စစ်ကိုင်းပညာရေးတက္ကသိုလ်က ဘွဲ့လွန်ပညာရေးဒီပလိုမာသင်တန်း Postgraduate Diploma in Education (PGDip.Ed) သင်တန်းကို Blended Learning (Face to Face + Online) စနစ်ဖြင့် (၉) လကြာ ဖွင့်လှစ်သွားပါမည်။
သင်တန်းတက်ရောက်လိုသူများသည် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများဖြစ်ပြီး ပညာရေးနှင့် ပတ်သက်သော လုပ်ငန်းအတွေ့အကြုံ ရှိသူများကို ဦးစားပေး ရွေးချယ်မည်။ အသက်ကန့်သတ်ချက်မရှိသော်လည်း သင်တန်းသားဦးရေ (၂၀၀) ဦးသာ လက်ခံပါမည်။
သင်တန်းကို စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် သင်ကြားပို့ချမည်ဖြစ်ပြီး စနေ၊ တနင်္ဂနွေ (နံနက် ၈ နာရီမှ ၁၂ နာရီအထိ) တက်ရောက်ရပါမည်။ သင်တန်းကြေးမှာ (၄) သိန်းကျပ် ဖြစ်ပြီး သင်တန်းတက်ရောက်ပြီးစီးပါက Postgraduate Diploma in Education (PGDip.Ed) ဘွဲ့လက်မှတ်ကို ရရှိပါမည်။
သင်တန်းတက်ရောက်လိုသူများသည် စစ်ကိုင်းပညာရေးတက္ကသိုလ်၊ သင်တန်းရေးရာဌာနတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၈) ရက်နေ့မှ (၁၆) ရက်နေ့အထိ နိုင်ငံသားစိစစ်ရေကတ်ပြား မူရင်း/မိတ္တူနှင့် ဘွဲ့လက်မှတ် မူရင်း/မိတ္တူတို့ တင်ပြ၍ လျှောက်ထားနိုင်သည်။
သင်တန်းဝင်ခွင့်ရရှိရန် ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲတို့ကို အောက်ပါ သတ်မှတ်ရက်များအတိုင်း စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် သွားရောက် ဖြေဆိုရမည်။
ရေးဖြေခုံအမှတ်စာရင်း - ၂၀.၁.၂၀၂၆
ရေးဖြေစာမေးပွဲကျင်းပမည့်ရက် - ၂၂.၁.၂၀၂၆
ရေးဖြေစာမေးပွဲကျင်းပမည့်အချိန် - နံနက် (၉) နာရီမှ (၁၁) နာရီအထိ (ပညာရေးနှင့်ပတ်သက်သော အတွေထွေ ဗဟုသုတ)၊ မွန်းလွဲ (၁) နာရီမှ (၃) နာရီအထိ (အင်္ဂလိပ်စာ)
ရေးဖြေစာမေးပွဲအောင်စာရင်းထုတ်ပြန်မည့်ရက် - ၂၆.၁.၂၀၂၆
လူတွေ့စစ်ဆေးမည့်ရက် - ၂၈.၆.၂၀၂၆ (နံနက် ၉ နာရီ)
သင်တန်းစတင် ဖွင့်လှစ်မည့်ရက် - ၃၁.၁.၂၀၂၆
သင်တန်းနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက ဒုဌာနမှူး (သင်တန်းရေးရာ) ၀၉-၇၉၇၉၉၆၃၅၈ နှင့် မော်ကွန်းထိန်း (ကျောင်းသားရေးရာ) ၀၉-၄၄၄၆၉၄၈၆၂ တို့ကို ဆက်သွယ်နိုင်သည်။
===========================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။