတိုင်း တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာအိတ်ဖြင့် အခြားတက္ကသိုလ်များသို့လည်း လျှောက်ထားရန်လိုအပ်မည်ဖြစ်သည်။
အသေးစိတ်သိရှိလိုပါက သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ဖုန်း - ၀၆၇ ၃၄၁၆၆၈၁ (သို့မဟုတ်) ၀၆၇ ၃၄၁၆၅၁၉ ကို ရုံးချိန်အတွင်း ဆက်သွယ်စုံးနိုင်ပါကြောင်းနှင့် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၏ Website ဖြစ်သော https://ufes.edu.mm/ တွင် ဝင်ရောက်ကြည့်ရှနိုင်သည်။
========================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။